3D ပုံသွင်း အသားအစားထိုး အစားအစာတစ်မျိုးကို စပိန်မှာ တီထွင်နေ

သင်ဟာ steak ကြိုက်သူတစ်ယောက်လား။ Steak တွေထဲမှာမှ အမဲသား၊ ဝက်သား၊ ကြက်သား၊ ငါး စသဖြင့် အသားတွေကို သုံးပြီး ပြင်ဆင်ချက်ပြုတ်ထားတဲ့ steak တွေပဲ လူသိများပါသေးတယ်။ အခုဆိုရင်တော့ စပိန်နိုင်ငံမှာ steak နောက်တစ်မျိုးကို တီထွင်လိုက်ပါပြီ။

စပိန်ကုမ္ပဏီ Novameat က 3D printing စနစ်နဲ့ ပုံသွင်းထုတ်လုပ်မယ့် steak ဖြစ်ပြီး ပါဝင်ပစ္စည်းတွေကတော့ အသီးအရွက်တွေ ဖြစ်တယ်လို့ သိရပါတယ်။ “ကျွန်တော် ပါရဂူဘွဲ့လွန် သုတေသနလုပ်ခဲ့စဉ်၊ UPC တက္ကသိုလ်ရဲ့ လက်ထောက် ပါမောက္ခဘဝမှာ ဒီ 3D အသီးအရွက် steak ကို စတီထွင်ခဲ့တာပါ။ ဘာစီလိုနာမြို့ဟာ ကမ္ဘာကျော် စားသောက်ဆိုင်တွေရော၊ 3D printing  လုပ်ငန်းတွေရော ရှိတဲ့ မြို့မို့ အတော်အဆင်ပြေသွားပါတယ်” လို့ Novameat ကုမ္ပဏီ ပိုင်ရှင် Giuseppe Scionti က ပြောပါတယ်။

READ
CES နည်းပညာပြပွဲမှာ ပြသခဲ့သော အတိတ်က နည်းပညာပစ္စည်းများ
digitaltrends

ပတ်ဝန်းကျင်ကို ဘေးမသင့်စေမယ့် သဘာဝစိုက်ပျိုးရေး ထုတ်ကုန်များကို ထည့်သွင်းပြုလုပ်ထားမှာဖြစ်ပြီး ပုံစံမှာတော့ အသားတုံးပုံစံဖြစ်ပါတယ်။ Scionti က သူတီထွင်ထားတဲ့ အသီးအရွက် အသားတုံးနဲ့ ပတ်သက်လို့ ကောင်းကျိုး ၃ ချက်ကို ထောက်ပြသွားခဲ့ပါတယ်။ တစ်အချက်အနေနဲ့ အသားစားဖို့ တိရိစ္ဆာန်တွေကို မသတ်ရတော့ဘူး။ နှစ်အချက်က ကျန်းမာရေးအတွက် အထောက်အကူပြုတယ်၊ သုံးအချက်အနေနဲ့ သဘာဝပတ်ဝန်းကျင်ကို မပျက်စီးစေဘူးဆိုပြီးတော့ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းတွေအနေနဲ့ ဆန်၊ ပဲ၊ ရေညှိတို့နဲ့ ပြုလုပ်ထားမယ့် ထိုအစားအစာမှာ စားသုံးသူတွေ အရင်ဆုံး မေးမယ့် မေးခွန်းကတော့ အရသာက ဘယ်လိုဖြစ်မလဲဆိုပြီးတော့ပါ။ Scionti ကတော့ သူ့ရဲ့ စားသောက်ကုန်ကို အနံ့၊ အရသာ၊ အနေအထား၊ အကုန်ကို အသားနဲ့ တူအောင် ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ နည်းပညာ ပေါ်မလာခင်အထိ အသားနဲ့ တစ်ထပ်တည်း တူအောင် ပြုလုပ်နိုင်တဲ့ စားသောက်ကုန်မျိုး အရင်က မရှိခဲ့ဘူးလို့လည်း သူက အာမခံထားပါတယ်။

READ
Android Phones တွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်နည်း
digitaltrends

ဒေါက်တာ Scionti ထုတ်လုပ်မယ့် အသီးအရွက်သုံး အသားတုံးကတော့ ဈေးကွက်တွေအတွင်း လာမယ့် ၃ နှစ်မှ ၅ နှစ်အတွင်း ဝင်ရောက်လာမယ့်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ အမဲသား steak, ကြက်သား steak တို့နဲ့ အနံ့၊ အရသာ၊ အသားပါ တူအောင် စမ်းသပ်ဖန်တီးနေပြီး နောက်ပိုင်းမှာ စူပါမားကတ်တွေက တစ်ဆင့် ဖြန့်ချိသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Ref: Digital Trends

SHARE