ပေ(၅၀)အနက် တွင်းထဲမှာ နာရီပေါင်းများစွာ ပိတ်မိနေခဲ့တဲ့ ဒုက္ခိတခွေးလေးရဲ့အဖြစ်

ပြီးခဲ့တဲ့ကြာသပတေးနေ့တုန်းက ခွေးလေးတစ်ကောင်ဟာ အလယ်ဘားမားပြည်နယ် ဟန့်စ်ဗီးလ်မြို့ အိမ်နောက်ဘက်မှာရှိတဲ့ တွင်းပေါက်တစ်ခုကြား ကျသွားခဲ့ပါတယ်။ သောကြာနေ့ညလယ်လောက်မှာတော့ ကယ်ဆယ်ရေးအဖွဲ့သားတွေဟာ နာရီပေါင်း(၃၀) ကျော်ကြာကြိုးပမ်းပြီးနောက် ခွေးလေးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။

WAFF

တော်ဖီအမည်ရတဲ့ အဆိုပါခွေးကလေးဟာ ရက်သတ္တပတ်(၇)ပတ်သားအရွယ်ပဲ ရှိပါသေးတယ်။ အကြားအာရုံလည်း ချို့ယွင်းနေရှာတဲ့ခွေးလေးဟာ အပေါက်ကျဉ်းကျဉ်းလေးတစ်ခုကနေ ကျသွားခဲ့တာဖြစ်ပါတယ်။

WAFF

တော်ဖီကျသွားတဲ့နေရာဟာ လူတစ်ကိုယ်စာဝင်နိုင်ဖို့ ခဲယဉ်းတဲ့အတွက် ပိုက်ကွန်တွေချ၊ အစာတွေနဲ့မျှားပြီး တော်ဖီကို လူတွေရှိရာဘက်ဆီလာအောင် ခေါ်ဆောင်ရပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ထဲမှာ မီးသတ်သမားတွေ၊ ဂူတွင်း ကယ်ဆယ်ရေးလုပ်သားတွေနဲ့ ပိုက်ပြင်သမားတွေလည်း ပါဝင်ပါတယ်။

WAFF

နောက်ဆုံးမှာတော့ တော်ဖီကိုကယ်ထုတ်နိုင်ခဲ့ပါပြီ။ တော်ဖီကို တွင်းထဲက ဆွဲထုတ်အပြီးမှာတော့ လုပ်အားပေး ကယ်ဆယ်ရေးအဖွဲ့သားတွေက ၀မ်းသာအားရ အော်ဟစ်ခဲ့ကြပါတယ်။ တော်ဖီကို ကယ်ထုတ်နေစဉ်အတွင်းမှာ Live ထုတ်လွှင့်ပြသခဲ့တာကြောင့် လူထောင်ပေါင်းများစွာက စိတ်ဝင်တစားနဲ့ ကြည့်ရှုနေခဲ့ပါတယ်။ လူတွေကတော့ တွင်းကြီးထဲကျသွားတဲ့ မသန်စွမ်းခွေးလေးတစ်ကောင်ကို ခွန်အားစိုက် ကယ်ထုတ်ပေးခဲ့တဲ့ လုပ်သားတွေကိုချီးမွမ်းခဲ့ကြတယ်လို့ သိရပါတယ်။

READ
မိမိနဲ့ ထူးထူးခြားခြား သွင်ပြင်တူတဲ့ကြောင်လေးကို တွေ့ရှိခဲ့တဲ့ ကလေးငယ်

WAFF

လင်းလင်း (ShweMom)

Ref: foxnews, dailymail

SHARE