ွGTA ဗီဒီယိုဂိမ်းကိုပဲ စွဲစွဲမြဲမြဲ ကစားရတာ ကြိုက်နှစ်သက်တယ်ဆိုတဲ့ (၃)နှစ်သမီးလေး

Pixabay-StartupStockPhotos

Grand Theft Auto ဗီဒီယိုဂိမ်းကိုတော့ Gamer တော်တော်များများ ကစားဖူးကြမှာ ဖြစ်သလို ကျွန်တော်တို့ ငယ်ဘဝတွေမှာ ဘယ်လောက်ဆော့ဆော့ မရိုးနိုင်တဲ့ ဗီဒီယိုဂိမ်းဆိုရင်လည်း Grand Theft Autu ကားသူခိုးဂိမ်းကိုပဲ ညွှန်ပြရမှာပါ။ ကားတွေလျှောက်ခိုး၊ လူတွေလိုက်သတ်၊ ရဲတွေနဲ့ ရန်ဖြစ် အစရှိတဲ့ Game activities တွေက ဘယ်တော့မှကို မရိုးနိုင်တဲ့ အရာတွေပါ။ ဒါပေမယ့် အဖေဖြစ်သူတစ်ယောက်က အသက် ၃ နှစ်အရွယ်သာ ရှိသေးတဲ့ သူ့သမီးလေးအား ဒီလိုမျိုးဂိမ်းကိုဆော့ဖို့ ကြည်ကြည်ဖြူဖြူ ခွင့်ပြုထားတယ်လို့ပြောရင် ဘယ်သူမှယုံနိုင်မှာတောင် မဟုတ်ပါဘူး။ အမှန်တော့ အဲဒီဂိမ်းကို အဖေဖြစ်သူက သူ့သမီးလေးကို တစ်ကယ်ကို ပေးဆော့ခဲ့တာဖြစ်ကြောင်း Sora News 24 သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Pixabay-Pexels

လူတော်တော်များများကတော့ ဒီဂိမ်းကိုဆော့မယ်ဆိုရင် Grand Theft Auto ဂိမ်းထဲက missions တွေကို လိုက်ဆော့ရင်ဆော့၊ မဟုတ်ရင် ဒီအတိုင်း ကိုယ်ကြိုက်တဲ့ အရာတွေဖြစ်တဲ့ တစ်ခြားလူတွေကိုကားနဲ့လိုက်တိုက်တာတို့၊ သေနတ်တွေကိုခိုးပြီး တွေ့သမျှလူ လိုက်ပစ်တာတို့၊ ရဲတွေနဲ့ စိန်ပြေးလိုက်တမ်းဆော့တာတို့ အစရှိတာတွေကိုပဲ ဆော့မှာ ကျန်းသေပါတယ်။ အခုပြောပြချင်တဲ့ ကလေးမလေးကတော့ Grand Theft Auto ဂိမ်းကို အဲဒီလိုပုံစံမျိုးနဲ့ လုံးဝဆော့ကစားခဲ့တာ မဟုတ်ကြောင်း @sakai0129 လို့ အမည်ရတဲ့ twitter အကောင့်ပိုင်ရှင်ပြောပြချက်အရ သိရှိရပါတယ်။

READ
တက္ကသိုလ်ကနေ အလည်ပတ်ပြန်လာတဲ့ သားဖြစ်သူကို အိမ်ထဲဝင်ခွင့်မပေးခဲ့တဲ့ ဖခင်

“ကျွန်တော့်သူငယ်ချင်းတစ်ယောက်နဲ့ သူ့သမီးအကြောင်း စကားဆက်စပ်မိလို့ ပြောနေတုန်း သူက အသက် ၃ နှစ်အရွယ်သာရှိသေးတဲ့ သူ့သမီးလေးကို Grand Theft Auto ဂိမ်းဆော့ဖို့ ကြည်ကြည်ဖြူဖြူ ခွင့်ပြုပေးထားတယ်ဆိုတာ သိလိုက်ရတော့ တော်တော် shock ရသွားတယ်။ အဲဒါနဲ့ ဒီလောက်ကြမ်းတဲ့ ဂိမ်းကိုပေးဆော့တော့ မင်းကလေးပျက်ဆီးသွားမှာပါလို့ပြောတော့ သူပြန်ပြောတဲ့ စကားတြွေော့င့် ကျွန်တော် ထပ်ပြီး shock ရသွားပါတယ်။ သူ့သမီးက Grand Theft Auto ဂိမ်းဆော့ရင် ဘယ်တော့မှ ကားတွေကို လမ်းမပေါ်ကနေ ခိုးပြီးမဆော့ဘူးတဲ့။ ကားမောင်းနေတုန်း မီးနီတွေ့ရင်လည်း မီးနီမှာရပ်ပြီး မီးစိမ်းမှ ထွက်တာတဲ့။ ပြီးတော့ ဟယ်လီကော်ပတာနဲ့ ရထားစီးရင်လည်း နေရာအနှံ့မှာရှိတဲ့ မြို့ရဲ့အလှ၊ တောင်တန်းကြီးတွေနဲ့ ပင်လယ်ကြီးကို အလှကြည့်ဖို့စီးတာတဲ့။ ကျွန်တော်ဘာပြန်ပြောရမှန်းတောင်မသိပါဘူး”လို့ အဆိုပါ အမျိုးသားက သူ့ရဲ့ Twitter အကောင့်မှာ ဖော်ပြခဲ့ပါတယ်။

READ
ရည်းစားရှာမရလို့ လူနေအိမ်ခြေထဲထိ ၀င်လာပြီး ဒေါသပေါက်ကွဲခဲ့တဲ့ တောဆင်ရိုင်းကြီး

 

Pyi Hein Kyaw

SHARE