လမ်းခွဲပြီးသား ချစ်သူတစ်ယောက်အပေါ် ဘယ်တော့မှ မပြုလုပ်သင့်တဲ့ အချက်(၄)ချက်

Pixabay-Anemone123

ချစ်သူရည်းစားတွေဆိုတာ တစ်ယောက်နဲ့တစ်ယောက် ချစ်နေတဲ့အချိန်ဆို ချစ်မယ်၊ ရန်ဖြစ်နေတဲ့အချိန်ဆို ရန်ဖြစ်မယ်၊ စိတ်ဆိုးစိတ်ကောက်မယ်၊ ဒါတွေက ဖြစ်နေကျ သဘာဝတွေပါ။ ဒါပေမယ့် ကိုယ်ကိုတိုင် မနေချင်လို့ လမ်းခွဲခဲ့ပြီးပြီဆိုရင်တော့ အဲဒီလူကို ဘယ်တော့မှ ပြန်မလှည့်ကြည့်ပါစေနဲ့။ အထူးသဖြင့် ကိုယ်ကိုယ်တိုင် မနေချင်လို့ အနားကထွက်လာခဲ့ပြီးမှ မပြတ်မသားပုံစံတွေ၊ သတိရသလိုလို လွမ်းဆွတ်သလိုလို ပုံစံမျိုးတွေ လုံးဝမလုပ်မိပါစေနဲ့။ ဒါ့ကြောင့် ပြတ်ပြီးသား ချစ်သူသူတစ်ယောက်အပေါ် မပြုလုပ်သင့်တဲ့ အချက် ၅ ချက်ကို Shwemom ပရိသတ်ကြီးသိအောင် ပြောပြချင်ပါတယ်။

Pixabay-nastya_gepp

၁။ အဆက်အသွယ်မလုပ်ပဲ တစ်ယောက်တည်းနေနိုင်အောင် ကြိုးစားပါ

ကိုယ်ကိုတိုင် သူ့ကို မလိုချင်လို့ သူနဲ့ လမ်းခွဲခဲ့ပြီးမှ ရှေ့ဆက်ပြီး တစ်ယောက်တည်းလျှောက်ရမယ့် ဘဝခရီးလမ်းကို တွေးပြီး မကြောက်နေပါနဲ့။ ကိုယ်ဆုံးဖြတ်ပြီးသားလမ်းတစ်ခုကို ကိုယ့်ဘာသာကိုယ် လျှောက်နိုင်အောင်ကြိုးစားပါ။ တစ်ချိန်ချိန်ကျမှ နောင်တရမှာတွေ၊ တစ်ယောက်တည်းနေပြီး ဖြစ်လာမယ့် ခံစားမှုတွေကို တွေးမကြောက်နေပါနဲ့။ သတိရတိုင်းဖုန်းတွေသွားသွားဆက်ပြီး သူ့ကို မဖီးလ်နေပါနဲ့။ ငါနဲ့သူဘာမှ မပတ်သတ်တော့ဘူးဆိုတဲ့ စိတ်ကိုမွေးပြီး တစ်ယောက်တည်း နေနိုင်အောင်ကြိုးစားပါ။

READ
အရက်မူးလာရင်တွေ့ရတတ်တဲ့ ပုံစံ(၇)မျိုး

၂။ သူ့အကြောင်းတွေ ဆိုရှယ်မီဒီယာမှာ တင်တာတွေ မလုပ်ပါနဲ့

တော်တော်များများ အတွဲတွေဟာ တစ်ယောက်နဲ့တစ်ယောက်ပြတ်ရင် ဆိုရှယ်မီဒီယာတွေမှာ ကိုယ်နဲ့ပြတ်သွားတဲ့လူရဲ့ မကောင်းကြောင်းကို တင်တတ်ပါတယ်။ တစ်ချို့ကျပြန်တော့လည်း ကိုယ်မလိုချင်လို့ ပစ်ခဲ့တဲ့ လူတစ်ယောက်ကို တစ်ခြားတစ်ယောက်က တန်ဖိုးထားနေရင်လည်း မနေနိုင်မထိုင်နိုင်တွေဖြစ်ပြီး အဲဒီတစ်ခြားတစ်ယောက်ကို စောင်းသလိုလို မြောင်းသလိုလို ပုံစံတွေနဲ့ ခနဲ့တက်ကြပါတယ်။ အင်မတန်ကို ရုပ်ပေါက်လွန်းပါတယ်။ ကိုယ်နဲ့မဆိုင်တော့ဘူးဆို သူဘာပဲဖြစ်ဖြစ် ကိုယ်အထာနဲ့ကိုယ်ပဲ နေနိုင်အောင်ကြိုးစားတာ အကောင်းဆုံးပါပဲ။

Pixabay-Counselling

၃။ ပြတ်သွားတဲ့လူအကြောင်းကို လူတကာလိုက်ပြောပြီး မျက်ရည်ချူတာမျိုးလည်း မလုပ်ပါနဲ့

ကိုယ်နဲ့ပြတ်သွားတဲ့လူအကြောင်းကို သူ့ကွယ်ရာမှ အခြားလူတွေကို လိုက်ပြောပြီး ကိုယ်မမှားတဲ့ပုံစံနဲ့ ပြည်သူ့မေတ္တာမခံယူနေပါနဲ့။ သူနဲ့ ကိုယ်ရဲ့ ကောင်းသတင်းပဲဖြစ်စေ၊ မကောင်းသတင်းပဲဖြစ်စေ သူနဲ့ကိုယ်ရဲ့ စိတ်ထဲမှာပဲထားပြီးနေတာ အကောင်းဆုံးပါ။ အကြောင်းစုံမသိတဲ့လူတွေကတော့ သနားကောင်းသနားနိုင်ပါတယ်။ အကြောင်းသိတဲ့လူဆိုရင်တော့ ဒီလိုလျှောက်ပြောနေတဲ့ ကိုယ်က ငပေါကြီးမှန်း လူပိုသိစေတတ်ပါတယ်။

READ
သင့်ကိုယ်သင်နေ့စဉ်ပြန်မေးသင့်သောမေးခွန်း (၅)ခု

၎။ သတိရတိုင်း ၊ အနားမှာရှိစေချင်တိုင်း ပြတ်သွားတဲ့လူကို သွားသွား ကလိ မနေပါနဲ့

တစ်ချို့က ကိုယ်ကိုတိုင် ဖြတ်ပြီးထားခဲ့ပေမယ့် ကိုယ်စိတ်တွေညစ်တဲ့အခါ၊ အနားမှာ တစ်ယောက်မှမရှိတဲ့အခါတွေမှာ ပြတ်သွားတဲ့ ရည်းစားကို ပြန်ဆက်သွယ်ပြီး မထိခလုတ် ထိခလုတ်စကားတွေ သွားသွားပြောတတ်ပါတယ်။ ဥပမာ- ငါနင်နဲ့ ပြန်တွဲချင်တယ်၊ ဒါပေမယ့် ခံစားရမှာလည်း ကြောက်တယ်၊ ငါ့အနားမှာ ဒီအတိုင်းလေးပဲရှိနေပေးပါလား အစရှိသဖြင့် သွားသွားကလိတတ်ကြပါတယ်။ အဲဒီလိုမျိုးတွေ မလုပ်ပါနဲ့။ သူ့ဟာသူအေးဆေး ဖြစ်နေတဲ့ ဘဝကို သွားပြီး အပူတွေ မပေးပါနဲ့တော့။

Pixabay-1388843

Pyi Hein Kyaw

SHARE