စိတ်ဓာတ်ကျရင် နားထောင်သင့်တဲ့သီချင်း(၃)ပုဒ်

စိတ်ဓာတ်

စိတ်ဓာတ်ကျတယ်ဆိုတာ ထူးဆန်းတဲ့ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ ကျွန်တော်တို့လူသားအားလုံးစိတ်ဓာတ်
ကျတတ်ကြပါတယ်။ စိတ်ဓာတ်ကျတာမဆန်းပေမယ့်ကျနေတဲ့စိတ်ဓာတ်ကိုပြန်မတင်နိုင်ရင်တော့သင့်အတွက်
အန္တာရယ်ရှိပါတယ်။ ပြန်မတင်နိုင်ရင် စိတ်ဓာတ်ကသင့်ကို အောက်ဆုံးအထိဆွဲခေါ်သွားပါ လိမ့်မယ်။
သင်စိတ်ဓာတ်ကျတဲ့အချိန်တွေမှာ စိတ်ဓာတ်တွေပြန်တက်နိုင်အောင် ကျွန်တော်နားထောင်နေကျ
သီချင်းလေး (၃)ပုဒ်ကိုမျှဝေပေးလိုက်ပါတယ်။

(၁) Try (Pink)

ဒီသီချင်းက Pinkရဲ့ဆိုပုံဆိုပေါက်အတိုင်းမာန်ပါတယ်။ နားထောင်ရင်းနဲ့ စိတ်ဓာတ်တွေပြန်တက်လာနိုင်
လောက် အောင်ကိုကောင်းတယ်။ အထူးသဖြင့် တစ်စုံတစ်ယောက်ကြောင့်စိတ်ဓာတ်ကျနေသူအတွက်
ပိုသင့်တော်တယ်။

“Where there is desire
There is gonna be a flame
Someone’s bound to get burned
But just because it burns
Doesn’t mean you’re gonna die
You’ve gotta get up and try try try
Gotta get u and try try try” ဆိုတဲ့စာသားတွေက တကယ်ကိုရင်ထဲရောက်တယ်။

READ
အရက်နဲ့မူးယစ်ဆေးဝါးတို့ရဲ့ သားကောင်ဘ၀မှ ရုန်းထွက်ခဲ့တာ(၁၀) နှစ်ပြည့်ပြီဆိုတဲ့ အမ်မီနမ်

Download Here

(၂) Titanium –David Guetta (feat-Sia)

ဒီသီချင်းကလည်း ကိုယ့်ကိုယ်ကို ကမ္ဘာ့အမာဆုံးသတ္တုတစ်မျိုးလိုခံစားရစေပါတယ်။
I’m bulletproof, nothing to lose
Fire away, fire away,
Ricochet, you take your aim
Fire away, fire away
You shoot men down but I won’t fall
I am titanium
ဆိုတဲ့စာသားတွေနဲ့ တီးလုံးအလန်းတွေက သင့်ကို ပြန်လည်တက်ကြွစေမှာ ဖြစ်ပါတယ်။

Download Here

(၃) အမည်မသိ

ဒီသီချင်းလေးကတော့ မြန်မာသီချင်းလေးပါ။ ကျွန်တော်ခေါင်းစဉ်ကိုမသိပါဘူး။ ဒါပေမယ့် ဒီသီချင်းကို
VOA ရဲ့ “စကားပြောကြရအောင်” အစီအစဉ်ကနေ theme songs လေးအဖြစ်ကြားခဲ့တာပါ။ နောက်တော့
ဒီသီချင်းကို ကျွန်တော်ရအောင်ရှာခဲ့ပါတယ်။ သီချင်းရဲ့အဓိပ္ပါယ်ကို သေချာနားထောင်ရင်းနဲ့စိတ်ဓာတ်တွေ
ပြန်လည်တက်ကြွလာမယ့်သီချင်းမျိုးပါ။

READ
အရုပ်မသီးသန့် ဖက်ရှင်ဒီဇိုင်းတွေကို အသေးစိတ်ထွင်ပေးနေတဲ့ မလေးဒီဇိုင်နာ

Download Here

 

မိုးရှင်း (I.M.T)

SHARE