
Bollywood ရုပ်ရှင်လောကရဲ့ နာမည်ကြီးမင်းသားတစ်ဦးဖြစ်တဲ့ ရှာရွတ်ခန်ကိုတော့ ရုပ်ရှင်ချစ်ပရိသတ် တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ ရှာရွတ်ခန်ဟာ Bollywood ရုပ်ရှင်လောကရဲ့ လူချစ်လူခင်အများဆုံး မင်းသားတစ်ယောက် ဖြစ်တဲ့အပြင် ပရိသတ်အင်အားတော်တော်လေးကို များပြားလှတဲ့ မင်းသားကြီးတစ်ဦးပါပဲ။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ ရက်နေ့က ရှာရွတ်ခန်ရဲ့ အသက် ၅၅ နှစ်ပြည့်မွေးနေ့မှာဆိုရင်လည်း ရှာရွတ်ခန်ရဲ့ ပရိသတ်တွေဟာ ရှာရါတ်ခန်အတွက် လက်သန့်ဆးရည်နဲ့ Facemask တွေကို လှူဒါန်းခြင်း၊ လမ်းဘေးတိရစ္ဆာန်လေးများအား အစာဒါနပြုခြင်း အစရှိတဲ့ ကောင်းမှုကုသိုလ်တွေကို ရှာရွတ်ခန်အတွက် ပြုလုပ်ပေးခဲ့ကြပါတယ်။ အခုပြောပြချင်တဲ့ ကိစ္စကတော့ မင်းသားကြီး ရှာရွတ်ခန်အကြောင်း လူတော်တော်များများ မသိကြသေးတဲ့ အချက် ၄ ချက်ပဲ ဖြစ်ပါတယ်။
၁။ ရှာရွတ်ခန်ဟာ ကျောင်းသားဘ၀တုန်းက စာတော်သလောက် အရမ်းဆိုးတဲ့ လူဆိုးလေးတစ်ယောက်ပါ
ရှာရွတ်ခန်ရဲ့ ကျောင်းသားဘဝတော်တော်မျာများက Delhi မြို့ရှိ St. Columbia ကျောင်းမှာ အချိန်ကုန်ခဲ့ပါတယ်။ ငယ်ရွယ်စဉ်ကျောင်းသားဘဝမှာ ရှာရွတ်ခန်ဟာ စာအရမ်းတော်သလောက် တစ်ဖက်မှာလည်း အရမ်းကို ဆိုးတဲ့ လူဆိုးလေးတစ်ယောက်ပါ။ အတန်းချိန်တွေမှာ အိပ်နေတာတို့၊ သူငယ်ချင်းတွေနဲ့ ခဏခဏရန်ဖြစ်တာတို့၊ ကျောင်းပြေးတာတို့ အစရှိတဲ့ လုပ်ရပ်တွေနဲ့ နာမည်ကြီးခဲ့တဲ့ လူဆိုးလေးတစ်ယောက်ပါ။ ဒါပေမယ့် အဲဒီအချိန်တုန်းက လူဆိုးလေးဟာ အခုအချိန်မှာတော့ တစ်ကမ္ဘာလုံး သိတဲ့ နာမည်ကြီး အနုပညာရှင်တစ်ယောက် ဖြစ်နေပြီပဲ ဖြစ်ပါတယ်။
၂။ ရှာရွတ်ခန်နဲ့ သူ့ဇနီး Gauri တို့ လက်ထပ်ပြီးစ အချိန်တုန်းက အရမ်းဆင်းရဲခဲ့ပါတယ်
ရှာရွတ်ခန်နဲ့ Gauri တို့ လက်ထပ်ခါစက တော်တော်လေးကို ငွေရေးကြေးရေး အဆင်မပြေခဲ့ပါဘူး။ အပေါ်မှာ တွေ့ရတဲ့ ပုံကတော့ လင်မယားနှစ်ယောက် လက်ထပ်မင်္ဂလာပွဲက ပုံပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ရှာရွတ်ခန်တစ်ယောက်ကတော့ ကြိုးစားချင်စိတ်နဲ့ သူ့ဇနီး Gauri လက်ကိုဆွဲပြီး လင်မယားနှစ်ယောက် Mumbai မြို့ကို တက်လာခဲ့ပြီး Bollywood က စတူဒီယိုတွေမှာ ရှာရွတ်ခန်ဟာ ရရာအလုပ်ကို လုပ်ကိုင်ခဲ့ပြီး သူတကယ်ဝါသနာပါတဲ့ သရုပ်ဆောင်အလုပ်ကို သင်ကြားခဲ့ပါတယ်။ အောက်မှာတွေ့ရတဲ့ ပုံကတော့ အခုလက်ရှိ ရှာရွတ်ခန်တို့ရဲ့ မိသားစု ဓာတ်ပုံပဲ ဖြစ်ပါတယ်။
၃။ ရှာရွတ်ခန် ပထမဦးဆုံး သရုပ်ဆောင်ခဲ့တာ Fauji တီဗီဇာတ်လမ်းတွဲ ဖြစ်ပါတယ်
၁၉၈၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Fauji အမည်ရ တီဗီဇာတ်လမ်းတွဲဟာ ရှာရွတ်ခန်တစ်ယောက် ပထမဦးဆုံး စတင်သရုပ်ဆောင်ခွင့် ရခဲ့ပါတယ်။ အဆိုပါ ဇာတ်လမ်းတွဲကို ရိုက်ကူးတဲ့ ဒါရိုက်တာ Rai Kumar Kapoor ကတော့ ရှာရွတ်ခန်ဟာ ကင်မရာထဲမှာ တော်တော်လေး ကြည့်ကောင်းတဲ့ မင်းသားတစ်ယောက်ဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Circus အမည်ရ တီဗီဇာတ်လမ်းတွဲတစ်ခုမှာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ခွင့် ရရှိခဲ့ပါတယ်။
၎။ ရှာရွတ်ခန်ဟာ Dilwale Dulhania Le Jayenge အမည်ရဇာတ်ကားနဲ့ လူသိများလာတာ ဖြစ်ပါတယ်
(၁၉၉၅) ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Dilwale Dulhania Le Jayenge ဇာတ်ကားကတော့ ရှာရွတ်ခန်ကို လူသိများပြီး အောင်မြင်လာစေခဲ့တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒါ့အပြင် ရှာရွတ်ခန်ရဲ့ တွဲဖက်မင်းသမီး Kajol ရဲ့ သဘာဝကျလွန်းတဲ့ သရုပ်ဆောင်ချက်တွေကြောင့် Dilwale Dulhania Le Jayenge ဇာတ်ကားဟာ ပိုပြီး လူသိများလာကာ အိန္ဒိယနိုင်ငံတစ်ဝှမ်းမှာ အဲဒီခေတ်က လူကြိုက်အများဆုံး ဇာတ်ကားတစ်ကား ဖြစ်လာခဲ့ပါတယ်။
Pyi Hein Kyaw