ရေ မွှေးနံ့ ကြာကြာစွဲ စေအောင် ဒီလိုနေရာတွေကို ဆွတ်ပါ

Image:freepik

ပုံမှန် အားဖြင့် ဆိုရင် တော့ ရေ မွှေးကို လက် ကောက်ဝတ် မှာ ဆွတ်ပြီး လည်ပင်း နားလေးတွေ ကို လက် ကောက် ၀တ် မှာ ပွတ် ပေးတာ၊ခန္ဓာကိုယ်ကို ရှေ့ နောက် ပတ် ဖြန်း လိုက်တာ မျိုးတွေ လုပ် တတ် ကြပါတယ်။ ရေ မွှေး ကြိုက် တဲ့ သူတွေ အတွက် အနံ့ ကြာကြာ စွဲ နေ ချင်တဲ့ သူတွေ အတွက် ဆွတ် ပေးသင့်တဲ့ နေရာ (၄)ခု ကို ဖော်ပြ ပေးချင် ပါတယ်။ဒီ အ ကြောင်းကိုတော့ brightside မှာ ဖော်ပြထားတာပါ။အရင်ဆုံး ရှောင်သင့်တဲ့ေ နရာတွေကို ဖော်ပြ ပေးချင်ပါတယ်။ဒီလို နေရာ တွေကို တော့ လုံး ၀ ရှောင် ပေးဖို့ လိုပါတယ်။

ချိုင်းကြား

Image:freepik

လူတော်တော် များများ က ရေ မွှေး ကို ချိုင်းကြား ဆွတ် ပေးသင့်တယ်လို့ ထင် နေကြပါတယ်။ဒါက လုံးဝ မှား ပါတယ်။အသားလောင်တာ၊ယားယံတာ မျိုးတွေ ပါ ဖြစ်နိုင်ပါတယ်။

မျိုးပွားအင်္ဂါ နား

ပေါင်အတွင်း ဘက် ကိုတော့ ဆွတ် ပေးသင့်တာ မှန် ပေမယ့် တစ်ချို့က မျိုးပွားအင်္ဂါ နားတွေ အထိ ကပ် ပြီး ဆွတ် တာ မျိုးတွေ လုပ်တတ်ပါတယ်။ဒါဟာ တကယ်တော့ မှားပါတယ်။အဲ့လို နေရာ တွေ သွား ဆွတ် လိုက်ရင် ယားယံတာ၊ ဓါတ် မတည့် တာ မျိုးတွေ ဖြစ်တတ်ပါတယ်။

READ
ဇနီးသည် ပိုက်ဆံပိုရှာနိုင်လေ အမျိုးသားတွေ ပိုစိတ်ဖိစီးရလေဖြစ်ကြောင်း သိရ

မျက်လုံးနား

ရေမွှေး ကိုပတ် ဖြန်းရင်လည်း မျက်နှာ နားတွေ မျက်လုံး နားတွေ အထိ ရောက် သွားတတ်ပါတယ်။မျက် လုံး နား ကို လုံး ၀ ဖြန်း လို့ မရဘူး။

လက်ထဲ ဖြန်းတာ

Image:freepik

တစ်ချို့က လက်ထဲ မှာ ဖြန်း ချပြီးမှ တခြားနေရာ တွေကို လက်နဲ့ လိုက်ပွတ်တာ မျိုးတွေ လုပ်တတ်ပါတယ်။အဲ့ဒါ လုံးဝ မှားပါတယ်။အယ်ကိုဟော အ ခြေခံ ထားတဲ့ ရေ မွှေး မျိုးတွေ က သင့် အသား အ ရေ ကို  ခြောက် တာ၊ အက် ကွဲ တာ မျိုးတွေ အထိ ဖြစ်စေတတ်ပါတယ်။

ဒီလို နေရာ တွေကို ဆွတ် ပေးပါ။

ဒူးနောက်ပိုင်း

ဒူးနောက်ပိုင်းကို ဆွတ်တဲ့ လူက တော့ တော် တော် လေးကို ရှားပါ လိမ့်မယ်။ဒါပေမယ့် အနံ့ ကြာကြာ ခံချင် တယ် ဆိုရင်တော့ ဒူးနောက်ကို ဆွတ်ပေးပါ။အဲ့ဒီနေရာက သွေး ကြော  နေရာ ဖြစ်တာ ကြောင့်  အနံ့ ကြာကြာ စွဲ ချင်တဲ့ သူ တွေ အတွက်  တော့ စွတ် ပေးသင့်တဲ့ နေရာပါ။ရေ ချိုး လိုးရှင်းတွေ လိမ်းပြီး ချိန်မှာ အဲ့ဒီနေရာ လေးကို စွတ် ပေးလိုက် ရုံပါပဲ။

READ
အကြပ်အတည်းကာလမှာစိတ်ဖိအားတွေကို လွယ်ကူစွာကျော်ဖြတ်ဖို့ နည်းလမ်းများ

ရင်နှစ်လွှာကြား

Image:freepik

ရင်အဟိုက် တွေ ကို ၀တ်တဲ့ ဆိုရင် တော့ ဒီလို ရင်ကြားထဲမှာ စွတ် ပေးသင့်ပါတယ်။လက် ကောက် ၀တ် မှာ စွတ် သ လောက် တော့ အနံ့ မပြင်း ပေမယ့် အနံ့ သင်း သင်းလေး စွဲ ထင် ကျန် နေ စေ မှာပါ။

ဗိုက်သား

အ၀တ်အစား ၀တ်မယ်ဆိုရင် အထူးသဖြင့် ဗိုက် ဖော်တဲ့ အ၀တ်အစား ဒါမှမဟုတ် ခါးတို ၀တ် မယ်ဆိုရင် တော့ ရေ မွှေး ကို ဗိုက်သားလေး မှာ  ဆွတ် ပေးပါ။

ပေါင်အတွင်းပိုင်း

Image:freepik

ရေ မွှေး ကို တော့ ပေါင်အတွင်း ဘက်ပိုင်းကိုလည်း စွတ် ပေးရပါတယ်။ပေါင် အတွင်း ဘက်ပိုင်း ဆို ပေမယ့် မျိုး ပွားအ င်္ဂါ နား အထိ ကပ်ပြီး စွတ် ပေးဖို့ မလိုပါဘူး။ဒူးအထက် တစ်ထွာ အကွာ ပေါင် အတွင်း ပိုင်း နား လောက် ဆိုရင် လုံ လောက်ပါပြီ။

#SHWEMOM

SHARE