တိရစ္ဆာန်ရုံမီးလောင်မှုအတွက် ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့တဲ့ သားအမိသုံးယောက်

Facebook/ZooKrefeld

နှစ်သစ်ကူးညမှာ လူတွေကတော့ တော်တော်ပျော်ကြမှာပါပဲ။ ဗျောက်အိုးတွေဖောက်၊မီးရှုးမီးပန်းတွေဖောက်၊မီးပုံပျံတွေလွှတ်နဲ့ အရမ်းကိုပျော်ဖို့ကောင်းကြမှာပါ။ ဒါပေမယ့် ဂျာမနီနိုင်ငံ တိရစ္ဆာန်ရုံတစ်ရုံက တိရစ္ဆာန်လေးတွေကတော့ မပျော်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လူတွေ အပျော်လွန်ပြီး လွှတ်လိုက်တဲ့ မီးပုံးပျံတစ်ချို့က အဲဒီတိရစ္ဆာန်ရုံထဲမှာ ပျက်ကြပြီး တိရစ္ဆာန်လေးတွေ တော်တော်များများမီးလောင်သေဆုံးသွားလို့ ဖြစ်ပါတယ်။

Wir wünschen euch einen guten Rutsch in ein hoffentlich erfolgreiches Jahr 2020. Kommt gut 'rein und feiert fleißig!…

Posted by Zoo Krefeld on Tuesday, December 31, 2019

ဂျာမနီနိုင်ငံ Krefeld မြို့က အာဏာပိုင်တွေပြောပြချက်အရ နှစ်သစ်ကူးည(၁.၁.၂၀၂၀) မနက်(၁)နာရီဝန်းကျင်မှာ လူတစ်ချို့လွှတ်တင်လိုက်တဲ့ မီးပုံးပျံတွေဟာ တိရစ္ဆာန်ရုံထဲကျခဲ့ပြီးတော့ တိရစ္ဆာန်ရုံတစ်ခုလုံးနီးပါး မီးလောင်ကျွမ်းခဲ့ပါတယ်။

*** INFO ***Wir sind tief berührt: Vor dem Zoo haben inzwischen hunderte Besucher Kerzen, Plüschtiere, Nachrichten und…

Posted by Zoo Krefeld on Thursday, January 2, 2020

Facebook/Nad – Ja Wehmeier

အဆိုပါမီးလောင်ကျွမ်းမှုမှာ လူဝံ (၅)ကောင်၊ အသက်(၄၈)နှစ်ရှိပြီဖြစ်တဲ့ ငွေမှင်ရောင် ဂေါ်ရီလာတစ်ကောင်၊ မျောက်အကောင်(၂၀)ကျော်နဲ့ ငှက်တွေတော်တော်များများ မီးလောင်ကျွမ်းပြီး သေဆုံးခဲ့ပါတယ်လို့ အာဏာပိုင်အဖွဲ့က အတည်ပြုပြောကြားခဲ့ပါတယ်။

အဆိုပါမီးလောင်မှုကို စစ်ဆေးမှုတွေပြုလုပ်တဲ့အချိန်မှာ တိရစ္ဆာန်ရုံ အနီးတဝိုက်မှာ ပျက်ကျနေတဲ့ တရုတ်နိုင်ငံထုတ်မီးပုံးပျံအချို့ကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲက ပြောကြားခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတဲ့ အချိန်အတွင်းမှာပဲ သားအမိ(၃)ယောက် ဒီမီးပုံးပျံလွှတ်တင်ရာမှာ သူတို့ပါဝင်ခဲ့တယ်လို့ ဇန်န၀ါရီလ(၂)ရက်နေ့ ကိုယ်တိုင်လာရောက် ဝန်ခံခဲ့ပါတယ်။ အခုချိန်မှာတော့ အဆိုပါ သားအမိ(၃)ယောက်ကို စုံစမ်းမှုတွေ ဆက်လက်ပြုလုပ်နေပြီး ပြစ်မှုထင်ရှားပါက အနည်းဆုံးထောင်ဒဏ်(၅)နှစ်ကျခံရမှာဖြစ်ကြောင်း အာဏာပိုင်အဖွဲ့မှ တရားဝင်ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE