ကျောင်းမှာ အမြဲအနိုင်ကျင့်ခံနေရတဲ့ ကလေးငယ်ကို Batman လိုဝတ်ပြီး ကာကွယ်ပေးခဲ့သူ

facebook/The Batman Of Spring Hill

စူပါဟီးရိုးရုပ်ရှင်တွေကို ကြည့်ပြီး ကြီးပြင်းလာခဲ့တဲ့ ကလေးအများစုက အန္တရာယ်တစ်ခုခုနဲ့ ကြုံလာတဲ့အခါ သူတို့ကို လူစွမ်းကောင်းတစ်ယောက်ယောက်က လာကယ်ပေးလိမ့်မယ်လို့ စိတ်ကူးယဉ်တတ်ကြပါတယ်။ လက်တွေ့လောကထဲမှာလည်း ရုပ်ပြတွေထဲက စူပါဟီးရိုးတွေလို မိမိရဲ့လူမှုပတ်ဝန်းကျင်ကို အဆင်ပြေသာယာမှုရှိအောင် ဆောင်ရွက်နေသူတွေ ရှိပါတယ်။ ဒီလိုလူတွေထဲက တစ်ယောက်ကတော့ အသက်(၃) နှစ်အရွယ်ကောင်မလေး လစ်ဒီယာနဲ့ တွေ့ဆုံခဲ့တာကို storypick ကနေတဆင့် သိခဲ့ရပါတယ်။

facebook/The Batman Of Spring Hill

လစ်ဒီယာဟာ မူကြိုကျောင်းတက်နေတာပါ။ ဒါပေမယ့် ကလေးမလေးက သနားစရာပဲ ကျောင်းမှာအမြဲအနိုင်ကျင့်ခံရပါတယ်။ တစ်ခါတစ်လေ အိမ်ကိုပြန်လာတဲ့အခါ ဒဏ်ရာဒဏ်ချက် တစ်ခုမဟုတ် တစ်ခုတော့ ပါလာစမြဲပါပဲ။ တစ်နေ့တော့ အတန်းဖော်ကောင်မလေးတစ်ယောက်က သူမကို ဖိနပ်နဲ့ပစ်ပေါက်လို့ဆိုပြီး လစ်ဒီယာဟာ မျက်လုံးတစ်ဖက် အညိုအမည်းစွဲကာ အိမ်ကို ပြန်လာခဲ့ပါတယ်။

facebook/The Batman Of Spring Hill

သမီးဖြစ်သူ လစ်ဒီယာရဲ့ ပုံကို မြင်လိုက်ရတော့ မိခင်ဖြစ်သူ အီရစ်ကာဟာ စိတ်မကောင်းဖြစ်လွန်းလို့ အကျိုးအကြောင်းစာရေးပြီး လစ်ဒီယာလေးရဲ့ ပုံကို ဆိုရှယ်မီဒီယာပေါ်မှာ တင်ခဲ့ပါတယ်။ ဒီကိစ္စကို ဒေသခံ လင်းနို့လူသားအတုဝိဇ္ဇာတစ်ဦးကနေ တွေ့သွားပြီး လစ်ဒီယာလေးကို အကူအညီပေးခဲ့တာ ဖြစ်ပါတယ်။

READ
မိဘတွေနဲ့တူ လယ်ယာလုပ်ငန်းခွင်မှာ ဘွဲ့ဓာတ်ပုံတွေ တကူးတကရိုက်ခဲ့တဲ့ ကောင်မလေး
facebook/The Batman Of Spring Hill

လင်းနို့လူသားပုံစံအယောင်ဆောင်လာတဲ့ ထိုအမျိုးသားဟာ ကလေးမလေးရဲ့ လက်ကိုဆွဲပြီး သူမရဲ့ အတန်းဖော်တွေ နောက်ကို အနိုင်မကျင့်ရဲအောင် ကျောင်းအထဲထိ လိုက်ပို့ခဲ့တာပါ။ လစ်ဒီယာလေးရဲ့ အတန်းဖော်တွေကိုတော့ သူဟာ လစ်ဒီယာရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်ကြောင်းနဲ့ သူမအဆင်ပြေ မပြေကို နောက်တစ်ခေါက် လာကြည့်ဦးမည်ဖြစ်ကြောင်းနဲ့ ကလေးတွေကို သတိပေးကာ ပြန်ထွက်သွားခဲ့ပါတယ်။

အဆိုပါ ဒေသခံလင်းနို့လူသားက “ကျွန်တော် စစချင်း ကလေးဘေးနားမှာ ဒူးထောက်ထိုင်ချပြီး ကလေးကို စကားပြောပါတယ်။ ကျောင်းကို ကျွန်တော်လိုက်ပို့ပေးမယ်။ အားလုံးအဆင်ပြေသွားမှာပါလို့လည်း ပြောခဲ့ပါတယ်။ ကလေးက ပထမတော့ ရှက်သလို စိတ်လှုပ်ရှားနေသလိုပါပဲ။ ဒါပေမယ့် ကျွန်တော်က သူ့ကို လက်ဆောင်လေးတစ်ခုလည်း ပေးလိုက်ရော ကလေးက နည်းနည်းသက်တောင့်သက်သာ ဖြစ်သွားပုံရပါတယ်…” လို့ ပြောပြပါတယ်။

facebook/The Batman Of Spring Hill

လင်းနို့လူသားကြီးဟာ လစ်ဒီယာလေးကို Supergirl ၀တ်စုံလေးတစ်စုံ လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ နောက်တစ်နေ့မနက် ကျောင်းအရောက်မှာတော့ ကောင်လေးတစ်ယောက်က လစ်ဒီယာကို သူငယ်ချင်းလို့ခေါ်ကာ အတန်းထဲဆွဲခေါ်သွားတယ်လို့ အီရစ်ကာက ပြောပြပါတယ်။ မိခင်ဖြစ်သူ အီရစ်ကာကတော့ သမီးဖြစ်သူဟာ အခုသူငယ်ချင်းရနေပြီဖြစ်ပြီး လစ်ဒီယာကို သူများ အနိုင်ကျင့်မခံရအောင် ကာကွယ်ပေးခဲ့တဲ့ ဒေသခံလင်းနို့လူသားကြီးကို ကျေးဇူးတင်လျက်ရှိနေကြောင်းလည်း သိရပါတယ်။

I made a new friend today. This is Lydia. I was heart broken when I saw her mothers post she was being bullied in…

Posted by The Batman Of Spring Hill on Wednesday, August 28, 2019

လင်းလင်း (ShweMom)

SHARE