ဆန့်ကျင်ဘက်လိင်တွေကို အဆွဲဆောင်နိုင်ဆုံး ရာသီခွင်(၃)မျိုး

pixabay/StockSnap

ရာသီခွင် 12 ပါးထဲမှာ ဂြိုဟ်ဝင်ဂြိုဟ်ထွက်၊ ရာသီခွင် သဘောသဘာဝအရ ဆန့်ကျင်ဘက် လိင်အသီးသီးကို စွဲဆောင်မှု အပေးနိုင်ဆုံး ရာသီခွင်က သုံးခုတည်း ရှိပါတယ်။ တစ်ခြားရာသီခွင်တွေက သူ့တို့ရဲ့ မူလသဘောသဘာဝအရ ထိုက်သင့်သလောက် စွဲဆောင်မှုတွေ ရှိနိုင်ပေမယ့် ယခုဖော်ပြမယ့်၊ ရာသီဖွားတွေရဲ့ စန်းပွင့်မှုကိုတော့ မယှဉ်နိုင်ဘူးလို့ ဆိုပါတယ်။ အဆိုပါ ရာသီခွင် သုံးခုအကြောင်းကို Shwemom က ဖော်ပြပေးလိုက်ပါတယ်။

(၁) ဗြိစ္ဆာရာသီဖွားများ (Scorpio)

freepik/@freepic.diller

ဗြိစ္ဆာရာသီဖွားတွေဟာ စိတ်ကြီးပါတယ်။ အနေတည်ပါတယ်။ စကားနည်းပါတယ်၊ ပဟေဠိတွေ ရှိသလိုလို အနေအထိုင်ကြောင့် လူစိတ်ဝင်စားခံရမှု ပိုများပါတယ်။ အပေါင်းအသင်းလည်း နည်းပြီး၊ ကိန်းကြီးခန်းကြီးနိုင်သလို ဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် စိတ်ရင်းသဘောထား ကောင်းမွန်ကြပြီး၊ တည်တည်တံ့တံ့နေတာကိုက လူကြားထဲမှာ စန်းပွင့်စေတဲ့ အချက်လို့ ဆိုရမှာပါ။

READ
အန္တရာယ်များတဲ့ ဂျယ်လီငါးကို ဖမ်းဆီးနည်း ညွှန်ပြခဲ့တဲ့ အမျိုးသား

(၂) ဓနုရာသီဖွားများ ( Sagittarius)

freepik/@benzoix

ဓနုရာသီဖွားတွေကတော့ ချစ်စရာ စကားတွေ အပြောတတ်ဆုံး ရာသီဖွားတွေ ဖြစ်ပါတယ်။ ဘာပဲပြောပြော သူတို့ ပြောသမျှဟာ နားထဲစွဲနေစေလောက်အောင် စွဲဆောင်မှုရှိကြပါတယ်။ ဟာသအမြင်လဲ ရှိကြပြီး၊ လူတကာကို ပွဲကျအောင် ပြောနိုင်တဲ့ စွမ်းရည်သတ္တိတွေ သူတို့မှာ အပြည့်ရှိပါတယ်။ ဟိတ်ဟန်မကြီးဘူး၊ ပွင့်လင်းရိုးသားကြတယ်၊ ဘယ်သူ့ကိုမှ ထိခိုက်နစ်နာစေလိုတဲ့ စိတ်သဘောထားမျိုး မရှိဘူး၊ စိတ်ရင်းစေတနာ ကောင်းကြတယ် … ဒီအချက်တွေဟာ လူတစ်ယောက်က သူတို့အကြောင်း ဂဃနဏ သိသွားတဲ့အချိန်မျိုးမှာ အလွန်စွဲမက်စရာ အချက်တွေ ဖြစ်သွားပါတော့တယ်။

(၃) မိန်ရာသီဖွားများ ( Pisces)

shutterstock/By Look Studio

မိန်ရာသီဖွားတွေမှာ သူများနဲ့မတူတဲ့ စိတ်ကူးစိတ်သန်းတွေ ရှိကြပါတယ်။ ဖန်တီးမှုနဲ့ တီထွင်ဆန်းသစ်မှုအပိုင်းမှာ မိန်ရာသီဖွားတွေကို မီတဲ့သူ မရှိပါဘူး။ သူတို့ လုပ်သမျှဟာ အများကို အထင်ကြီးအားကျစေရာ ဖြစ်စေပါတယ်။ သူတို့ဟာ ယေဘုယျအားဖြင့်လည်း လူတစ်ယောက်ကို ကလူသလိုလို မြှူသလိုလို ချစ်စဖွယ် အမူအယာတွေ ဖန်တီးနိုင်ပြီး၊ အလွန်ကို အေသေးစိပ်နိုင်တဲ့ ရိုမန်တစ်ဆန်ဆန် အပြုအမူတွေကလည်း ဆန့်ကျင်ဘက် လိင်တွေကို အချိန်တစ်ခုအတွင်း ကြွေဆင်းသွားစေမှာပါ။

READ
ဒေါ်လာသန်းနဲ့ချီ ပေါက်ဈေးရှိနေတဲ့အမေရိကားရဲ့ ရှေးအကျဆုံးသစ်လုံးအိမ်ကြီး

လင်းဇော်ကို (Shwemom)

source :

SHARE