Blackhead တွေကို အမြစ်ပျောက်အောင် အထိရောက်ဆုံး ကုသပေးနိုင်မယ့် နည်း (၃)မျိုး

jcomp_Freepik

ဘယ်လိုတွေပဲ Skincare တွေသုံးနေပါစေ ၊ Blackhead (အဆံမည်းဆားဝက်ခြံ) မပျောက်သွားဘူးဆိုရင် ဒီနည်းလေးကို မျှဝေပေးချင်ပါတယ်။ ဒီနည်းတွေကတော့ သဘာဝပစ္စည်းလေးတွေဖြစ်လို့ ဘေးထွက်ဆိုးကျိုးတွေ မရှိပါဘူး။ တစ်ခါတည်းနဲ့လည်း အမြစ်ပျောက်သွားနိုင်ပါတယ်။

(၁) Baking Soda

Image by Monfocus from Pixabay

Bakig Soda ကတော့ မုန့်ဖုတ်ဖို့အတွက်ပဲ သုံးလို့ရတာမဟုတ်ပါဘူး။ သူ့အစွမ်းတွေကတော့ အံ့မခန်းပါပဲ။ Baking Soda က ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး အသားရည်ကို နုနုလေးဖြစ်စေပါတယ်။ ပုံမှန်သုံးပေမယ့်ဆိုရင် Say Goodbye to Your Blackhead လို့တောင် ခေါင်းစဉ်တပ်လို့ရပါပြီ။
– ဇလုံထဲကို Baking Soda (စားပွဲတင်ဇွန်း ၁ ဇွန်း) နဲ့ ရေအနည်းငယ်တို့ကို အနှစ်ပျစ်အောင်ရောပေးပါ။ အနှစ်ရသွားရင် နှာခေါင်းပေါ်ရှိနေတဲ့ ဆားဝက်ခြံအမည်းပေါ်ကို လိမ်းပေးပြီး (၁၀)မိနစ်လောက် အခြောက်ခံပေးပါ။ ပြီးရင်တော့ ရေနွေးနွေးလေးနဲ့ဆေးပေးပါ။ တစ်ပတ်ကို (၁-၂)ကြိမ်လုပ်ပေးပါ။

READ
သမီးအရင်းကို အဓမ္မပြုကျင့်ခဲ့ကြောင်း ဝန်ခံသည့် အိန္ဒိယရဲအရာရှိကို ဖမ်းဆီးအရေးယူ

(၂) သံပရိုရည်

Image by Photo Mix from Pixabay

သံပရိုရည်မှာ alpha-hydroxy acid (AHA) citric acid တို့ပါတာကြောင့် ဆဲလ်သေတွေကို သဘာဝအတိုင်းဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် ချွေးပေါက်ပိတ်တာတွေကို ဖယ်ရှားပေးနိုင်တယ်။ သံပရိုရည်က ဗီတာမင် စီပါတာကြောင့် အသားအရေကို ကျန်းမာလာစေပြီး ၀က်ခြံတွေကိုလည်း လျော့နည်းလာစေတယ်။
– ပထမဆုံး မျက်နှာသစ်ပါ ၊ ပြီးရင် သံပရိုသီးကို အရည်ညှစ်ပြီး ခွက်ထဲထည့်ထားပါ။ ဂွမ်းနဲ့ သံပရိုရည်ကို တို့ပြီး Blackhead နေရာကို လိမ်းပေးပါ။ (၁၀)မိနစ်လောက် အခြောက်ထားပြီး ရေအေးနဲ့ မျက်နှာသစ်ပေးပါ (ဒါမှမဟုတ်) တစ်ညလုံးလိမ်းထားပြီး မနက်ရောက်မှ မျက်နှာသစ်ပေးနိုင်ပါတယ်။ တစ်နေ့ကို (၁)ကြိမ်ပဲလုပ်ပေးပါ။

(၃) ဆား

Image by Philipp Kleindienst from Pixabay

ဆား ကတော့ Blackhead တွေကို အမြစ်ပျောက်အောင် ဖယ်ရှားပေးနိုင်ပါတယ်။
– ဆား (လက်ဖက်ရည်ဇွန်း ၁ ဇွန်း )နဲ့ ရေနွေး (ခွက်တစ်ဝက်) တို့ကို ရောပေးပါ။ ဆားတွေအကုန် ရေထဲပျော်ဝင်သွားရင် ၊ နွေးနွေးဖြစ်သွားအောင် အအေးခံထားပါ။ Blackhead နေရာကို လိမ်းပေး ပြီး အခြောက်ခံထားပါ။ ပြီးရင် ရေနွေးလေးနဲ့ မျက်နှာသစ်ပေးပြီး အ၀တ်နဲ့ အသာအယာလေးသုတ်ပေးပါ။

READ
ပိုစတာထဲက ပျောက်ဆုံးနေတဲ့ မျက်နှာကို အချိန်တိုအတွင်း ရှာနိုင်ပါ့မလား ?

Hannwe Soe

 

SHARE