ဟိတ်ဟန်နဲ့ ထောင်လွှားမှု မရှိတဲ့ အနုပညာရှင် YoonA ရဲ့ ပရိသတ်တွေ သိပ်မသိတဲ့ အချက်များ

yoona__lim/IG

Girl’s Generation အဖွဲ့က YoonA ကတော့ သူမရဲ့ အလှကြောင့် နာမည်ကျော်ကြားလှသူ တစ်ဦး ဖြစ်ပါတယ်။ တကယ်တမ်းမှာတော့ အပြင်ပန်းအလှတွေထက် ပိုတဲ့ အလှတွေကြောင့်လည်း နာမည်ကျော်ကြားနေသူ ဖြစ်နေပါတယ်။ သူမရဲ့ အရည်အချင်း၊ ကြင်နာတတ်မှု၊ ဉာဏ်ကောင်းမှုနဲ့ လူသားဆန်တဲ့ စိတ်တွေကို သိရင် ကိုရီးယားက အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာတာကို အံ့သြစရာ တစ်ချက် မရှိပါဘူးဆိုပြီး YoonA အကြောင်းကို Koreaboo ကနေ ဖော်ပြထားပါတယ်။ သူမကို လူချစ်လူခင်များပြီး သူမက ဟိတ်ဟန် မရှိတာကို ပေါ်လွင်စေတာကတော့ သူမရဲ့ ဒီအချက် လေးချက်ကြောင့်ပဲ ဖြစ်ပါတယ်။

(၁) သူမ အရင်က စီးခဲ့တဲ့ ကား

အခုလက်ရှိမှာ သူမရဲ့ ကားက Porche ဖြစ်နေပေမယ့် ဒီကား မတိုင်ခင်က သူမ စီးခဲ့တာက Volkswagen Scirocco ဖြစ်ပါတယ်။ အဲ့သည့်ကားတန်ဖိုးကတော့ အမေရိကန် ဒေါ်လာ ၃ သောင်းခွဲကျော်ခန့် တန်ဖိုး ရှိလို့ ဈေးအနည်းဆုံး ပါလို့ ပြောလို့မရပေမယ့် အောင်မြင်ပြီး အရည်အချင်းရှိတဲ့ မင်းသမီးတစ်ယောက်အနေနဲ့တော့ ဒီလို ကားမျိုး စီးလိမ့်မယ်လို့ မျှော်လင့်မိကြမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဈေးမကြီးတဲ့ ကားစီးလည်း အဆင်ပြေနေတတ်တဲ့ သူမရဲ့ စိတ်ထားကို ပရိသတ်က ချစ်နေခဲ့ကြပါတယ်။

https://www.instagram.com/p/B4B8lL7HbbY/

READ
ပွဲတစ်ခုမှာ အတူတွေ့ရတဲ့ နတ်မိမယ်လေး(၃)ယောက်

(၂) ခက်ခဲတဲ့ အိမ်အလုပ်တွေလည်း လုပ်တတ်တယ်

နာမည်ကျော် မင်းသမီးတစ်ယောက်အနေနဲ့ အိမ်ကိစ္စတွေ လုပ်တတ်တယ်ဆိုရင်တောင် ချီးကျူးစရာ ဖြစ်နေပါပြီ။ ဒါပေမယ့် သူမကတော့ အိမ်သာပိတ်တာကိုတောင် ဖြေရှင်းတတ်နေပါတယ်။ Hyori’s Homestay အစီအစဉ်ရဲ့ အပိုင်းတစ်ခုမှာတော့ Lee Hyori အမျိုးသား အိမ်မှာ မရှိချိန် အိမ်သာပိတ်နေတာကို Lee Hyori အံ့သြသွားလောက်အောင် YoonA က ပြန်ပြင်ပေးခဲ့ပါတယ်။ သူမကတော့ ဒီလိုကိစ္စတင် မဟုတ်ဘဲနဲ့ ထင်းဘယ်လို ခွဲရမယ်။ နံရံတွေကို ဘယ်လို ဆေးသုတ်ရမယ်ဆိုတာတွေအပြင် တစ်ခြားကိစ္စတွေပါ လုပ်တတ်ပါသေးတယ်။

(၃) အလုပ်လည်း ကြိုးစားတယ်

သူမ အသက် ၁၂ နှစ်မှာတည်းက SM Entertainment ရဲ့ trainee တစ်ောက် ဖြစ်ခဲ့တာပါ။ နောက်ငါးနှစ် ကြာမှာတော့ သူမက Girls’ Generation အဖွဲ့နဲ့ ပွဲဦးထွက်ခဲ့ပါတယ်။ သူမရဲ့ ဘဝနဲ့ အနုပညာရှင်တစ်ယောက်ရဲ့ ဘဝ နှစ်ခုလုံးကို သူမကတော့ မျှတအောင် ဖြတ်သန်းခဲ့ပါတယ်။ အထက်တန်းကျောင်းကို ၂၀၀၉ မှာ အောင်မြင်ခဲ့ပြီး ၂၀၁၅ မှာ Dongguk University ကနေ ဘွဲ့ ရရှိခဲ့ပါတယ်။ လက်ရှိမှာလည်း အောင်မြင်မှုတွေ ရရှိနေသူ ဖြစ်ပါတယ်။

(၄) အလှူအတန်းလည်း ရက်ရောတယ်

READ
ကြည့်ရှုနှုန်း အရမ်းများနေတဲ့ Kendall Jenner ရဲ့ Bottle Cap Challenge

လှူဒါန်းမှုတွေကိုလည်း  အမြဲ ပြုလုပ်နေတတ်ပါတယ်။ ၂၀၁၀ မှာ သူမရဲ့ လှူဒါန်းမှုတွေ စတင်ခဲ့ပြီး ၂၀၁၅ မှာ Honor Society ရဲ့ ပထမဆုံး idol အဖွဲ့ဝင် တစ်ယောက် ဖြစ်ခဲ့ပါတယ်။ Honor Society ရဲ့ အဖွဲ့ဝင်တွေကတော့ လူမှုရေးကြောင့် ထိခိုက်နစ်နာတဲ့သူတွေကို ပြန်လည်ထူထောင်အောင် ကူညီပေးနေတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။ Community Chest of Korea ကိုလည်း အမေရိကန်ဒေါ်လာ ၂ သိန်း ၇ သောင်းကို မကြာသေးခင်ကပဲ လှူဒါန်းထားပါသေးတယ်။ တစ်ခြား လှူဒါန်းထားတာတွေလည်း ရှိပါသေးတယ်။

Shwe Yee

 

SHARE