လူနာကို အလှည့်ကျစနစ်နဲ့ နှလုံးပြန်ခုန်စေဖို့ ကြိုးစားခဲ့ကြတဲ့ ဆေးရုံအမှုထမ်း (၃၀) ဦး

တရုတ်ပြည်နယ် အရှေ့ပိုင်းမှာရှိတဲ့ ဆေးရုံတစ်ရုံက ၀န်ထမ်းတွေဟာ အသက်အန္တရာယ်ရှိနေတဲ့ ကလေးငယ်တစ်ဦးကို (၅) နာရီဆက်တိုက် အရေးပေါ် အသက်ကယ်နည်းနဲ့ ကယ်ဆယ်ပြီး အသက်ရှင်စေခဲ့ပါတယ်။ ကလေးငယ်ဟာ အသက်(၈) နှစ်အရွယ် ရှောင်ယုဖြစ်ပါတယ်။ အသက်ပုံမှန်မရှူနိုင်ဘဲ နှလုံးအားနည်းနေခဲ့တာကြောင့် ကလေးက ကျန်းစုပြည်နယ် ချန်ကျိုးမြို့ဆေးရုံမှာ ကုသမှုခံယူခဲ့တာပါ။ ဒါပေမယ့် အခြေအနေ ပိုဆိုးလာလို့ ဆရာဝန်တွေက ကိရိယာပစ္စည်း ပိုစုံတဲ့ ရှန်ဟိုင်းကို ပို့ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

changzhou municipal children’s hospital

ရှောင်ယုရဲ့ ဘယ်ဘက် နှလုံးအောက်ခန်းက သွေးတွေ မညှစ်ထုတ်နိုင်တော့ပါဘူး။ ဆေးရုံဝန်ထမ်းတွေက အရေးပေါ် ကယ်ဆယ်ရေးတွေကို အဆက်မပြတ် လုပ်ဆောင်နေပေမယ့် ကလေးက ပုံမှန်နှလုံးမခုန်နိုင်တော့တဲ့အပြင် အခြေအနေက ပိုသာ ဆိုးဝါးလာခဲ့ပါတယ်။ ဒါကြောင့် ချန်ကျိုးဆေးရုံဝန်ထမ်းတွေက ရှန်ဟိုင်းမြို့ဆေးရုံကို ဆက်သွယ်ပြီး extracorporeal membrane oxygenation (ECMO) နဲ့ ရှောင်ယုကို ကုသဖို့ အကူအညီတောင်းခဲ့ပါတယ်။ ၄င်းစနစ်ဟာ လူနာရဲ့ သွေးထဲကို အောက်ဆီဂျင်ရောက်အောင် ပို့လွှတ်ပေးပြီး နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေကို ကူညီထောက်ပံ့ပေးပါတယ်။

READ
ခရီးသွားရာကနေ ပြန်လာပြီးနောက် အိမ်ကိုမြင်ပြီး အံ့အားသင့်သွားရတဲ့ မိသားစုရဲ့အဖြစ်
changzhou municipal children’s hospital

ဒါပေမယ့် ရှန်ဟိုင်းဆေးရုံကနေ ရောက်လာမယ့် ECMO ကို စောင့်နေတုန်းမှာပဲ ရှောင်ယုဟာ ရောဂါဖောက်ပြီး အခြေအနေတော်တော်ကြီး ဆိုးလာခဲ့ပါတယ်။ ကလေးက အသက်ရှူရပ်သွားပြီး နှလုံးခုန်လည်း ရပ်သွားခဲ့တဲ့အပြင် သွေးပေါင်ချိန်ကလည်း မတရားထိုးကျသွားခဲ့ပါတယ်။ ဒီတင်ပဲ ဆရာဝန်အယောက်(၃၀) နဲ့ သူနာပြုတွေကို ဆေးရုံခန်းထဲ အားချင်းခေါ်ပြီး ကလေးကို နှလုံးပြန်ခုန်စေဖို့ ကြိုးစားခဲ့ကြပါတယ်။

changzhou municipal children’s hospital

ရှောင်ယုရဲ့ ကုတင်ဘေးမှာ တန်းစီပြီး တစ်ယောက်ပြီး တစ်ယောက်အလှည့်နဲ့ CPR သုံးပြီး ကလေးအသက်ကယ်နိုင်ဖို့ အားထုတ်ခဲ့ကြတာကို ဓာတ်ပုံတွေမှာ တွေ့ရမှာပါ။ ဆေးရုံအမှုထမ်းတွေဟာ ကလေးရဲ့ ရင်ဘတ်ကို အကြိမ်ပေါင်း (၃၀,၀၀၀) လောက် ဖိနှိပ်ပြီးကာမှ စုပေါင်းကောင်းမှုနဲ့ အသက်(၈) နှစ်သား ရှောင်ယုလေးဟာ နှလုံးပြန်ခုန်နိုင်ခဲ့တာပါ။  နောက်ပိုင်းမှာတော့ ရှန်ဟိုင်းက တောင်းထားတဲ့ အကူအညီရောက်လာတာကြောင့် ကလေးကို ECMO နဲ့ အသက်ရှူစေခဲ့ပါတယ်။ စိတ်နှလုံးနွေးထွေးဖွယ် ၄င်းအဖြစ်လေးဟာ အွန်လိုင်းပေါ်မှာ ပြန့်နှံ့သွားခဲ့ပြီး လူတွေကတော့ ချန်ကျိုးမြို့ ဆေးရုံအမှုထမ်းတွေကို သူရဲကောင်းတွေအဖြစ် ချီးမွမ်းခန်းဖွင့်နေပါတော့တယ်။

READ
ပြေးရမှာအပျင်းကြီးသူတွေပါဝင်တဲ့အပြေးပြိုင်ပွဲပြုလုပ်ပြီးရန်ပုံငွေအမြောက်အမြားရှာဖွေနိုင်ခဲ့
changzhou municipal children’s hospital
changzhou municipal children’s hospital

လင်းလင်း (ShweMom)

Ref: Dailymail

SHARE