ကြင်နာတတ်တဲ့တိုးရစ်တွေကြောင့် အိန္ဒိယကနေ ဆွစ်ဇာလန်သွားရတော့မယ့် ခွေးလေး

Twitter/Sindhu Choden

သူ့ကို မန်နာမြို့ထဲမှာ လွန်ခဲ့တဲ့ (၃) ရက်တုန်းကတောင် လမ်းအကြိုအကြားတွေထဲ လျှောက်သွားနေတာ တွေ့လိုက်ရပါသေးတယ်။ ဒါပေမယ့် အခုဆိုရင် သူက အချိန်ခဏလေးအတွင်းမှာပဲ ဘ၀ပြောင်းပြီး ဆွစ်ဇာလန်ပါသွားဖို့ ဖြစ်လာပါပြီ။ သူ့နာမည်က နန်ဒီပါ။ နာဒီက အခုလို (၄) လသားလေးပါ။

နန်ဒီက လမ်းဘေးခွေးလေးပေမယ့် ချစ်စရာသိပ်ကောင်းပါတယ်။ ဒါကြောင့်လည်း အိန္ဒိယကိုအလည်လာတဲ့ ဆွစ်လူမျိုးတိုးရစ်စုံတွဲက မျက်စိကျပြီး သူတို့နိုင်ငံဆီ မွေးစားဖို့ခေါ်သွားမလို့ပဲ ဖြစ်ပါတယ်။ ဆွစ်စုံတွဲရဲ့နာမည်က ဂျွန်နီနဲ့ အယ်လန်ပါ။ ပထမတော့ သူတို့က နန်ဒီကို တွေ့ပြီး သူ့ကိုရေချိုးပေးဖို့ အစာကျွေးဖို့လောက်ပဲ ရည်ရွယ်ပါတယ်။

unsplash

ဒါပေမယ့် သူတို့သွားလေရာ နန်ဒီက လိုက်လိုက်နေတော့ နောက်ပိုင်း သံယောဇဉ်တွယ်လာဟန်တူပါတယ်။ နောက်ပိုင်း နန်ဒီကို ဆွစ်ဇာလန်ခေါ်သွားဖို့ ဂျွန်နီနဲ့ အယ်လန်တို့က စဉ်းစားပြီး လိုအပ်တာတွေပြုလုပ်ပါတယ်။ မန်နာမြို့ကနေ ဗာကလာမြို့ကိုသွားတော့ ဂျွန်နီတို့က နန်ဒီကိုပါ ခေါ်သွားပါတယ်။ ဟိုရောက်တော့  ခရိုင် တိရစ္ဆာန်ဆေးရုံမှာ နန်ဒီရဲ့လည်ဂုတ်ထဲကို ပိုင်ရှင်ဘယ်သူလဲသိနိုင်တဲ့ မိုက်ခရိုချစ်ပ်တစ်ခု ထည့်ပါတယ်။ ပြီးတော့ ခွေးရူးပြန်ရောဂါနဲ့ တခြားကာကွယ်ဆေးတွေလည်း ထိုးပေးပါတယ်။

READ
အကြွားသန်လွန်းတဲ့ ဘလော့ဂါ အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေပါ ကြုံနေရ
unsplash

ဒါတင်မပြီးသေးပါဘူး။ နန်ဒီက အခုဆို သွေးလည်းစစ်ထားပါတယ်။ သွေးထဲမှာတော့ နန်ဒီက ကိုယ်ခံအားစနစ်ကို စစ်ထားတာပါ။ သွေးစစ်ချက်အဖြေက (၁၄) ရက်လောက်ကြာမှာပါ။ ဂျွန်နီနဲ့အယ်လန်တို့ကတော့ နောက်အပတ်ထဲ ဆွစ်ဇာလန်ပြန်ဖို့ စီစဉ်ထားပါတယ်။ နန်ဒီသွေးစစ်ချက်အောင်တာနဲ့ တစ်ခါတည်း နန်ဒီကိုပါ ဆွစ်ဇာလန်ခေါ်သွားမယ်လို့လည်း newindianexpress သိရပါတယ်။

လင်းလင်း (ShweMom)

SHARE