
သင်သာ ပေါ်တူဂီနိုင်ငံ၊ Braga မြို့ကို ရောက်ရှိခဲ့မယ်ဆိုရင်တော့ လမ်းမထက်မှာ Graffiti လက်ရာတော်တော်များများကို တွေ့နိုင်မှာပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီမြို့မှာ နာမည်ကြီး Graffiti Artist တစ်ဦးဖြစ်တဲ့ Tom Bragado Blanco ရဲ့ Graffiti လက်ရာတွေကို တစ်ဝကြီး ခံစားနိုင်မှာမို့လို့ပဲ ဖြစ်ပါတယ်။ အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ Tom ဟာ ငယ်စဉ်ကလေးဘဝကတည်းက Graffiti အနုပညာကို အင်မတန်ရူးသွပ်သူတစ်ဦးပဲ ဖြစ်ပါတယ်။

ဒီပုံကတော့ Braga မြို့ရှိ ဂတ်စ်သိုလှောင်ကန်ဟောင်းကြီးတစ်ခုမှာ Tom ရေးဆွဲထားတဲ့ လူကြိုက်အများဆုံး Sphynx ကြောင်အမျိုးအစားသုံးဖက်မြင် Graffiti လက်ရာတစ်ခုပဲ ဖြစ်ပါတယ်။ အဝေးကနေရုတ်တရက်ကြည့်လိုက်မယ်ဆိုရင်တော့ ဧရာမ Sphynx ကြောင်ကြီးတစ်ကောင် ဝပ်နေတဲ့ပုံကိုတွေ့ရမှာ ဖြစ်ပြီး အနီးကပ်သေချာကြည့်မှ Graffiti လက်ရာတစ်ခုမှန်း သေချာသိမှာပဲ ဖြစ်ပါတယ်။


Tom ဟာ ဒီလို Graffiti ဆွဲနည်းကို ဘယ်သူဆီကမှ တကူးတကသင်ထားတာမဟုတ်ပဲ ကိုယ့်ဟာကိုယ်ဆွဲရင်း တက်လာခဲ့တာပဲ ဖြစ်ပါတယ်။ အစပိုင်းမှာတော့ ဒီအတိုင် လမ်းပေါ်မှာ ဆွဲတာ(Street Art) ဖြစ်ပြီး နောက်ပိုင်း သူ့လက်ရာတွေကို လူသိများလာတဲ့အခါမှာတော့ T-shirts တွေ၊ ဖိနပ်တွေ၊ ဦးထုပ်တွေမှာပါ ရေးဆွဲဖို့ ကမ်းလှမ်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။


များသောအားဖြင့် သူဆွဲတဲ့ Graffiti ပုံကြီးတွေဟာ သုံးဖက်မြင်ပုံစံတွေဖြစ်ပြီး တကယ်အသက်ဝင်လွန်းလှပါတယ်။ အခုအချိန်မှာဆိုရင်တော့ Tom ဟာ စားသောက်ဆိုင်တွေ၊ စာသင်ကျောင်းတွေ၊ အနုပညာပြတိုက်တွေ၊ ရုပ်ရှင်ရုံတွေကပါ သူ့ကို Graffiti ဆွဲဖို့ အခကြေးငွေပေးပြီး ကမ်းလှမ်းလာရတဲ့အထိကို အောင်မြင်လာတာပဲ ဖြစ်ပါတယ်။
https://www.instagram.com/p/BdnQF_fnjuT/
Pyi Hein Kyaw