ကေပေါ့ကြောင့် ဘဝကြီးကို ပြောင်းလဲနိုင်ခဲ့တဲ့မလေးရှားနိုင်ငံက လူငယ်လေး

twitter.shah

အသက် ၂၃ နှစ်အရွယ် မလေးရှားလူမျိုးကောင်မလေးတစ်ယောက်ဖြစ်တဲ့ Shah Azham ကတော့ ကျောင်းစာမေးပွဲတွေ ကျခဲ့တဲ့ ကျောင်းသူတစ်ယောက်ဘဝကနေ အခုဆိုရင်တော့ ကမ္ဘာကျော် ကေပေါ့ အိုင်ဒေါတွေဖြစ်တဲ့  BLACKPINK နဲ့ iKONတို့ရဲ့ ဖျော်ဖြေပွဲတွေမှာ ဘာသာပြန်ပေးတဲ့သူတစ်ယောက်အဖြစ်ရပ်တည်နေပြီဖြစ်ပါတယ်။သူကတော့ သူ့အကြောင်းကို အင်တာနက်ပေါ်မှာ အခုလို ပြန်လည်မျှဝေပေးခဲ့ပါတယ်။

Shah ကတော့ အသက် ၁၀နှစ်အရွယ်ကတည်းက ခေါင်းတခြမ်းကိုက်ရောဂါရှိတာကြောင့် ကျောင်းလည်းမသွားနိုင်ပဲ ကျောင်းစာတွေကိုလည်း မလိုက်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ကျောင်းစာမေးပွဲတွေကိုဖြေနိုင်မယ်မဟုတ်ဘူးဆိုတာ Shah ကတော့ အဲဒီအချိန်ကတည်းက သူ့ကိုယ်သူ သိနေခဲ့ပါတယ်။ ဒါပေမဲ့လည်း Shah တစ်ယောက် စာတွေကိုကြိုးစားလေ့လာနေစဉ်မှာပဲ  ကေပေါ့က ကမ္ဘာတစ်လွှားမှာ တော်တော်လေးလွှမ်းနေပြီဖြစ်ပြီး မလေးရှားနိုင်ငံသားတွေကြားမှာလည်း ကေပေါ့ကတော့ နေရာယူစိုးမိုးနေပြီဖြစ်ပါတယ်။

twitter.shah

အဲဒီအချိန်မှာ Shah ကလည်း ကေပေါ့ကို ရူးသွပ်တဲ့သူတစ်ယောက်ဖြစ်ခဲ့ပြီး စာတွေလေ့လာတာထက် ဖိုတိုရှော့၊ဂီတနဲ့ ဘာသာစကားတွေကို လေ့လာဖို့အချိန်ပေးချင်ခဲ့ပါတယ်။အဒါကြောင့် Shah ကတော့ ၂၀၁၄ ခုနှစ်မှာ အင်တာနက်ကနေ ကိုရီးယား ဘာသာစကားကို စတင်ပြီးလေ့လာခဲ့ပါတယ်။ ဒါ့အပြင် Shah ကတော့ အင်္ဂလိပ်ဆရာမအဖြစ်လည်း အလုပ်လုပ်ရင်းနဲ့ graphic design ကုမ္ပဏီတစ်ခုကို တည်ထောင်ဖို့ လုပ်ခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ Shah ဟာ ကိုရီးယား စကားပြောကို ကိုရီးယားလူမျိုးတွေ၊ကိုရီးယားစကားပြောတတ်သူတွေနဲ့ တွေ့တိုင်းအရဲစွန့်ပြောခဲ့ပြီး ဘာသာပြန်တစ်ယောက် ဖြစ်ဖို့အတွက် အခွင့်အရေးရလာခဲ့ပါတယ်။

READ
သန့်ရှင်းရေးဘဝမှ ကုမ္ပဏီ CEO ဖြစ်လာခဲ့တဲ့ အလယ်တန်းအောင် Vernon Kwek

 

၂၀၁၇ ခုနှစ်မှာတော့ စုထားတဲ့ ပိုက်ဆံ ရင်းဂစ် ၇၀၀ နဲ့ကိုရီးယားနိုင်ငံကို ထွက်သွားခဲ့ပြီး ဆိုလ်းမြို့မှာ နေရင်းနဲ့ ကိုရီးယားနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာစကားတွေကို ထပ်ပြီးတော့ လေ့လာခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ မလေးရှား ရုပ်သံလွှင့်ကုမ္ပဏီတစ်ခုကနေ ဆိုလ်းမြို့မှာ တေးဂီတထုတ်လုပ်တဲ့နေရာမှာ ကူညီပေးဖို့ Shahကို ကမ်းလှမ်းလာခဲ့ပါတယ်။ အဲဒီကနေအဆင့်ဆင့်နဲ့ ပြီးခဲ့တဲ့နှစ်မှာတော့ မလေးရှားမှာကျင်းပတဲ့ ကေပေါ့ပွဲတွေဖြစ်တဲ့ iKON , WINNER စတဲ့အဖွဲ့တွေအတွက် ဘာသာပြန်ပေးတဲ့သူတစ်ယောက်ဖြစ်လာခဲ့တာဖြစ်ပါတယ်။ Shah ရဲ့ အကြောင်းကတော့ twitter ပေါ်မှာ လူငယ်တော်တော်များများကို စိတ်ခွန်အားပေးစွမ်းနိုင်ခဲ့ပါတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ အရာတစ်ခုကို အရင်းပြုပြီး ဒီအခြေအနေထိ တက်လှမ်းလာခဲ့တဲ့ Shah ရဲ့အကြောင်းကတော့ ကေပေါ့ပရိသတ်တွေလည်း အားကျအတုယူစရာပါပဲ။

READ
ခွေးဂေဟာတွေအတွက် ကိုယ်တိုင်ရေးတဲ့ပန်းချီလေးတွေရောင်းပြီး ငွေလှူဒါန်းနေသူလေး
twitter.shah

Source: world of bazz

SHARE