အရှေ့တောင်အာရှရဲ့ အလှဆုံးကမ်းခြေ(၄)ခု

jonistravelling.com ကနေ ဖော်ပြထားတဲ့ အရှေ့တောင်အာရှရဲ့ အလှဆုံး ပင်လယ်ကမ်းခြေ(၄)ခုကို Shwemom ရဲ့ ခရီးသွားရတာကို ချစ်မြတ်နိုးသူတွေ၊ ရေမြေတောတောင်သဘာဝကို နှစ်သက်သူတွေ၊ ဒေသန္တရ
ဗဟုသုတ ရှာမှီးလိုသူတွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) Sugar Beach, Negros, the Philippines

ဖိလစ်ပိုင် ကမ်းရိုတမ်း Negros မြို့လေးနဲ့ မနီးမဝေးမှာ နာမည်သိပ်မကြီးသေးတဲ့ သကြားကမ်းခြေ(ခေါ်) Sugar Beach ဆိုတာ တည်ရှိပါတယ်။ ဒါပေမယ့် သွားရတာ နည်းနည်းတော့ ကထိကထနိုင်ပြီး Negros ကို ထွက်တဲ့
ဘက်စ်ကားခရီးစဉ်လည်း ရှားပါတယ်လို့ သိရပါတယ်။ Negros မှတဆင့် သကြားကမ်းခြေကို ရောက်ဖို့ လှေနဲ့ထပ်ပြီးသွားရတယ်လို့ဆိုပါတယ်။ ကြည်လင်ပြီး သာယာလှပတဲ့ ပင်လယ်ကမ်းခြေဟာ နတ်ပြည်က ဥယျာဉ်
တစ်ခုနဲ့တောင် နှိုင်းယှဉ်နိုင်ပါတယ်-တဲ့။

(၂) Long Beach, Koh Lanta, Thailand

ထိုင်းနိုင်ငံက Koh Lanta မှာတည်ရှိတဲ့ Long Beach ဟာ အရှေ့တောင်အာရှက ကမ်းခြေတွေထဲမှာ သာယာလှပမှုအနေနဲ့ ဒုတိယချိတ်ပါတယ်။ ခရီးစာရိတ်ဈေးနှုန်းတွေလည်း သက်သာလှပြီး wifi ကတော့ နေရာအနှံ့ သုံးစွဲ
နိုင်တဲ့ နေရာဖြစ်ပါတယ်။ ရေကူးဖို့လည်း ကောင်းလှပြီး ကြည်လင်အေးစက်တဲ့ ပင်လယ်ရေက လန်းဆန်းမှုတွေ ပေးပါလိမ့်မယ်။

(၃) Flores, Indonesia

အင်ဒိုနီးရှားမှာရှိတဲ့ Flores ကမ်းခြေဟာ သာယာလှပတဲ့ ကျွန်းပေါင်း (၁၇)ခုအထိ ရှိနေပြီး ရေနေသတ္တ၀ါတွေရဲ့ ဘ၀ဖြစ်စဉ်ကို လေ့လာလိုသူတွေအတွက် အလွန်သင့်တော်ပါတယ်။ တောင်ကုန်းတွေလည်း ထူထပ်လှလို့
တောင်တက်ခရီးရှည်ကိုပါ ဆင်နွှဲနိုင်ပါတယ်။ ရေမှာ အလွန်ကြည်လင်လှပြီး ရေကူးဖို့လည်း အလွန်ကောင်းပါ
တယ်။

(၄) Koh Rong, Cambodia

ကမ္ဘောဒီးယားမှာ ရှိတဲ့ Koh Rong ကမ်းခြေကလည်း ရေပြာပြာပင်လယ်၊ ရှည်လျှားတဲ့ ကမ်းရိုးတမ်းနဲ့ အလွန်လှပတဲ့ ကမ်းခြေတစ်ခုဖြစ်ပါတယ်။ Koh Rong ကမ်းခြေနဲ့မနီးမဝေးမှာ ခြေလျှင်သွားရောက်လည်ပတ်လို့ရတဲ့ Long Beach ဆိုတာလည်း ရှိပါသေးတယ်။ ဖြူဖွေးသန့်စင်တဲ့ သောင်ပြင်ပေါ်မှာ အားရးပါးရ ပြေးလွှားပြီး ရေကိုလည်း မမောတမ်းမပန်းတမ်း ကစားဖို့ အကောင်းဆုံးနေရာဖြစ်ပါတယ်။

နတ်စည်တော် (Shwemom)

shwemom post photo

jonistravelling.com

 

SHARE