တောင် ၂၆ လုံးတိတိကို တက်ခဲ့ပြီးဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံမှ ၃ နှစ်သားလေး

အသက် ၃ နှစ်အရွယ်မှာပဲ ဖိလစ်ပိုင်နိုင်ငံက ၀ပ်မက်ထရဗ် ဒီလော့စ် ရေး ဘီဒူရယ် (Wyatt Maktrav de los Reyes Bedural) ဆိုသူ ကောင်လေးဟာ တောင်ပေါင်း ၂၆ လုံးကိုတက်နိုင်ခဲ့သူအဖြစ် စံချိန်တင်ခဲ့ပါတယ်။ပထမဆုံး ၀ပ်မက်ထရဗ် တက်ခဲ့တဲ့ တောင်ကတော့ ဖိလစ်ပိုင်နိုင်ငံ လူဇွန်ကျွန်း ကာဗိုက် ပြည်နယ်ရှိ ပီကိုဒဲ လိုရို တောင်(Pico de Loro) ကို ၈ လအရွယ်မှာတက်ခဲ့တာ ဖြစ်ပါတယ်။ဟုတ်ပါတယ် အသက် ၈ လကတည်းနဲ့ ဒီကောင်လေးကို တောင်ကို ဘယ်လိုတက်မှာလဲဆိုတဲ့စာဖတ်သူစိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ မေးခွန်းအတိုင်း ၀ပ်မက်ထရဗ် ဟာ တောင်ပေါ်ကို တကယ် လမ်းလျှောက်ပြီး တက်ခဲ့တာ မဟုတ်ပေမဲ့ တောင်တက်ရတဲ့ ခက်ခဲမှုကို မျက်မြင်ကြုံခဲ့ပြီး အသက်အငယ်ဆုံးတောင်တက်သူအဖြစ် စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။

တောင်တက်ဝါသနာပါတဲ့ မိဘများကြောင့် ၀ပ်မက်ထရဗ် ဟာ အသက် ၃ နှစ်အရွယ် ပြည့်တဲ့ အရွယ်မှာပဲ တောင်ပေါင်း ၂၆ လုံးတိတိကို တက်ရောက်နိုင်ခဲ့သူ အဖြစ်မှတ်တမ်းတင်ခဲ့ပါတယ်။ဝပ်မက်ထရဗ် ဟာ အသက် ၁ နှစ်နဲ့ ၁၁ လအရွယ်မှာပဲ ဖိလစ်ပိုင် အမြင့်ဆုံးတောင်ဖြစ်တဲ့ ပေ ၉၆၉၂ ပေမြင့်တဲ့ ဖိလစ်ပိုင်နိုင်ငံ မင်ဒါနာအိုကျွန်းရှိ အာပိုတောင်ကို တက်ခဲ့သူအဖြစ် တရားဝင်မဟုတ်သေးပေမဲ့ မှတ်တမ်းတင်ခဲ့သူလည်းဖြစ်ပါတယ်။

READ
V-Day မှာ ဘေဘီရအောင် ကြိုးစားနိုင်တဲ့ အတွဲတွေကို အထူးပရိုးမိုးရှင်း ပေးမယ့် ဟိုတယ်

အင်တာနက်အသုံးပြုသူတွေဟာ အသက်ငယ်ငယ်လေးနဲ့ တောင်တက်နေတဲ့ ၀ပ်မက်ထရဗ် ကို အံ့ဩခဲ့ကြပြီး တစ်ချို့တော့ အသုံးပြုသူတွေကတော့ ကလေးရဲ့ မိခင်တွေက ၀ပ်မက်ထရဗ်ရဲ့ လုံခြုံရေးအတွက် အစစအရာရာ ပြင်ဆင်သွားကြတာ မှန်ပေမဲ့ တောင်တက်ရတာဟာ လွယ်ကူတဲ့ အလုပ်တစ်ခု မဟုတ်တဲ့အတွက် ကလေးရဲ့ လုံခြုံရေးအတွက် စိုးရိမ်ကြောင်းပြောဆိုခဲ့ပါတယ်။

မက်ထရဗ် ရဲ့ မိဘ နှစ်ပါးကတော့ သားဖြစ်သူကို တောင်တက်သမားတစ်ယောက်ဖြစ်စေချင်တဲ့ ဆန္ဒပြင်းပြလွန်းတဲ့အတွက် “Maktrav” ဆိုတဲ့ နာမည်ကိုတောင် တောင်တက်စခန်းတစ်ခုဖြစ်တဲ့ “Makiling Traverse”  ရဲ့ နာမည်ကိုယူပြီး ပေးခဲ့တာ ဖြစ်တယ် လို့ပြောဆိုခဲ့ပါတယ်။

Slash (Shwemom)

Ref : Rach Feed

SHARE