Red Velvet အဖွဲ့ဝင် Irene ဟာသူမရဲ့နှစ်လိုဖွယ်ကောင်းတဲ့ရုပ်ရည်ကြောင့်သာမက၊ ချစ်စရာကောင်းတဲ့ပင်ကိုစရိုက်ကြောင့်ပါပရိတ်သတ်တွေကြားမှာရေပန်းစားနေတဲ့အဆိုတော်မလေးတစ်ယောက်ဖြစ်ပါတယ်။သူမဟာ အမျိုးသားနုပညာရှင်တွေတောင်Social media တွေ၊ တိုက်ရိုက်တင်ဆက်မှုအစီအစဉ်တွေမှာပါ သူမကိုသဘောကျကြောင်းထုတ်ဖော်ပြသလောက်တဲ့အထိလှသူပါ။ဒီလိုအမျိုးသားအနုပညာသည်တွေထဲကမှ သင်မထင်မှတ်ထားလောက်တဲ့သူတွေကပါ Irene ကိုသဘောကျနှစ်သက်ကြောင်းတိုက်ရိုက်တင်ဆက်မှုအစီအစဉ်တွေမှာပြောပြခဲ့ကြပါတယ်။သူတို့တွေကတော့….
(၁) EXO အဖွဲ့မှ Chanyeol
Melon Music Award 2016 မှာ Top 10 ဆုရခဲ့တဲ့ Irene တစ်ယောက်ကျေးဇူးတင်စကားပြောနေတဲ့အချိန်မှာ Chanyeol ဟာ “အာ့…သူမကတော်တော်လှတာပဲ”ဆိုပြီးအမှတ်မဲ့ရေရွတ်လိုက်တာကို Cameraman တွေကအမိအရရိုက်မိခဲ့ပါတယ်။ ဒါကိုသိသွားတဲ့ Chanyeol ဟာရှက်ရှက်နဲ့မျက်နှာကိုလက်နဲ့အုပ်လိုက်ပေမယ့်လည်း သူသဘောကျနေတဲ့သူဟာ Irene ဖြစ်နိုင်တယ်ဆိုတဲ့အချက်ကတော့တော်တော်လေးကိုသိသာသွားစေပါတယ်။
(၂) BTOB အဖွဲ့မှ Chaungsub
BTOB နဲ့ Red Velvet အဖွဲ့နှစ်ဖွဲ့ပူးပေါင်းပါဝင်တင်ဆက်ခဲ့တဲ့ We Got Married အစီအစဉ်ရဲ့ Episode ဟာရယ်စရာကောင်းပြီး၊ပျော်စရာကောင်းတဲ့အပိုင်းတစ်ပိုင်းဖြစ်ခဲ့ပါတယ်။ ဒီအပိုင်းမှာအစီအစဉ်တင်ဆက်နေစဉ်အတွင်း Irene ကိုဆက်ဆံတဲ့ Changsub ရဲ့အပြုအမူတွေဟာတစ်ခြားသူတွေထက်ပိုပြီးချစ်ဖို့ကောင်းနေတာကိုတွေ့ခဲ့ရပါတယ်။ Irene ကိုစကားပြောတဲ့အခါတိုင်း Chaungsub ဟာကိုယ်တစ်ဖက်သတ်ကြွေနေတဲ့ Crush ကိုစကားပြောနေတဲ့ကျောင်းသူကောင်မလေးလိုဖြစ်ဖြစ်သွားပါတယ်တဲ့။ ရှက်ကိုးရှက်ကန်းနဲ့ စကားတွေအစဖော်မရတွေဖြစ်ကုန်သတဲ့။
(၃)F.T.ISLAND အဖွဲ့က Seunghyun
Weekly Idol အစီအစဉ်ရဲ့ အပိုင်းတစ်ခုမှာ Seunghyun ဟာ Irene ကိ နှစ်ခါရွေးစရာမလိုတဲ့ သူရဲ့အကြည့်တွေကိုဆွဲဆောင်နိုင်တဲ့ သူ့အရမ်းကြိုက်တဲ့အမျိုးသမီးအနုပညာသည်တစ်ဦးလို့ဆိုခဲ့ပါတယ်။
(၄) F.T.ISLAND အဖွဲ့ဝင် Jaejin
F.T.ISLAND အဖွဲ့က JaeJin ကလည်း Irene ဟာသူ့ ရဲ့ Idol Crush ဖြစ်ကြောင်းကို Social media တစ်ခုဖြစ်တဲ့ Istagram ပေါ်က Irene ရဲ့ပုံတိုင်း Like ထားတာတွေ၊ သူမအကောင့်ကို Follow ထားတာကြည့်ရုံနဲ့သိနိုင်ပါတယ်။
Irene ဟာယောက်ျားလေးတွေသာမကမိန်းကလေးတွေရဲ့ နှစ်သက်အားပေးမှုကိုရရှိထားသူတစ်ဦးပါ။ ပရိတ်သတ်ကြီးရောသူတို့လေးယောက်တည်းကဘယ်သူနဲ့ Irene ကိုသဘောတူလဲ…
Grinny (shwemom)
Source: Koreaboo