အမေရိကန်နိုင်ငံ၊ New York မြို့ရှိ ရထားလမ်းဖောက်နေတဲ့ မြေအောက်လှိုဏ်ခေါင်းတစ်ခုကို အာဏာပိုင်တွေက ရှောင်တခင်ဝင်ရောက်စစ်ဆေးရာမှ အဆိုပါ ရထားလမ်းဖောက်လုပ်တဲ့ လုပ်ငန်းကိစ္စတွေကို အချိန်အတိုင်းအတာတစ်ခုအထိ ရပ်ဆိုင်းခဲ့ကြပါတယ်။ အကြောင်းကတော့ အဆိုပါ မြေအောက်လှိုဏ်ခေါင်းထဲမှာ လျှို့ဝှက်အခန်းငယ်တစ်ခု တွေ့ရှိခဲ့လို့ပဲ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အာဏာပိုင်အဖွဲ့အစည်းမှ ဆက်လက်စုံစမ်းစစ်ဆေးခဲ့ရာ အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းထဲမှာ တာဝန်ရှိ အလုပ်သမား ၃ ယောက်က အဆိုပါ လျှို့ဝှက်ခန်းကို တည်ဆောက်ခဲ့တာဖြစ်ကြောင်း News.sky.com သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
Additionally, OIG investigators found Grand Central management to be unaware of employees’ access to, or existence of storage rooms, AND that @MetroNorth Security failed to take any steps to investigate the initial complaint. pic.twitter.com/P0MNJGrlfv
— MTA Inspector General (@mtaoig) September 24, 2020
MTA(Metropolitan Transportation Authority) အဖွဲ့ရဲ့ စုံစမ်းစစ်ဆေးချက်အရ အဆိုပါ လျှို့ဝှက်အခန်းငယ်ဟာ တော်တော်လေး ကျယ်ဝန်းပြီး လူ ၃ ယောက်စာ ကောင်းကောင်းနေလို့ရကြောင်း သိရပါတယ်။ ဒါ့အပြင် အဆိုပါ အခန်းထဲမှာ ရေခဲသေတ္တာ၊ မိုက်ခရိုဝေ့ဗ်မီးဖို၊ တီဗ္ဗီ၊ ဆိုဖာ အစရှိတဲ့ လူ့အသုံးဆောင်ပစ္စည်းတွေ မြောက်မြားစွာ ပါရှိပြီး အရက်ပုလင်းတွေနဲ့ ဘီယာပုလင်းတွေပါ တွေ့ရှိခဲ့ရပါတယ်။ ဒီလိုနဲ့ MTA အဖွဲ့ဟာ အဆိုပါ အခန်းကို ဘယ်သူတွေ တည်ဆောက်ခဲ့သလဲဆိုတာကို ဆက်လက်စုံစမ်းခဲ့တဲ့အချိန်မှာတော့ အဆိုပါ မြေအောက်လှိုဏ်ခေါင်းအဖွဲ့ထဲမှာ ပါဝင်တဲ့ မီးကြိုးသွယ်တဲ့ အလုပ်သမားတစ်ယောက်ရယ်၊ လက်သမားဆရာခေါင်းဆောင်တစ်ယောက်နဲ့ လျှပ်စစ်အင်ဂျင်နီယာတစ်ယောက်တို့က ပူးပေါင်းပြီး အဆိုပါအခန်းကို ၃ ယောက်သားအတူတူ တည်ဆောက်ခဲ့တာဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။
MTA Inspector General Carolyn Pokorny released a report finding at least 3 employees used a storage room at @MetroNorth‘s @GrandCentralNYC as their personal “man cave” compete w flat Screen TV, couch, beer in Fridge, exercise equipment, etc.
Read report: https://t.co/K7qmxWQVn3 pic.twitter.com/uxWgLabbX2
— MTA Inspector General (@mtaoig) September 24, 2020
“တော်တော်ဆိုတဲ့ လူတွေဗျာ။ အဲဒီထဲက ၂ ယောက်က ဒီဆောက်လုပ်ရေးအလုပ်သမားအဖွဲ့က ခေါင်းဆောင်တွေဗျ။ သူတို့ရဲ့ အလုပ်ချိန်တွေက ဒီမြေအောက်လှိုဏ်ခေါင်းထဲမှာပဲ နေပြီး အချိန်ကုန်ရတာလေ။ ဒါကို ဆရာသမားတွေက အချင်းချင်း စည်းဝါးရိုက်ပြီး အလုပ်အချိန်ကို ဒီထဲမှာ လာလာနှပ်နေကြတာ။ နောက်ဆုံး သူတို့လက်အောက်က အလုပ်သမားတွေက တိုင်တော့မှ ကျွန်တော်တို့က ကွင်းဆင်းစစ်ဆေးခဲ့တာပါ။ အခုတော့ သူတို့ ၃ ယောက်စလုံးကို ရဲလက်အပ်ထားပြီး ဆက်လက်စစ်ဆေးနေတုန်းပါပဲ”လို့ MTA အဖွဲ့အစည်းမှ အာဏာပိုင်တစ်ဦးက ပြောကြားခဲ့ပါတယ်။
@MetroNorth served 3 employees with disciplinary charges, they have been suspended without pay pending resolution of each of their disciplinary matters. In addition to disciplinary recommendations, OIG also recommended MNR develop a formal process for tracking these complaints. pic.twitter.com/ha0OCTpO1f
— MTA Inspector General (@mtaoig) September 24, 2020
Pyi Hein Kyaw