အိမ်မွေးခွေးလေးနှစ်ကောင်ကြောင့် ဘေးမသီဘဲ မိဘတွေနဲ့ပြန်တွေ့ခဲ့တဲ့ (၃) နှစ်သားလေး

Facebook- Walton County Sheriff, Michael A. Adkinson, Jr.

ပြီးခဲ့တဲ့အပတ် ဗုဒ္ဓဟူးနေ့တုန်းက Ponce De Leon, Florida မှာ ကလေးပျောက်မှုဖြစ်ပွားခဲ့ပါတယ်။ ကလေးလေးဟာ အသက် ၃ နှစ်အရွယ်သာရှိနေသေးတဲ့အပြင်ကိုမှ ကလေးလေးဟာ autism ဖြစ်နေခဲ့တာပါ။

Facebook- Walton County Sheriff, Michael A. Adkinson, Jr.

Walton County Sheriff, Michael A. Adkinson, Jr. ရဲ့ ထုတ်ပြန်ချက်အရ ကလေးလေးဟာ နေ့ကလေးထိန်းကျောင်းမှာ မိဘတွေကအပ်ထားရင်း ပျောက်သွားခဲ့တာပါ။ ကလေးလေးပျောက်သွားတုန်းက သေးခံလေးနဲ့ပဲဖြစ်ပြီး စစချင်း ကလေးထိန်းကျောင်းဖက်က သူတို့ဟာသူတို့ ၁ နာရီလောက် ရှာခဲ့ကြပါသေးတယ်တဲ့။ မတွေ့တော့မှ မိဘတွေနဲ့ရဲဌာနကိုအကြောင်းကြားလာခဲ့တာပါ။

ဒီအကြောင်းကြားကြားခြင်း မိဘတွေခင်ဗျာ ခေါင်းနားပန်းကြီးသွားခဲ့ပြီး ရဲတွေရော၊ လုပ်အားပေးတွေရော၊ အိမ်နီးနားချင်းတွေရော အကုန်လုံးပိုက်စိပ်တိုက်လိုက်ရှာခဲ့ပါတော့တယ်။ ကလေးလေးပျောက်သွားတော့လည်း အိမ်ကခွးလေးနှစ်ကောင်ကလည်း ပျောက်ချင်းမလှပျောက်သွားခဲ့တဲ့အတွက် မိဘတွေက ရဲကိုပြောခဲ့ပါတယ်။ ဒါကြောင့် ရဲဖက်ကနေပြီးတော့ Facebook မှာ ကလေးပျောက်ကြော်ငြာလေးမှာ ခွေးနဲ့အတူရှိနိုင်တယ်ဆိုပြီးလည်း ထပ်ပြောလာခဲ့ပါတယ်။

READ
ခွေးပိုင်ရှင်တွေက ကြောင်ပိုင်ရှင်များထက် ပိုပြီး စွဲဆောင်မှုရှိကြဟု စစ်တမ်းတစ်ခုတွေ့ရှိ
Facebook- Walton County Sheriff, Michael A. Adkinson, Jr.
Facebook- Walton County Sheriff, Michael A. Adkinson, Jr.

ရှာရင်းနဲ့မှပဲ အိမ်နီးနားချင်းဖြစ်သူဟာ ကလေးလေးကို နေအိမ်နဲ့ ၁ မိုင်ခန့်အကွာလောက်မှာ တွေ့ခဲ့ပါတယ်။ ဒီအပြင် ကလေးလေးအနားမှာလည်း ကလေးလေးတို့အိမ်မှာ မွေးခဲ့တဲ့ ခွေးလေး ၂ကောင် Nala နဲ့ Buckwheat ကိုလည်း ကလေးေးလဘေးမှာ ငြိမ်ငြိမ်လေးစောင့်ကြည့်နေတာကို တွေ့ခဲ့ကြပါတယ်တဲ့။

Facebook- Walton County Sheriff, Michael A. Adkinson, Jr.

ခွေးလေးနှစ်ကောင်ဟာ ကလေးလေးပျောက်ကတည်းက ကလေးလေးအနားမှာနေနေပေးခဲ့ပြီး တောက်လျှောက်ကာကွယ်ပေးခဲ့ဟန်တူပါတယ်လို့ အကုန်ုလုံးက ကောက်ချက်ချခဲ့ကြပါတော့တယ်။ ကလေးလေးဟာ အနည်းငယ်ညစ်ပတ်နေရုံမှလွဲပြီး ဘာမှဒဏ်ရာဒဏ်ချက်လည်းမရှိပါဘူးတဲ့လေ။ ကံသီလို့ပေသာပေါ့။

A safe return home.The dog was found still with the child. ♥️Scene cleared.

Posted by Walton County Sheriff, Michael A. Adkinson, Jr. on Wednesday, June 3, 2020

Penny 

READ
ပီဇာစားချင်လွန်းလို့်ဆိုပြီး ရဲစခန်းအရေးပေါ်ကို ဖုန်းခေါ်ခဲ့တဲ့ (၅) နှစ်သားလေး

 

SHARE