ဝက်ခြံတွေထွက်လာပြီဆိုတာနဲ့ စားသုံးသင့်တဲ့အသီးအနှံတွေ

ကြည်လင်နေတဲ့ မျက်နှာလေးပေါ်မှာ ၀က်ခြံတွေထွက်လာတာဟာ တကယ့်ကို အိပ်မက်ဆိုးကြီးပါပဲ။ ၀က်ခြံတစ်ခုလောက်က ပြဿနာမရှိသေးပေမယ့် ၀က်ခြံတွေ တဖြည်းဖြည်းများလာပြီဆိုရင်တော့ စိတ်ထဲမှာ ဘာဖြစ်မလဲဆိုပြီး ကြောက်နေမိမှာဖြစ်သလို ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလည်း ကျဆင်းသွားမှာပါ။ ကျန်းမာရေးဆိုင်ရာ နည်းလမ်းတွေအရတော့ ၀က်ခြံအထွက်များတဲ့သူတွေအနေနဲ့ အသီးအနှံတွေကိုစားပြီး ၀က်ခြံတွေကို ကြိုတင်ကာကွယ်တာမျိုး၊ လျော့ချတာမျိုးပြုလုပ်နိုင်ပါတယ်။ အဲဒါက ဘယ်လို အသီးအနှံတွေလည်းဆိုတော့…

flo health
(၁)။ အခွံမာသီး

Selenuim နဲ့ Zinc စတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေချို့တဲ့မှုက ၀က်ခြံထွက်ခြင်းရဲ့အကြောင်းရင်းတွေထဲက တစ်ခုလို့ ဆိုကြတာပါ။ အခွံမာသီးအများစုမှာ အားအင်ပြည့်ဝတဲ့ သတ္တုဓာတ်တွေပါဝင်နေတာမို့ ကျန်းမာကြည်လင်တဲ့ အသားအရေဖြစ်ဖို့ စားသုံးပေးသင့်ပါတယ်။

(၂)။ ထောပတ်သီ

အသားအရေနဲ့ပတ်သက်လာရင် ထောပတ်သီးရဲ့စွမ်းအားက တကယ့်ကို အံ့သြစရာပါပဲ။ အရေပြားထိန်းသိမ်းတဲ့နေရာမှာ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် E နဲ့ C တို့ ပါဝင်တာမို့ ထောပတ်သီးစားပေးခြင်းက  ၀က်ခြံထွက်ခြင်းကို တစ်ဖက်တစ်လမ်းကနေ တားဆီးပေးရာရောက်ပါတယ်နော်။

READ
ကောင်းကောင်းအိပ်ပျော်စေဖို့ အိပ်ယာဝင်ခါနီး ရှောင်သင့်တဲ့ အရာများ
freep
(၃)။ စပျစ်သီး(အနီ)

စပျစ်သီးမှာမှ အနီရောင်စပျစ်သီးတွေက အသားအရေထိန်းသိမ်းမှုအတွက်အလွန် အထောက်အကူဖြစ်ပါတယ်။ အရေပြားပေါ်က ဓာတ်မတည့်တဲ့ ပြဿနာတွေကို တားဆီးပေးနိုင်သလို အရေပြားတွန့်တာတွေအထိကိုပါ ကာကွယ်ပေးနိုင်လို့ စပျစ်သီးအနီဟာ အသားအရေထိန်းသိမ်းချင်သူတွေအတွက်တော့ မဖြစ်မနေစားသင့်တဲ့ အသီးအနှံပါပဲ။

Natural Food Series
(၄)။ ဆန်လုံးညို

အညိုရောင်ဆန်တွေမှာ အဓိက ပါဝင်တာက ဗီတာမင် B ၊ ပရိုတိန်းဓာတ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်စတဲ့ အရေပြားအတွက် အရေးကြီးတဲ့ ဓာတ်တွေပါ။ အဲဒီအထဲမှာမှ ဗီတာမင် B က ၀က်ခြံဖြစ်ပေါ်စေတဲ့ ဆဲလ်တွေကို အဓိက  တိုက်ဖျက်ပေးတာမို့ အညိုရောင်ဆန်တွေကိုစားသုံးပေးခြင်းနဲ့လည်း ၀က်ခြံကို တိုက်ဖျက်နိုင်ပါတယ်။

Linn

Source : Shefinds

SHARE