ဒီရက်ပိုင်း ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးနေတဲ့ အလုပ်အကိုင်တွေအကြောင့် ဗီဒီယိုလေးတစ်ခုကို ပြန်လည်ဝေမျှပေးချင်ပါတယ်။ ကြည့်လိုက်တာနဲ့တင် အသည်းယားဖို့ကောင်းတဲ့အလုပ်တွေလို့ ခံစားမိမှာဖြစ်ပြီး အသက်အန္တရာယ်နဲ့ အနီးဆုံးဆိုတာလည်း ပြောဖို့တောင်လိုမယ်မထင်ပါဘူး။
(၁)။ ချီတာကျားသစ်တွေကို အစာကျွေးရတဲ့အလုပ်
တောင်အာဖရိကရဲ့တစ်နေရာမှာ ချီတာကျားသစ်တွေကို အစာကျွေးရတဲ့အလုပ်က ကြည့်လိုက်တာနဲ့တင် အသည်းယားစရာပါ။ လူနှစ်ယောက်က အသားတုံးတွေ ထည့်ထားတဲ့ လှည်းကြီးကို ၀ိုင်းနေကြတဲ့ ကျားသစ်တွေကို တုတ်လေးနှစ်ချောင်းနဲ့ ခြောက်လှန့်အစာကျွေးနေကြပြီး အသားတုံးကြီးတွေကို ထုတ်လိုက်တိုင်း ကျားသစ်တွေက ၀ိုင်းဝိုင်းလည်နေကြတာပါပဲ။ အဲဒီနှစ်ယောက်ကတော့ ကျားသစ်တွေကို ရှိတယ်လို့တောင် ထင်ပုံမရပါဘူး။ သူတို့က လုပ်နေကြဖြစ်နေလို့လားမသိဘူး၊ စိတ်အေးလက်အေးနဲ့ အစာကျွေးနေလိုက်ကြတာ။ ကြည့်တဲ့သူတွေသာ ရင်တထိတ်ထိတ်နဲ့။
Do you want to try this work? :)))))
Posted by Wild Animals TV on Friday, August 30, 2019
(၂)။ မိကျောင်းတွေကိုအစာကျွေးတဲ့အလုပ်
မိကျောင်းတွေက ကန်ထဲမှာပဲရှိနေပြီး ကိုယ်က အပေါ်ကနေ အစာကျွေးရတယ်ဆိုရင်တော့ ဒီအလုပ်က တမျိုးပါ။ ဒါပေမယ့် ကန်ထဲကိုဆင်းပြီး မိချောင်းတွေနဲ့ ပေအနည်းငယ်အကွာမှာ ရပ်လို့ အစာကျွေးရတယ်ဆိုရင်တော့ အရမ်းကြီး စွန့်စားရာ ရောက်သွားပါပြီ။ အောက်မှာဖော်ပြထားတဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ မိကျောင်းတွေအများကြီးကို အစာကျွေးဖို့ ကြိုးစားနေသူတစ်ယောက်ကို တွေ့ရမှာဖြစ်ပြီး သူက ပုံးတစ်ခုထဲမှာ ထည့်ထားတဲ့အစာတွေကို မိကျောင်းတွေအတွက် ကျွေးဖို့လုပ်နေခဲ့တယ်။ သူ့ကိုကြည့်ရတာ နည်းနည်းတော့ ကြောက်နေတဲ့ပုံရပြီး မိကျောင်းတစ်ကောင်ချင်းစီဆီရောက်အောင် သူ့လက်ထဲက အသားတွဲကို အချိန်အဆ မှန်မှန်နဲ့ ပစ်ပေးနေခဲ့တယ်။
Easy work..high salary part I pic.twitter.com/fDFYFngP6f
— चांसलर चाणक्य (@ChanakyaChacha) September 12, 2019
(၃)။ မြွေအလမ္မယ်ပွဲအတွက် မြွေဟောက်တွေကိုရွေးရတဲ့သူ
မြွေတွေအပြည့်ထည့်ထားတဲ့ ကန်တစ်ခုထဲမှာ မြွေဟောက်တွေကို ၀င်ပြီးရွေးနေရသူတစ်ယောက်ကို ကြည့်လိုက်ပါဦး။ ရှိသမျှမြွေတွေက ဘေးပတ်ပတ်လည်မှာ ပါးပြင်းထောင်ပြီး ပေါက်ဖို့ကြိုးစားနေပေမယ့် သူကတော့ အိတ်တစ်အိတ်ကိုသာ အကာအကွယ်တစ်ခုအဖြစ် ယူဆောင်သွားခဲ့ပြီး လက်ထဲမှာ တုတ်ချောင်းတစ်ချောင်းတောင် မပါ ပါဘူး။ သူက မြွေတွေကြားမှာ အေးအေးဆေးဆေးပဲ လျှောက်သွားနေခဲ့ပြီး ဘယ်မြွေက ပြပွဲအတွက် သင့်တော်သလဲလို့ အေးဆေးရွေးနေလိုက်တာ ကြည့်ရတာ အသည်းယားစရာပါပဲ။ နောက်ဆုံးမှာတော့ သူလိုချင်တဲ့မြွေတစ်ကောင်ကိုတွေ့ပြီး အိတ်ထဲကို အေးအေးဆေးဆေးထည့်လိုက်ပုံက ဒီအလုပ်မှာ ဘယ်လောက်တောင် ဆရာကျနေပြီလဲဆိုတာ ပြသနေသလိုပါပဲ။
(၄)။ ရေမြင်းကို သွားတိုက်ပေးရတဲ့အလုပ်
ကြားလိုက်ရတာနဲ့ ဘယ်လို အလုပ်ကြီးမှန်းလည်းမသိဘူးဆိုပြီး ဖြစ်သွားမှာပါ။ တကယ်လည်း ရေမြင်းကို သွားတိုက်ပေးရတဲ့အလုပ်ပါပဲ။ ဗီဒီယိုထဲမှာ မြင်ရမှာပါ။ ပါးစပ်အကျယ်ကြီးဟထားတဲ့ ရေမြင်းကြီးရဲ့ သွားတွေကို သွားပွတ်တံအကြီးနဲ့ တိုက်ပေးနေရတာဖြစ်ပြီး ရေမြင်းကြီးသာ ပါးစပ်ပိတ်လိုက်လို့ကတော့ တစ်ခါတည်း ကိုက်ပြီးသား ဖြစ်သွားမှာပါပဲ။
Top 4 easy work high salary pic.twitter.com/LX3lErsIub
— Mbuso (@Mbuso97762224) September 16, 2019
ကဲ…သင့်အနေနဲ့ တိရိစ္ဆာန်ချစ်သူတစ်ယောက်လို့ ကိုယ့်ကိုယ့်ကိုယ် ထင်ထားမိတယ်ဆိုရင် ဒီအလုပ်လေးတွေကို လုပ်ကြည့်ဖို့ ကြိုးစားကြည့်ပါလား။ အသည်းတယားယားနဲ့ပေါ့…။
Linn
Source : Twitter