ပါရီမြို့ရောက်ရင် မဖြစ်မနေ သွားစားသင့်တဲ့ စားသောက်ဆိုင် (၄)ဆိုင်

Instagram/Chez Imogène

ပြင်သစ်နိုင်ငံ၊ ပါရီမြို့ကို အနုပညာမြို့တော်လို့ သတ်မှတ်ကြပါတယ်။ တစ်ကမ္ဘာလုံးက လူတွေဟာ ပါရီမြို့ကို ရောက်လာလည်ပတ်ကြတဲ့ အဓိက အကြောင်းအရင်းကတော့ ပါရီမြို့ဟာ တစ်ခေတ်တစ်ခါက နာမည်ကျော်အနုပညာသမားတွေ စုဝေးနေထိုင်ခဲ့တဲ့ မြို့တစ်မြို့ဖြစ်နေလို့ပါပဲ။ အနုပညာ အပြင် ပါရီမြို့မှာ ထူးခြားတဲ့  အရာတစ်ခုလည်း ရှိနေပါသေးတယ်။ အဲဒါတော့ ပါရီမြို့မှာ ရောင်းချနေတဲ့ အစားအစာတွေနဲ့ စားသောက်ဆိုင်တွေပါ။ ပါရီတစ်မြို့လုံးကို ပတ်လျှောက်ပြီးစားခဲ့သူ ပြန်ပြောပြတဲ့ ပါရီရောက်ရင် သွားစားသောက်သင့်တဲ့ စားသောက်ဆိုင်တွေပါ။

– Breizh Café

 

ပါရီမြို့မှာ စားသောက်ဆိုင်အကုန်နီးပါးစားသောက်ခဲ့သူ Herrine Ro ကတော့ Breizh Cafe ဆိုတဲ့ စားသောက်ဆိုင်လေးတစ်ဆိုင်ကို အရင်ဆုံးညွှန်းပါတယ်။ အဆိုပါ Breizh Cafe ဆိုင်မှာတော့ ဂျပန်စတိုင်အရသာရရှိမယ့် စားသောက်ဆိုင်တစ်ဆိုင်ဖြစ်ပြီး crepes နဲ့ galettes တို့နဲ့ နာမည်ကြီးပါတယ်။ စားသောက်ဆိုင်ပိုင်ရှင်ဖြစ်သူက ဂျပန်-ပြင်သစ် ကပြားလူမျိုးတစ်ယောက်ဖြစ်တယ်လို့လည်း သိရပါတယ်။

– Chez Imogène

 

 Chez Imogène ကတော့ ပြင်သစ်မှာ ရှားရှားပါးပါးဖြစ်တဲ့ Price Fixed Menu ရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်လို့ သိရပါတယ်။  Chez Imogène ဆိုင်လေးကတော့ တကယ့်စားသောက်ဆိုင်အကြီးကြီးတစ်ခုလိုတော့ မဟုတ်ပါဘူး။ တကယ့်ကို ဆိုင်ခန်းငယ်လေးတစ်ခုအနေနဲ့ ဖွင့်ထားတာပါ။ သွားရောက်စားသောက်ခဲ့သူပြောပြတာကတော့ သူဟာ Price Fixed Menu လုပ်ထားတာကို သဘောကျတယ်လို့ ပြောပါတယ်။ ဒီလို Price Fixed Menu လုပ်ထားတာအတွက်ကြောင့်လည်း လာရောက်စားသုံးသူတွေ ပိုအဆင်ပြေတယ်လို့လည်း သိရရှိပါတယ်။ ဆိုင်ရဲ့ chef က မင်းစားသောက်မယ့် အစားအစာကို မီးဖိုချောင်သေးသေးလေး တစ်ခုထဲမှာ ချက်ပြုတ်နေတာကိုလည်း မြင်ရလိမ့်ဦးမယ်လို့လည်း သူက ပြောပါတယ်။

– Du Pain et des Idées

READ
ကမ္ဘာမှာ အလှပဆုံးနဲ့အခမ်းနားဆုံး အိမ်သာကိုဖန်တီးခဲ့တဲ့ နော်ဝေနိုင်ငံ

 

Du Pain et des Idées ဆိုတဲ့ စားသောက်ဆိုင်ကတော့ ပေါင်မုန့်ဖုတ်တဲ့ နေရာမှာ နာမည်ကြီးတဲ့ စားသောက်ဆိုင်တစ်ဆိုင်ပါ။

“ပါရီမှာ မနက်စာအတွက်တော့ ဘယ်ကဖေးဆိုင်မှာမဆို စားသောက်လို့ရတယ်။ croissants လို့ ခေါ်တဲ့  ပေါင်မုန့်တွေကလည်း ဆိုင်တိုင်းမှာ ကောင်းတယ်။ ဒါပေမယ့် အဲဒီလိုဆိုင်တိုင်း က ရောင်းနေတဲ့ croissants ပေါင်မုန့်တွေ ကောင်းတယ်လို့ထင်ရင် မှားသွားလိမ့်မယ်”လို့ Herrine Roက ပြောပါတယ်။ Du Pain et des Idées ဆိုင်က ဖုတ်ပြီး ရောင်းချတဲ့ ပေါင်မုန့်တွေကတော့ တကယ့်ကို တခြားဆိုင်က ပေါင်မုန့်တွေထက်တော့ တကယ့်ကို သာလွန်ပြီး ပိုအရသာရှိတယ်လို့လည်း သူက ဆိုပါတယ်။ ဒါ့အပြင်Du Pain et des Idées ဆိုင်လေးကို ရောက်ရင်တော့ escargot croissantကိုတော့ မြည်းစမ်းကြည့်ခဲ့ပါဦးလို့လည်း သူက ညွှန်ခဲ့တာပါ။

– La Maison D’Isabelle

READ
နတ်ပြည်အလား ခမ်းနားလှတဲ့ ကမ္ဘာ့အလှဆုံး ပင်လယ်ကမ်းလွန် ကျွန်းလေးနှစ်ခု

 

La Maison D’Isabelleကလည်း ပေါင်မုန့်ဆိုင်တစ်ဆိုင်ပါပဲ။ ပါရီမြို့ရဲ့ နေရာအနှံ့မှာ ပေါင်မုန့်ဆိုင်တော်တော်များများကို တွေ့ရမှာဖြစ်ပြီး ပေါင်မုန့်မျိုးစုံကို အရသာမျိုးစုံကိုေ ရာင်းချပေးနေတာပါ။La Maison D’Isabelle ဆိုင်ရဲ့ နာမည်ကြီးတာကတော့ croissant  ပါ။ ၂၀၁၈ ခုနှစ်မှာတော့ La Maison D’Isabelle စားသောက်ဆိုင်ဟာ ပါရီမြို့ရဲ့ အကောင်းဆုံး croissant ပြုလုပ်ခဲ့သူဆုကို ရရှိခဲ့ပါတယ်။

 

Ye Yint Kyaw

SHARE