ရှားစောင်းလက်ပပ်က ဆံပင်တွေကို အရှည်မြန်စေတယ်ဆိုတာ သင်သိပါသလား

ဆံပင်ရှည်လာဖို့ဆိုရင်တော့ စိတ်ရှည်ရပါတယ်။ ဆံပင်အတို ညှပ်လိုက်မိလို့ ပြန်ရှည်ချင်တယ်ဆိုရင်တော့ နှစ်ချီေ
စာင့်ရပါတယ်။ ဒါပေမယ့် သာမန်ထက် ဆံပင်အရှည်မြန်စေတဲ့ နည်းလေးလည်း ရှိနေပါတယ်။ ဆံပင်ရှည်မြန်ချင်တယ်ဆိုရင်တော့ ဒီနည်းလေးကို သုံးကြည့်ပါ။ ရှားစောင်းလက်ပပ်ကတော့ ဆံသားကို ကောင်းလာစေတဲ့အပြင် ဆံပင်သန်လာစေပါတယ်။

(၁) ကြက်ဥနဲ့ ရှားစောင်းလက်ပပ်

Shutterstock

ပါဝင်ပစ္စည်းများ – ရှားစောင်းလက်ပပ် (စားပွဲတင်ဇွန်း ၄ ဇွန်း) ၊ သံလွင်ဆီ (စားပွဲတင်ဇွန်း ၃ ဇွန်း) ၊ ကြက်ဥ အနှစ် (၁လုံး) ၊ Shower Cap ။
– ဇလုံတစ်ခုထဲမှာ ပါဝင်ပစ္စည်းအားလုံးကို ထည့်ရောပေးပါ။
– ဦးရေပြားနဲ့ ဆံပင်ပေါ်ကို လိမ်းပေးပါ။ ခေါင်းတစ်ခုလုံး နှံ့သွားပြီး ဆိုရင် shower cap နဲ့ အုပ်ပေးထားပါ ။
– (၂၀-၂၅)မိနစ်လောက် နှပ်ထားပေးပါ။
– ပြီးရင်တော့ ခေါင်းလျှော်ရည်နဲ့လျှော်ပေးပါ။ ရေအေးကိုပဲ သုံးပေးပါ။
– နောက်ဆုံးမှာ Conditioner ကို သုံးပေးပါ။
– တစ်ပတ်ကို (၁)ကြိမ်လောက်ပဲ လုပ်ပေးပါ။

READ
သင့်အသားအရေဟာ ဘယ်အမျိုးအစားထဲမှာ ပါနေသလဲဆိုတာ ခွဲခြားနည်း

(၂) သံပရိုရည်နဲ့ ရှားစောင်းလက်ပပ်

Shutterstock

ပါဝင်ပစ္စည်းများ – ရှားစောင်းလက်ပပ် (စားပွဲတင်ဇွန်း ၂ ဇွန်း) ၊ သံပရိုရည် (စားပွဲတင်ဇွန်း ၁ ဇွန်း) ။
– ဇလုံတစ်ခုထဲမှာ ပါဝင်ပစ္စည်းအားလုံးကို ရောပေးပါ။
– ဦးရေပြားနဲ့ ဆံပင်ပေါ်ကို လိမ်းပေးပါ။ ဦးရေပြားကို မိနစ် အနည်းငယ်လောက်နှိပ်နယ်ပေးပါ ။
– နှိပ်နယ်ပြီးသွားရင်တော့ မိနစ် (၂၀)လောက် နှပ်ထားပေးပြီးရင် ခေါင်းလျှော်ပေးပါ။
– တစ်ပတ်ကို တစ်ကြိမ်လုပ်ပေးပါ။

(၃) ပန်းသီးရှာလကာရည်နဲ့ ရှားစောင်းလက်ပပ်

Shutterstock

ပါဝင်ပစ္စည်းများ – ရှားစောင်းလက်ပပ် (၁ခွက်) ၊ ပန်းသီးရှာလကာရည် (စားပွဲတင်ဇွန်း ၂ ဇွန်း ) ၊ ပျားရည် (စားပွဲတင်ဇွန်း ၁ ဇွန်း) ။
– ဇလုံတစ်ခုထဲမှာ ပါဝင်ပစ္စည်းအားလုံးကို ရောပေးပါ။
– ဒီအနှစ်နဲ့ဦးရေပြားနဲ့ ဆံပင်အနှံ့ကို လိမ်းပေးပြီး မိနစ်အနည်းငယ်လောက် ဦးရေပြားကို နှိပ်နယ်ပေးပါ။
– ပြီးရင်တော့ ခေါင်းလျှော်ရည်နဲ့ လျှော်ပေးပါ။
– နောက်ဆုံးမှာတော့ conditioner နဲ့အဆုံးသတ်ပေးပါ။
– နှစ်ပတ်ကို (၁)ကြိမ်လောက် လုပ်ပေးပါ။

READ
ငယ်စဉ်အခါမှာ မိမိကိုယ်ကို သတိပေးသင့်တဲ့ အသိတရားများ

Hannwe Soe

SHARE