ဟော့ပေါ့သွားစားရာမှ ကာဗွန်မိုနောက်ဆိုက်ဒ်အဆိပ်သင့်ခဲ့တဲ့ သူငယ်ချင်းများ

unsplash/Esperanza Zhang

အချို့လူတွေက ဟော့ပေါ့စားရတာကို တော်တော်လေး နှစ်သက်ကြပါတယ်။ မိသားစုနဲ့ပဲ ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ပဲ ဖြစ်ဖြစ် နှစ်သက်ရာ အသားအရွက်လေးထည့်လိုက်၊ စကားလေးတပြောပြောနဲ့ စားလိုက်ရတာကို အင်မတန်အရသာတွေ့ကြပါတယ်။ ဒီမှာတော့ ဟော့ပေါ့ဆိုင်တော်တော်များများက ဟော့ပေါ့ချက်တဲ့အခါ လျှပ်စစ်မီးဖိုတွေကိုပဲ အသုံးပြုကြပါတယ်။

ဒါပေမယ့် တရုတ်နိုင်ငံ ဇီကျန်းပြည်နယ်က ဆိုင်တစ်ဆိုင်ကတော့ ဟော့ပေါ့ကို ထူးထူးဆန်းဆန်း လျှပ်စစ်နဲ့မသုံးပဲ မီးသွေးသုံးချက်တာကြောင့် စားသုံးသူလူငယ်တစ်စု ဒုက္ခရောက်ခဲ့ရပုံကို worldobuzz ကနေတဆင့် အခုလို သိရပါတယ်။ တစ်နေ့တော့ ဇီကျန်းပြည်နယ်နေ ၀ူအမည်ရတဲ့ အသက်(၃၀) အရွယ် အမျိုးသားတစ်ဦးဟာ သူငယ်ချင်း(၃) ယောက်နဲ့ အတူ ဟော့ပေါ့စားဖို့ ထွက်လာခဲ့ပါတယ်။ အဲဒီဟော့ပေါ့ဆိုင်က တည်ထားတဲ့အိုးတွေကို အပူပေးဖို့ မီးသွေးမီးပဲ သုံးတဲ့ဆိုင်ဖြစ်ပါတယ်။

Pexels/Devon Rockola

ဒီလိုနဲ့ သူငယ်ချင်းတွေ စားသောက်နေရင်း ၀ူဟာ စပြီး ပျို့အန်လာပါတယ်။ သူ့သူငယ်ချင်း(၃) ယောက်ကတော့ သူ့လို မအန်ပေမယ့် ခေါင်းထဲမူးဝေလာကြပါတယ်။ ဒါနဲ့ပဲ အားလုံးဟာ ဆေးရုံကို အမြန်သွားကာ အစာအဆိပ်သင့်တာလား၊ ဘာဖြစ်တာလဲ မသိရတာကြောင့် သွေးစစ်ချက်အဖြေကို ယူခဲ့ပါတယ်။ သွေးစစ်ချက်မှာ တွေ့ရတာက ကာဗွန်မိုနောက်ဆိုက်ဒ်အဆိပ်သင့်တာလို့ ပြနေပါတယ်။

READ
မင်္ဂလာဆောင်နေစဉ်အတွင်း သစ်ပင်ကြီးပြိုလဲလာလို့ အသက်လုပြေးခဲ့ရတဲ့အဖြစ်

ဝူရဲ့ ကာဗိုစီဟေမိုဂလိုဘင်ဟာ (၃၀) ရာခိုင်နှူန်းထိ မြင့်မားနေကာ ၀ူရဲ့ သူငယ်ချင်းတွေကတော့ (၂၀) ရာခိုင်နှူန်းထိ ကာဗိုစီဟေမိုဂလိုဘင်တွေ တက်နေတာကို တွေ့လိုက်ရပါတယ်။ ဆရာဝန်ရဲ့ ပြောစကားအရတော့ ၀ူဟာ သာမန်ရှိသင့်တာထက် အဆ(၂၀) လောက် ကာဗိုစီဟေမိုဂလိုဘင်တွေ များနေတယ်လို့ ဆိုပါတယ်။ တကယ်လို့ ကာဗိုစီဟေမိုဂလိုဘင်ဟာ (၅၀) ရာခိုင်နှူန်းသာ ကျော်သွားခဲ့ရင် သွေးဖိအားတွေ တရှိန်ထိုးထိုးကြပြီး သေဆုံးတဲ့အထိတောင် ဖြစ်စေနိုင်ကြောင်း သိရပါတယ်။ ကာဗွန်မိုနောက်ဆိုက်ဒ်တွေက သွေးနီဆဲလ်တွေထဲမှာရှိတဲ့ အောက်ဆီဂျင်တွေနေရာမှာ အစားထိုးဝင်လာတာကြောင့် တစ်ရှူးတွေ ပြင်းပြင်းထန်ထန် ပျက်စီးကာ သေတဲ့အထိတိုင်အောင် ဖြစ်နိုင်ပါတယ်။

Pexels/Skitterphoto

ဆရာဝန်က အခုလို ကာဗွန်မိုနောက်ဆိုက်ဒ်အဆိပ်သင့်ရတဲ့အကြောင်းက ဟော့ပေါ့အိုးတွေအောက်မှာသုံးတဲ့ မီးသွေးတွေကြောင့်လို့ ရှင်းပြပါတယ်။ စားသောက်ဆိုင်ထဲမှာ ပြတင်းပေါက်တွေကလည်း ပိတ်ထား၊ လေ၀င်လေထွက်ကလည်း မကောင်းတော့ ကာဗွန်မိုနောက်ဆိုက်ဒ်တွေမှာ လေထဲမှာပဲဝေ့သီနေရာကနေ လူတွေကို ဒုက္ခပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မလို့ ၀ူနဲ့ သူငယ်ချင်းတွေကတော့ ဆေးရုံအချိန်မီရောက်ကာ အောက်ဆီဂျင်နဲ့ အလျင်အမြန်ကုသမှူခံယူခဲ့တဲ့အတွက် နေပြန်ကောင်းလာခဲ့တယ်လို့ သိရပါတယ်။

READ
မီဂန်မာကယ် ကလေးမီးဖွားပြီးပြီဖြစ်ကြောင်း ပရိသတ်တွေ သုံးသပ်နေကြ

လင်းလင်း (ShweMom)

SHARE