အနာဂတ်မှာ ငွေကြေးအတွက်မပူပင်ရအောင် ရင်းနှီးမြှုပ်နှံမှုပြုဖို့ နည်းလမ်း(၄) သွယ်

pexels/JESHOOTS.com

ချမ်းသာကြွယ်ဝမှုဆိုတာ ဆုံးဖြတ်ချက်ကောင်းတွေကို စုစည်းထားတာပါ။ လူတစ်ယောက်အနေနဲ့ အနာဂတ်မှာ ငွေရေးကြေးရေးအတွက် အမှီအခိုကင်းအောင် အခုကတည်းကစပြီး တက်တက်ကြွကြွလှုပ်ရှားတတ်ဖို့ လိုပါတယ်။ အောက်ဘက်မှာတော့ asiaone ကနေ ငွေရေးကြေးရေးနဲ့ပတ်သက်လို့ အကြံပြုထားချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

အကြွေးတွေအမြန်ဆုံး ကျေအောင်ဆပ်ပါ

ပထမဆုံးအကြွေးတွေကိုလျှော့ချပါ။ အတိုးများတဲ့အကြွေးတွေဟာ စည်းစိမ်ဥစ္စာကြွယ်ဝချမ်းသာမှုကို တည်ဆောက်တဲ့နေရာမှာ အတားအဆီးတစ်ခုပါပဲ။ ဒါကြောင့် အကြွေးရှိနေရင် အမြန်ဆုံးကျေအောင်ဆပ်ဖို့လုပ်သင့်ပါတယ်။ လစဉ်ကိုယ့်ရဲ့ဝင်ငွေထဲက အကြွေးဆပ်မယ့်အတိုင်းအတာကို ဖယ်ထားပြီး ပိုလျှံတဲ့ငွေတွေကို စနစ်တကျစီမံခန့်ခွဲပါ။ ဆိုလိုတာက အပြင်စာမကြာခဏစားတာ၊ ခရီးသွားတာမျိုးတွေကိုရှောင်ရပါမယ်။ ဒါမှသာရေရှည်မှာ ပိုက်ဆံပိုစုမိမှာဖြစ်ပါတယ်။

pexels/JESHOOTS.com

ကိုယ့်စွမ်းရည်တိုးတက်အောင် ပြုလုပ်ဖို့ အချိန်ပေးပါ

အသုံးစရိတ်တွေကို လျော့ပြီး ငွေကိုတိုးစုပေးပါ။ လစဉ်ဝင်ငွေကို တဖြည်းဖြည်းနဲ့ တိုးပွားအောင်ဘယ်လိုလုပ်မလဲ တွေးပါ။ အကောင်းဆုံးကတော့ ကိုယ်လုပ်နေတဲ့အလုပ်နဲ့ပတ်သက်လို့ အတွေ့အကြုံဗဟုသုတနဲ့ အသိပညာတွေကိုဆည်းပူးတာပါပဲ။ ဒါမှ လက်ရှိအလုပ်မှာပဲနေနေ နောက်အလုပ်အသစ်ပဲပြောင်းပြောင်း ကိုယ့်ရဲ့လစဉ်ဝင်ငွေပမာဏဟာ ပိုပိုပြီး တိုးလာမှာ ဖြစ်ပါတယ်။ တစ်ချို့လူတွေရှိပါတယ်။ လစဉ်ဝင်ငွေလေးနည်းနည်းတိုးလာပြီဆိုတာနဲ့ ကိုယ့်နေ့စဉ်လူနေမှုဘ၀ကို ပိုပြီး ချဲ့ကားလာကာ ငွေမကုန်သင့်တာတွေအပေါ် ငွေသုံးလိုက်တာမျိုးတွေ ရှိတတ်ပါတယ်။ ဒီလိုမဖြစ်အောင်တော့ သတိထားသင့်ပါတယ်။

READ
သင်ဟာ စိတ်သဘောထားပြည့်ဝသူဖြစ်ကြောင်းသိနိုင်မည့်အချက်များ

ကျန်းမာရေးအတွက် ရင်းနှီးမြှုပ်နှံပါ

နာတာရှည်ရောဂါတွေဖြစ်တဲ့ ဆီးချိုနဲ့နှလုံးရောဂါတို့က မမျှတတဲ့အစားအသောက်နဲ့ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတွေ မရှိတာတွေကြောင့် ဖြစ်ပါတယ်။ ရောဂါဖြစ်တဲ့အခါ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာတွေမှာ ထိန်းချုပ်ဖို့ခက်ခဲသလို ပိုက်ဆံလည်းအများကြီး ကုန်ကျပါတယ်။ ဒါကြောင့် စာဖတ်သူဟာ ငယ်ရွယ်သူဆိုရင်ခုကတည်းက  ကျန်းမာရေးကိုဂရုစိုက်ထားတဲ့အခါ နောက်ပိုင်း ကုန်ကျမယ့်ဆေးကုသစရိတ်တွေကို ကြိုတင်ကာကွယ်နိုင်ပါလိမ့်မယ်။

Skitterphoto

အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံပါ

ချမ်းသာကြွယ်ဝလာတဲ့သူအများစုဟာ ကံကောင်းပြီး ချမ်းသာလာကြတာမဟုတ်ပါဘူး။ စည်းကမ်းနဲ့ ပိုက်ဆံစုပြီး ကျိုးကြောင်းဆင်ခြင်တတ်တဲ့ ရင်းနှီးမြှုပ်နှံမှုရှိလို့ ဖြစ်ပါတယ်။ ပိုက်ဆံပိုစုပြီး ပိုရင်းနှီးမြှုပ်နှံနိုင်လေလေ ကိုယ့်ရဲ့ ငွေရေးကြေးရေးပန်းတိုင်တွေဆီ မြန်မြန်ရောက်လေလေပါပဲ။ အခုအချိန် ငွေဝင်တာနည်းနေသေးတယ်ဆိုရင် ပိုပြီးဝင်ငွေကောင်းအောင် ကြိုးစားရမှာပါ။ ဒါပေမဲ့ ငွေအများကြီးဝင်နေတယ်ဆိုရင်တော့ ၀င်ငွေရဲ့ တစ်စိတ်တစ်ဒေသကို ပုံမှန်စုဆောင်းပြီး ချမ်းသာကြွယ်ဝအောင်လုပ်ဖို့ အစပျိုးသင့်ပါတယ်။ ဒါမှ ရင်းနှီးမြှုပ်နှံမှုလေးတွေလုပ်ချင်တဲ့အခါ လက်ထဲပိုက်ဆံရှိတော့ အချိန်မရွေးထလုပ်နိုင်မယ့်အပြင် ပင်စင်ယူပြီးတဲ့အချိန်ကျရင်လည်း သက်တောင့်သက်သာနေနိုင်ပါလိမ့်မယ်။

READ
သင့်ဆီမှာ ဘယ်လိုအစွမ်းအစတွေရှိသလဲဆိုတာ ဒီလိုနည်းလမ်းတွေနဲ့ရှာဖွေမယ်

လင်းလင်း (ShweMom)

SHARE