စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်နဲ့ တွဲ နေတဲ့ Emma Watson

Image:IG/Emma Watson & twitter Emma fan page

ပရိသတ်တွေ ငယ်ငယ်တည်းက ချစ်ခင်အားပေးခဲ့တဲ့ ဟယ်ရီပေါ်တာ မင်းသမီးချော Emma Watson ကတော့ အခု ဆိုရင်  ချစ်သူ ရ နေပါပြီ။အမည်မသိ အမျိုးသား တစ်ယောက်နဲ့ သူမ တို့ နမ်းနေတဲ့ ပုံတွေ အရင်ထွက်လာတာပါ။ Emma ရဲ့ အနမ်းတွေကို သိမ်းပိုက်သူက ဘယ်သူလဲဆိုတာကိုတော့ မီဒီယာ တွေ က အသည်းအသန် စုံစမ်း ခဲ့ပါ တယ်။သူမရဲ့ အချစ်ရေးကို လူမသိ အောင် တိတ်တိတ်လေး ကြိတ် တွဲ နေပေမယ့်လည်း နောက်ဆုံးမှာတော့ မီဒီ ယာတွေ က ဖော်ထုတ်နိုင်ခဲ့ပါတယ်။

Image:IG/Emma Watson

အရင် က တော့ ကိုယ့်ကိုယ်ကိုပဲ အဖော်လုပ်ပြီး နေ မယ်လို့ ကြွေး ကြော်ခဲ့တဲ့ Emma တစ်ယောက် တော့ အခုဆိုရင် အချစ် နဲ့ တွေ့ပြီး ပျော်နေပါပြီ။သူမနဲ့ တွဲ နေတဲ့ အမျိုးသားရဲ့ နာမည်က တော့ Leo Alexander Robinton ပါ။ ကယ်လီဖိုးနီယား စီးပွား ရေး လုပ် ငန်း ရှင်တစ်ယောက်ပါ။Emma က တော့ ချစ်သူ Leo ကို သူမရဲ့ မိ ဘ တွေ နဲ့ တောင် ပေး တွေ့ ပြီး ပါပြီ။သူတို့ နှစ်ယောက်ကတော့ (၂၀၁၉) အောက်တိုဘာ လတုန်းက လန်ဒန်က Gail’s Bakery ပြင်ဘက်မှာ နမ်း နေတဲ့ ပုံတွေ ထွက်ခဲ့တာပါ။အဲ့ဒီနောက်ပိုင်းမှာ တော့ သူတို့ ကြားက ဆက်ဆံ ရေးက ပိုပြီး ခိုင်မာလာ ပုံရပါတယ်။

သူတို့နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက လာတဲ့ အ ပြော တွေ အရ Emma နဲ့ Leo တို့ ကတော့ သူတို့ရဲ့  Relatio nsh ip နဲ့ ပတ်သက်တဲ့ အရာ အားလုံးကို Private အ နေ နဲ့ ထားချင် ကြ တယ်လို့ သိရပါတယ်။(၂၀၁၉) အောက်တိုဘာ မှာ နမ်း နေတဲ့ ပုံတွေထွက်လာပြီး နောက်မှာတော့ Leo က ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ သူ့ရဲ့ ပုံတွေ အကုန် လုံး ကိုပါ  ပြန်ဖြုတ် ပစ်ခဲ့ပါတယ်။ဘယ်လောက်ထိ လူသိမခံပဲ သိုသိုသိပ်သိပ် နေချင်လဲ ဆိုတာကို တော့ ဒါကို ကြည့်ရင် သိ နိုင်ပါတယ်။

READ
သီရိသုဓမ္မသိင်္ဂီဘွဲ့တံဆိပ် ချီးမြှင့်ခံခဲ့ရတဲ့ နန္ဒာလှိုင်နဲ့ ယမင်းကိုကို
Image:IG/Emma Watson

(၂၀၁၉) ဒီဇင်ဘာတုန်းက Vogue နဲ့ အင်တာဗျူး မှာ တော့ သူမဟာ Single ဘ၀ နဲ့ပဲ ပျော် နေ ကြောင်း နဲ့ ကိုယ့်ကိုယ်ပဲ  အ ဖော်ပြု နေရတာ သဘော ကျတယ် လို့ ပြောခဲ့ပါတယ်။အဲ့ဒီ အချိန်တည်းက Leo နဲ့  စ ဒိတ် နေ ပေမယ့် အခုလောက်ထိ ခံစားချက် တွေ   မ လေးနက် သေးပုံရပါတယ်။အခု ကတော့ မိဘ တွေနဲ့ပါ မိတ် ဆက် ပေးထားတဲ့ အ နေ အထားမို့ ခံစားချက်တွေ လေးနက် လာပုံရပါတယ်။

 

View this post on Instagram

 

Thank you to everyone who worked so hard on my British Vogue cover. ❤️

A post shared by Emma Charlotte Duerre Watson (@emmawatson) on

Ref:lifeandstylemag/yahoo

SHARE