ပထမဆုံးအနမ်းက ရုပ်ရှင်ရိုက်ကူးရေးမှာ ဖြစ်ခဲ့ကြောင်း ဝန်ခံခဲ့တဲ့ K-pop Idol ၄ ယောက်

IG/kevinwoo_official

တောင်ကိုရီးယားမှာ ဖြတ်သန်းတဲ့ လူငယ်တွေက ပထမဆုံးဆိုတဲ့ အရာတွေကို သိပ်ကို တန်ဖိုးထားတတ်ကြပါတယ်။ ပထမဆုံး နှင်းကျတဲ့နေ့နဲ့ ပတ်သတ်ပြီး နိမိတ်တွေလည်း ရှိသလို ပထမဆုံး အနမ်းအတွက်လည်း တန်ဖိုးထားပြီး ရင်ခုန်တတ်ကြပါတယ်။ အဲ့သလိုပဲ အချစ်ဦးဆိုတာကလည်း သူတို့ရဲ့ တန်ဖိုးထားမှု တစ်ခုပါပဲ။ ဒီအချက်တွေကို ရုပ်ရှင်တွေထဲမှာလည်း အမြဲ ဖော်ပြရိုက်ကူးလေ့ ရှိပါတယ်။

တောင်ကိုရီးယား သရုပ်ဆောင်တွေကတော့ ဆယ်ကျော်သက်ဘဝမှာတည်းက အနုပညာလောကထဲမှာ ရှိနေတာ များပါတယ်။ တစ်ချို့ Idol တွေဆိုရင် သူတို့ရဲ့ ပထမဆုံး အနမ်းက ရုပ်ရှင်ရိုက်ရင်းနဲ့ ဖြတ်သန်းလိုက်ရပါတယ်။ သူတို့ရဲ့ ပထမဆုံးအနမ်းက ရုပ်ရှင်ရိုက်ရင်းနဲ့ ဖြတ်သန်းခဲ့ရကြောင်းကို ဝန်ခံခဲ့တဲ့ Idol ၄ ယောက်ကိုတော့ koreaboo ကနေ အခုလိုပဲ ဖော်ပြထားပါတယ်။

(၁) Suzy

 

Suzy ကတော့ သူမရဲ့ ပထမဆုံး အနမ်းအကြောင်းကို Off The Record ဆိုတဲ့ အစီအစဉ်မှာ ပြောခဲ့တာ ဖြစ်ပါတယ်။ သူမကတော့ Dream High ဇာတ်လမ်းမှာ စတင် နာမည်ရလာခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီဇာတ်လမ်းကပဲ သူမရဲ့ ပထမဆုံး အနမ်း ရှိခဲ့တဲ့ ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။

READ
မွေးနေ့လေးကို အလှူအတန်းတွေနဲ့ ဖြတ်သန်းခဲ့တဲ့ ခင်ဝင့်ဝါ

(၂) Taeyang ( BIGBANG)

 

 

View this post on Instagram

 

⚡️⚡️⚡️ #광고 #LvVolt

A post shared by TAEYANG (@__youngbae__) on

Taeyang တော့ အခုအချိန်မှာ Min Hyo Rin နဲ့ လက်ထပ်ထားပါတယ်။ သူ့ရဲ့ ပထမဆုံး အနမ်းကတော့ သူ့ရဲ့ Ma Girl သီချင်းဗီဒီယိုအတွက် ရိုက်ကူးခဲ့ချိန်မှာ ဖြစ်ပါတယ်။

(၃) Kevin

 

 

View this post on Instagram

 

Hey how are you? I miss you. 보고싶어요! 会いたい!

A post shared by Kevin Woo 케빈 ケビン (@kevinwoo_official) on

သူကတော့ သူ့ရဲ့ ပထမဆုံး အနမ်းအကြောင်း ကို အစီအစဉ်တစ်ခုမှာ ဖွင့်ပြောခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ပထမဆုံး အနမ်းကတော့ ဂီတ ပြုလုပ်နေစဉ်မှာ ဖြစ်ပြီး သရုပ်ဆောင် Bae Seul Gi နဲ့ ဖြစ်ပါတယ်။

READ
City FM ပွဲသို့ တက်ရောက်လာတဲ့ သဉ္ဇာ ၊၀ါဆိုမိုးဦး နဲ့ ဖြိုးလေး

(၄) Dohee

 

 

View this post on Instagram

 

집순이 간만에 외출

A post shared by 민도희 (@mdh0925_) on

သူမရဲ့ ပထမဆုံး အနမ်းကတော့ သရုပ်ဆောင် Kim Sung Kyun နဲ့ ဖြစ်ပါတယ်။ Reply 1994 ရိုက်ကူးရေးမှာ ဖြစ်ပါတယ်။ သူမကတော့ ရုပ်ရှင်ပေါ်မှာ ရှိတဲ့ ပထမဆုံး အနမ်း မဟုတ်ခဲ့ဘဲ သူမ ဘဝမှာ ပထမဆုံး အနမ်း ဖြစ်ခဲ့တာပါလို့ ဝန်ခံခဲ့ပါတယ်။

Kham

SHARE