ချစ်သူပေါ် ပေါင်(၃၀၀)လေးတဲ့ခန္ဓာကိုယ်နဲ့ ထိုင်ချမိရင်း လူသတ်မှုဖြစ်ခဲ့ရတဲ့ အမျိုးသမီး

အမေရိကန်နိုင်ငံ၊ ပန်ဆယ်လ်ဗေးနီးယားမှာနေထိုင်တဲ့ ၀င်ဒီသောမတ်စ်ဟာ အသက် (၄၄)နှစ်ရှိပြီဖြစ်ပြီး သူမရဲ့ ခန္ဓာကိုယ်အလေးချိန်က ပေါင် (၃၀၀) ရှိပါတယ်။ သူမရဲ့ ချစ်သူကတော့ ကီနိုဘတ်တလာ လို့ခေါ်တဲ့ အမျိုးသားဖြစ်ပြီး ပေါင် (၁၃၀)သာရှိတဲ့ ဘတ်တလာ ကြောင့် သူမတို့နှစ်ယောက်ဟာ လိုက်ဖက်ညီတဲ့ စုံတွဲတော့မဖြစ်ခဲ့ပါဘူး။

ပြီးခဲ့တဲ့ တနင်္လာနေ့ညမှာတော့ ၀င်ဒီနဲ့ ကီနို တို့ဟာ ၀င်ဒီရဲ့နေအိမ်မှာ အရက်အတူသောက်ခဲ့ကြပြီး နှစ်ယောက်စလုံးအမူးလွန်ခဲ့ပြီးတဲ့နောက် စကားများခဲ့ကြပါတယ်။

Metro

အဲဒီနောက်မှာတော့ ကိုယ်ထိလက်ရောက်တွေပါ ဖြစ်ကုန်ကြပြီး ၀င်ဒီဟာ သူမရဲ့ ချစ်သူကို စားပွဲခုံက ထောက်တိုင်နဲ့ ရိုက်နှက်ခဲ့သလို ကီနိုရဲ့ ခန္ဓာကိုယ်ကိုလည်း သူမရဲ့လက်တွေနဲ့ ဖျစ်ညှစ်ခဲ့ပါတယ်။

အဲဒီအချိန်အထိ ကီနိုက သူ့ချစ်သူရဲ့တိုက်ခိုက်မှုတွေကို ရှောင်တိမ်းနေခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ၀င်ဒီက သူမရဲ့ ခန္ဓာကိုယ်နဲ့ ကီနိုအပေါ် တက်ထိုင်လိုက်ချိန်မှာတော့ အားလုံး အဆုံးသတ်သွား ခဲ့ပါတော့တယ်။

READ
အဓမ္မကျင့်ပြီး မီးရှို့သတ်ဖြတ်ခံရတဲ့ Google အမျိုးသမီးမန်နေဂျာ
Metro

ကီနိုဟာ သူ့ခန္ဓာကိုယ်ရဲ့ (၂)ဆလောက် အလေးချိန်နဲ့ တက်ဖိခံလိုက်ရတာဖြစ်ပြီး အသက်ရှူမ၀ဖြစ်ကာ သေဆုံးသွားခဲ့ပါတော့တယ်။ ၀င်ဒီလည်း အဲဒီတော့မှ ရဲတပ်ဖွဲ့ကို ဖုန်းဆက်ခဲ့ပြီး သူမရဲ့ချစ်သူကိုသတ်လိုက်မိကြောင်း အသိပေးခဲ့ပါတယ်။

ရဲတွေလည်း ၀င်ဒီရဲ့ အိမ်ကိုရောက်ရှိလာခဲ့ပြီး စစ်ဆေးမှုတွေ ပြုလုပ်ချိန်မှာတော့ ၀င်ဒီတစ်ယောက် အမူးလွန်နေမှန်း သိခဲ့ရပြီး ကီနိုကတော့ သွေးအိုင်ထဲမှာ လဲနေတာကို တွေ့ခဲ့ရပါတယ်။

လက်ရှိအချိန်မှာတော့ ၀င်ဒီတစ်ယောက် ရဲစခန်းမှာ အဖမ်းဆီးခံထားရပြီး ထောင်ဒဏ် (၁၈)နှစ်ကနေ (၃၆)နှစ်အထိ ကျခံရမယ့် ပြစ်ဒဏ်မျိုးနဲ့ ရင်ဆိုင်နေရပါပြီ။

Metro

Linn

Source : Metro

SHARE