စမတ်ဖုန်း အလွန်အကျွံသုံးလို့ မျက်လုံးအမြင်ချို့ယွင်းသွားရတဲ့ (၄) နှစ်သမီးလေး

ကြိုးမဲ့လျှပ်စစ်ပစ္စည်းတွေဟာ ယနေ့ခေတ် လူ့ဘောင်မှာ မရှိမဖြစ်သုံးနေရတဲ့ ပစ္စည်းတွေ ဖြစ်လာပါတယ်။ ဒါပေမယ့် ဒီလိုအီလက်ထရောနစ်ပစ္စည်းတွေဟာ လူ့ကျန်းမာရေးကို ထိခိုက်စေတဲ့ အပြာရောင်အလင်းတွေ ထုတ်လွှတ်တယ်ဆိုတာကိုတော့ သိရှိသူ နည်းပါးပါတယ်။ လူ့မျက်လုံးဟာ ၄င်းအပြာရောင်အလင်းတွေနဲ့ အချိန်အကြာကြီး တွေ့ထိမိတဲ့အခါ  အများကြီးထိခိုက်စေပါတယ်။

Credit: Facebook / Dachar Nuysticker Chuayduang

လက်တွေ့ဘ၀မှာလည်း ဖုန်းကထွက်တဲ့ ရောင်ခြည်ကြောင့် မျက်လုံးထိခိုက်ခဲ့ရတဲ့ အသက်(၄) နှစ်အရွယ် ထိုင်းလူမျိုး ကလေးမလေးတစ်ယောက်အကြောင်းကို အခုလိုသိရပါတယ်။ ကလေးမလေးရဲ့ ဖခင်ဖြစ်သူ ဒါချာပြောပုံအရ ကောင်မလေးဟာ အသက်(၂) နှစ်အရွယ် နုနုငယ်ငယ်လေးထဲက ဖုန်းကို သုံးခဲ့ကြောင်း သိရပါတယ်။ တဖြည်းဖြည်းနဲ့ စမတ်ဖုန်းမသုံးရရင် မနေနိုင်အောင် စွဲလန်းလာပြီး အသက်(၄) နှစ်ရောက်တဲ့အခါမှာတော့ lazy eye သို့မဟုတ် amblyopia လို့ခေါ်တဲ့ အမြင်အာရုံချို့ယွင်းတဲ့ဝေဒနာ ရလာခဲ့ပါတယ်။

Photo illustration of lazy eye. (Credit: Odisha Sun Times)

သမီးဖြစ်သူ မျက်စိမှုန်လာတာကြောင့် ဒါချာက မျက်မှန်တပ်ပေးခဲ့ပေမယ့် မရခဲ့ပါဘူး။ ကလေးမလေးရဲ့ မျက်လုံးဝေဒနာဟာ တစ်နေ့တစ်ခြားသာ ပိုပြီး ဆိုးဝါးလာခဲ့ပါတယ်။ ထိုအခါကျမှ ဒါချာက ၄င်းရဲ့ သမီးငယ်ဟာ စမတ်ဖုန်းကို အချိန်အကြာကြီးသုံးတဲ့အပြင် စမတ်ဖုန်းကထွက်တဲ့ အလင်းအားကြောင့် မျက်စိချို့ယွင်းလာမှန်း သဘောပေါက်လာခဲ့ပါတယ်။ ကောင်မလေးဟာ မျက်မှန်တပ်ရတာ အဆင်မပြေတဲ့အတွက် နောက်ဆုံးမှာတော့ ကလေးရဲ့ မျက်စိကို ခွဲစိတ်ကုသခဲ့ပါတယ်။

READ
ဒေါက်မြင့်ဖိနပ် စီးပါများရင် ဒီလိုထိခိုက်ဒဏ်ရာတွေ ဖြစ်လာနိုင်ပါတယ်
Credit: Facebook / Dachar Nuysticker Chuayduang

အခုဆိုရင်တော့ ကလေးမလေးရဲ့ မျက်လုံးအစုံဟာ ခွဲစိတ်ကုသခဲ့ပြီး ပြန်လည်ကောင်းမွန်နေပြီဖြစ်ပါတယ်။ သို့ပေမယ့်လည်း ဆရာဝန်က ကလေးကို တီဗီကြည့်ခိုင်းတာ၊ စမတ်ဖုန်းသုံးခိုင်းတာမျိုးတွေကို ပြန်မလုပ်ခိုင်းပဲ တားမြစ်ထားဖို့ မိဘတွေကိုအကြံပေးထားပါတယ်။ မျက်စိအမြင်အာရုံဆုံးရှုံးလုနီးနီးဖြစ်ခဲ့တဲ့ သမီးဖြစ်သူရဲ့ ထိတ်လန့်ဖွယ်အဖြစ်အပျက်အပြီးမှာ ဖခင်ဖြစ်သူဟာ စမတ်ဖုန်း အလွန်အကျွံအသုံးပြုခြင်းရဲ့ အန္တရာယ်ကို အခြားမိဘတွေလည်း သိစေဖို့ သတိပေးခဲ့ပါတယ်။

เคยได้ยินข่าวกันมาบ่อย แต่ก็มาเจอกับตัวเองจนได้จอปีศาจ เลี้ยงลูกกะมือถือ ไอแพด ตอนสองขวบ ดูแลเค้าไม่ทันบางทีก็…

Posted by Dachar Nuysticker Chuayduang on Thursday, November 1, 2018

စမတ်ဖုန်းဟာ ယနေ့ခေတ်မှာ မရှိမဖြစ်သုံးပစ္စည်းဖြစ်လာတာကြောင့် လုံးလုံးကြီး အသုံးမပြုဖို့တော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် မိဘတွေအနေနဲ့ ကိုယ့်သားသမီးရဲ့ ဒီဂျစ်တယ်ပစ္စည်းတွေနဲ့ အချိန်ကုန်နေတဲ့အဖြစ်ကို စည်းကမ်းနဲ့ ကန့်သတ်ပေးဖို့တော့ ဖြစ်နိုင်ပါလိမ့်မယ်။ အထူးသဖြင့် ကလေးတွေရဲ့ မျက်လုံးဟာ နုနယ်ပြီး ကောင်းမွန်စွာ မဖွံ့ဖြိုးတာကြောင့် အရွယ်ရောက်ပြီး လူကြီးတွေနဲ့ ယှဉ်လိုက်ရင် သူတို့လေးတွေဟာ ပိုထိခိုက်လွယ်ပါတယ်။ ဒါကြောင့် အသက်(၅) နှစ်အောက် ကလေးတွေအတွက် အလင်းထွက်နေတဲ့ အီလက်ထရောနစ်ဖန်သားပြင်ကို ကြည့်ရှုသင့်တဲ့ ပမာဏဟာ (၁) နာရီထက် မပိုသင့်ကြောင့် ကျွမ်းကျင်သူတွေက ပြောထားပါတယ်။

READ
ကျောက်ကပ်ကျန်းမာရေးအတွက် ရှောင်ကြဉ်ရမယ့် အချက် (၈) ချက်
(Credit: Pixabay)

လင်းလင်း (ShweMom)

Ref: goodtimes

SHARE