YG Entertainment ရဲ့ ငြင်းပယ်ခြင်း ခံခဲ့ရတဲ့ နာမည်ကျော် အနုပညာရှင် (၄) ယောက်

IG/rainoppa

YG Entertainment ကတော့ တောင်ကိုရီးယားရဲ့ အကျော်အမော်တွေကို မွေးအထုတ်နိုင်ဆုံး Entertainment လို့တောင် ဆိုလို့ ရပါတယ်။ ဒါပေမယ့်လည်း မှားပြီး မရွေးချယ်ခဲ့မိတာတွေလည်း ရှိပါတယ်။ သူတို့ မရွေးချယ်လိုက်မိလို့ နောင်တရနေတဲ့ အနုပညာရှင် ၄ ယောက်အကြောင်းကိုတော့ koreaboo ကနေ ဖော်ပြထားပါတယ်။

(၁) Crush

View this post on Instagram

@nylonkorea

A post shared by Crush (@crush9244) on

Crush က လက်ရှိ တောင်ကိုရီးယားမှာ နာမည်ကျော်နေတဲ့ တစ်ကိုယ်တော်အနုပညာရှင် တစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် သူက YG Entertainment က လူရွေးပွဲမှာတော့ ရွေးချယ်မခံရခဲ့ရပါဘူး။ နောက်ပိုင်းမှာတော့ YG Entertainment ရဲ့ CEO Yang Hyun Suk က သူ့ကို လက်လွှတ်မိခဲ့တဲ့အတွက် နောင်တရကြောင်းကို ထုတ်ပြောခဲ့ပါတယ်။

(၂) Rain

View this post on Instagram

Timeline of my 19-year journey🎤🎬🙌🏼

A post shared by RAIN♥ (@rain_oppa) on

Rain ရဲ့ အနုပညာအစဦးပိုင်းမှာ JYP Entertainment နဲ့ စဖို့ လုပ်တဲ့အချိန်မှာပဲ YG Entertainment ရဲ့ လူရွေးပွဲကိုလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အရွေးမခံရပါဘူး။ ဒီအတွက် ဆယ်စုနှစ်နဲ့ချီပြီး YG ရဲ့ CEO က နောင်တရမဆုံး ဖြစ်နေခဲ့ပါတယ်။

READ
ရောဂါပိုး သံသယရှိသူကို အ၀င်ခံလိုက်တဲ့ ကိစ္စအပေါ် မေးခွန်းထုတ်လိုက်တဲ့ အေသင်

(၃) T.O.P (BIGBANG)

YG Entertainment ရဲ့ လူရွေးပွဲကို သူ ပါဝင်ခဲ့တုန်းက သူ့ရဲ့ Rap ရွတ်တဲ့ အရည်အချင်းကို အကုန်လုံးက အံ့သြပြီး သဘောကျခဲ့ရပါတယ်တဲ့။ ဒါပေမယ့်လည်း သူ့ကိုယ်အလေးချိန်ကြောင့် အငြင်းခံခဲ့ရပါတယ်။ ဒါကြောင့် နောက်နှစ်ပတ်အတွင်းမှာပဲ  ကိုယ်အလေးချိန်ကို ချခဲ့ပြီး ပြန်ယှဉ်ပြိုင်ခဲ့ချိန်မှာတော့ လက်ခံခဲ့ကြပါတယ်။

(၄) Park Bo Gum

View this post on Instagram

#안녕👋 #parkbogum #bogummy #박버검

A post shared by Park Bo GumⓂ️ (@parkbogum.official) on

Park Bo Gum အငြင်းခံရတာက တကယ့်ကို ထူးခြားတဲ့အခြေအနေနဲ့ ပါပဲ။ သူက YG Entertainment ကို လူရွေးခံဖို့အတွက် ဗီဒီယိုဖိုင် ပို့ခဲ့ရာမှာ ဗီဒီယို အတိုကို မပို့ပဲ ရှည်နေခဲ့တာပါတဲ့။ ဒီအချက်နဲ့ပဲ မကြည့်ဖြစ်ခဲ့ဘဲ သူ့ကို မရွေးချယ်ဖြစ်လိုက်ခဲ့ပါဘူး။ YG ရဲ့ CEO က သူလုပ်ခဲ့သမျှ ဆုံးဖြတ်ချက်ထဲမှာ နောင်တအရဆုံးပဲလို့ နောက်ပိုင်းမှာ ဝန်ခံခဲ့ပါတယ်။

READ
သူမရဲ့ ပရိသတ်ကို မကောင်းပြောတာမခံနိုင်လို့ ပြန်လည်တုံ့ပြန်လိုက်တဲ့ သံသာမိုးသိမ့်

Kham

SHARE