Gym သွားပြီး လေ့ကျင့်ခန်း မလုပ်ခင် စားသုံးသင့်တဲ့ အစားအစာ(၄)မျိုး

Pixabay-StockSnap

လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ဖို့အတွက် နေ့စဉ် လေ့ကျင့်ခန်းလုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒီလိုနေ့စဉ်လေ့ကျင့်ခန်းလေး ပုံမှန်လုပ်ပေးမှသာလျှင် ကျန်းမာပြီး ရောဂါဘယတွေ ကင်းဝေးစေမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လူတော်တော်များများဟာ ကိုယ့်ဘာသာကိုယ် အိမ်မှာနေပြီး လေ့ကျင့်ခန်းလုပ်တဲ့လူ တော်တော်ရှားပါတယ်။ ဒါ့ကြောင့် များသောအားဖြင့် Gym ကိုသွားကာ လေ့ကျင့်ခန်းလုပ်လေ့ရှိပါတယ်။ ဒါ့ကြောင့် Gym သွားပြီး လေ့ကျင့်ခန်းလုပ်တာဟာ အိမ်မှာ ကိုယ့်ဟာကိုယ်လုပ်တာထက် ပိုပြီးပင်ပန်းသလို ပိုပြီးလည်း ထိရောက်ပါတယ်။ ဒါ့ကြောင့် Gym သွားပြီး လေ့ကျင့်ခန်းမလုပ်ခင် စားသင့်တဲ့ အစားအစာ ၄ ခုအကြောင်းကို Insider သတင်းဌာနမှာ ဖော်ပြဖူးတဲ့ အကြောင်းအရာတစ်ချို့ကို မှီငြမ်းပြီး Shwemom ပရိသတ်ကြီးသိအောင် တင်ဆက်ပေးလိုက်ရပါတယ်။

၁။ ငှက်ပျောသီး(Bananas)

Pixabay-_Alicja_

ငှက်ပျောသီးကတော့ အလုပ်ကနေ Gym ကိုတန်းလာတဲ့ လူတွေအတွက် အသင့်တော်ဆုံးပါပဲ။ ဘယ်သူမဆို အလုပ်ကနေ တန်းပြီး Gym လာဆော့ရင် အနည်းနဲ့အများ ပင်ပန်းပြီး ဗိုက်ဆာနေကြမှာပါပဲ။ ဒါ့ကြောင့် ငှက်ပျောသီးစားလိုက်ရင် ဗိုက်အနည်းငယ်ပြည့်ဝသွားပြီး အစာကြေလည်းလွယ်တာကြောင့် Gym ဆော့လည်း ဘာမှ မဖြစ်ပါဘူး။ ဒါ့အပြင် ငှက်ပျောသီးထဲမှာပါဝင်တဲ့ Carbohydrates ဓာတ်တွေဟာ ပန်းသီး၊ လမ္မော်သီးတို့ထက် နှစ်ဆပိုပါဝင်တာကြောင့် Gym ဆော့ရင်း ခန္ဓာကိုယ်ထဲမှာ ကုန်သွားတဲ့ Carbohydrates ဓာတ်ကို အလျင်အမြန်ဖြည့်တင်းပေးတာကြောင့် Gym မဆော့ခင် စားသုံးသင့်တဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။

READ
သံပရိုခြမ်းကို အိပ်ယာဘေးထားအိပ်ခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ

၂။ အစေ့အစံ(Whole grains)

Pixabay-Pexels

အစေံအစံဆိုတာကတော့ နေကြာစေ့တို့၊ ဗာဒံစေ့တို့၊ စွံပလွံစေ့တို့၊ သီဟိုဠ်စေ့တို့ အစရှိတဲ့ အစေ့အစံပေါင်းစုံ ပါဝင်ပါတယ်။ ဒီအစေံအစံတွေကို Gym မသွားခင်စားလိုက်မယ်ဆိုရင်တော့ လိုအပ်တာထက်ပိုပြိးချွေးထွက်များနေတာတို့ကို ထိန်းပေးတဲ့အပြင် ခန္ဓာကိုယ်ထဲမှာရှိတဲ့ Carbohydrates ဓာတ်ကို ထိန်းထားပေးနိုင်ပါတယ်။ လူတစ်ယောက်ဟာ Gym မသွားခင် CHO လိုအပ်ပါတယ်။ C ဆိုတာကတော့ Carbohydrates ဖြစ်ပြီး HO ဆိုတာကတော့ ရေ(H20) ကို အတိုကောက် ခေါ်တာပဲ ဖြစ်ပါတယ်။ အဆိုပါအစေ့အစံတွေထဲမှာ ရေဓာတ်တွေ၊ Carbohydrates ဓာတ်တွေ အပြည့်အဝပါရှိတာကြောင့် Gym မသွားခင် စားသောက်သင့်တဲ့ အစားအစာတစ်မျိုးပဲ ဖြစ်ပါတယ်။

၃။ အုတ်ဂျုံ(Oat)

Pixabay-sue_v67

အုတ်ဂျုံမှုန့်ကိုစားရင် လူတစ်ချို့က အဆီတက်တယ်လို့ ထင်တတ်ပါတယ်။ အမှန်တကယ်တော့ အုတ်ဂျုံမှုန့်မှာ ဓာတ်ပေါင်းများစွာ ပါဝင်ပြီး လူတစ်ယောက်လိုအပ်တဲ့ ဓာတ်ပေါင်းများစွာကို အဆိုပါ အုတ်ဂျုံထဲက ရရှိနိုင်ပါတယ်။ ဒါ့အပြင် ကိုယ့်ခန္ဓာကိုယ်ထဲမှာရှိပြီးသားဓာတ်တွေကိုလည်း အပြင်ကို အလွယ်တကူ ပြန်မထွက်စေတာကြောင့် Gym မသွားခင် စားသောက်သွားသင့်တဲ့ အစားအစာတစ်မျိုးပဲ ဖြစ်ပါတယ်။

READ
နှလုံးကျန်းမာရေးအတွက် အိပ်ချိန် ၈နာရီရှိခြင်းသည် အကောင်းဆုံးဖြစ်

၎။ ဒိန်ချဉ်နဲ့ အသီးအနှံများ(Yogurt and fruit)

Pixabay-ximatsuking

အသီးအနှံတွေပါဝင်တဲ့ ဒိန်ချဉ်တစ်ခွက်ကို သောက်လိုက်တာဟာ Carbohydrates ဓာတ်ပေါင်းများစွာနဲ့ ပရိုတိန်းဓာတ်ပေါင်းများစွာကို သောက်သုံးလိုက်တာနဲ့ အတူတူပါပဲ။ ဒါ့ကြောင့် Gym မဆော့ခင် အသီးအနှံဒိန်ချဉ်တစ်ခွက်ကို သောက်လိုက်မယ်ဆိုရင်တော့ လူခန္ဓာကိုယ်ဟာ ချွေးထွက်နည်းပြီး Workout ကို ပိုလုပ်နိုင်မှာပဲ ဖြစ်ပါတယ်။

Pyi Hein Kyaw

SHARE