Record of Youth စီးရီးမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်မယ့် သူတို့(၄)ယောက်

IG/1st_only_hope

Park Bogum အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ Record of Youth ဇာတ်လမ်းတွဲကို တခြားသော သရုပ်ဆောင်တွေ ဖြစ်တဲ့ Seo Hyun Jin, Kim Hye Yoon, Seol In Ah နဲ့ Kim Gun Woo တို့လည်း ပါဝင်သွားမှာ ဖြစ်ပါတယ်လို့ allkpop ကနေ ဖော်ပြထားခဲ့ပါတယ်။

စက်တင်ဘာလ ၅ ရက်နေ့မှာပဲ tvN ကနေ ဒီသတင်းကို အတည်ပြုခဲ့ပါတယ်။ Park Bo Gum နဲ့ Park So Dam အဓိက ပါဝင်ထားတဲ့ ဇာတ်လမ်းတွဲမှာ အထူးတလည် ပါဝင်သွားမယ့် ဧည့်သည် သရုပ်ဆောင်တွေ ရှိနေပါတယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

 

ဒီဇာတ်လမ်းတွဲမှာ Park Bo Gum နဲ့ အတူ တွဲသရုပ်ဆောင်ထားတဲ့ ဧည့်သရုပ်ဆောင် Seo Hyun Jin ကတော့ စာရေးဆရာနဲ့လည်း သူမက အလုပ်တွဲလုပ်ခဲ့ဖူးတာကြောင့် ပါဝင်ပေးခဲ့တာ ဖြစ်ပြီး ဇာတ်လမ်းတွဲမှာ လူငယ်သရုပ်ဆောင်တွေ အားလုံးနဲ့ တက်ညီလက်ညီ အလုပ်လုပ်ရတာ တကယ့်ကို ကျေနပ်စရာ ကောင်းတာမို့ သူမ ပါဝင်ထားတဲ့ အခန်းကိုလည်း ကြည့်ကြဖို့ မျှော်လင့်ပါတယ်လို့ ပြောထားပါတယ်။

READ
အမြဲလှတဲ့ ကိုရီးယားအနုပညာရှင်စာရင်းရဲ့ နံပါတ်တစ် နေရာကို Son Ye Jin ရ

 

 

View this post on Instagram

 

091219 Seo Hyun Jin for “Black Dog” behind the scenes 😍 #서현진 #SeoHyunJin #徐玄振 #블랙독 #BlackDog

A post shared by Seo Hyun Jin Light!👑 (@seohyunjin27) on

မင်းသမီးလေး Kim Hye Yoon ကတော့ ပထမဆုံးအပိုင်းမှာ မိတ်ကပ်ပညာရှင် Lee Bo Ra အဖြစ် ပါဝင်ပေးခဲ့ပါတယ်။ သူမကတော့ ခဏပဲ ဒီဇာတ်လမ်းမှာ ပါဝင်ခွင့်ရခဲ့ပေမယ့်လည်း တကယ့်ကို ဝမ်းသာဂုဏ်ယူမိတယ်ဆိုတာကို ပြောခဲ့ပြီး သူမအတွက် တကယ့်ကို ပျော်စရာကောင်းခဲ့တဲ့ အတွေ့အကြုံ ဖြစ်ခဲ့ပါတယ်လို့ ဆိုပါတယ်။

 

 

View this post on Instagram

 

Người yêu chanh sả ghê luônnn❤ #recordofyouth #kimhyeyoon

A post shared by Phương Hoa (@phuong_hoa1211) on

Park Bo Gum ရဲ့ ရည်းစားဟောင်းအဖြစ် သရုပ်ဆောင်ပေးခဲ့တဲ့ Seol In Ah ကတော့ ဒီလို ဇာတ်ကားကောင်းမှာ ပါဝင်ခဲ့ရတာ တကယ့်ကို ဝမ်းသာပါတယ်။ ပျော်စရာလည်း ကောင်းခဲ့တယ်လို့ သူမရဲ့ အမြင်ကို ပြောခဲ့ပြီး ပရိသတ်တွေကိုလည်း လူငယ်ဘဝရဲ့ အရသာလေးတွေကို ခံစားနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။

READ
လူတွေ မထင်မှတ်ထားလောက်အောင် ဝိတ်ချပြေခဲ့တဲ့ Rebel Wilson ရဲ့ ဓာတ်ပုံ

 

 

View this post on Instagram

 

#seorina #seolinah #seolina #설인아 #_seorinafans_pict

A post shared by Seol In Ah Fans (@_seorina.fans) on

Kim Gun Woo ကလည်း ဒီလို ဇာတ်ကားကောင်းမှာ ပါဝင်ခွင့်ပေးခဲ့လို့ တကယ့်ကို ကျေးဇူးတင်မိပါတယ်။ သူ ပါဝင်သရုပ်ဆောင်ထားတဲ့ Do Ha ဆိုတဲ့ ဇာတ်ဆောင်ကိုလည်း Record of Youth မှာ ကြည့်ရှုပေးကြပါဦးလို့ ပြောကြားထားပါတယ်။

 

ခေတ်မီနေတဲ့ ကမ္ဘာကြီးမှာ အချစ်ကိုလည်း ရှာရင်း အိပ်မက်တွေအတွက်လည်း ရုန်းကန်နေရတဲ့ လူငယ်တွေအတွက် Record of Youth က တမျိုးတမည်သော ခံစားမှုကို ရစေမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကို စက်တင်ဘာလ ၇ ရက်နေ့ ည ၉ နာရီမှာ စတင် ထုတ်လွှင့်သွားမှာပဲ ဖြစ်ပါတယ်။

Kham

 

SHARE