လူသိများတဲ့ ဇာတ်ဝင်ခန်းတွေကို ပြန်လည်ရိုက်ကူးပြီး ရန်ပုံငွေရှာပေးနေတဲ့ (၄)နှစ်သမီးလေး

Youtube-The Shining

လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါဖြစ်နေတဲ့အချိန်ဖြစ်တာကြောင့် လူတိုင်းနီးပါး အိမ်ထဲမှာပဲ နေနေကြရမှာ အမှန်ပါပဲ။ အချိန်ကြာလာတာနဲ့အမျှ အိမ်ထဲမှာနေပြီး ပျင်းလာကြမှာ လူတွေရဲ့ သဘာဝပါပဲ။ တစ်ချို့ကျတော့ ဒီလိုအချိန်မျိုးမှာ ကိုယ်အရင်က မလုပ်ဖြစ်တာတွေကို ဒီလိုအချိန်မျိုးမှာ တစိုက်မတ်မတ်လုပ်တတ်ကြပြီး တစ်ချို့ကျပြန်တော့လည်း အိမ်မှာနေရင်း သားသမီးဖြစ်သူတွေကို အချိန်ပေးကာ ပျော်အောင် နေတတ်ကြပါတယ်။ အခုလည်း အသက် ၄ နှစ်ရွယ်ကလေးမလေးတစ်ယောက်ဟာ သူမရဲ့ ဖခင်ဖြစ်သူနဲ့ အိမ်မှာနေရင်း လူကြိုက်များတဲ့ ဇာတ်ဝင်ခန်းတွေကို ပြန်လည်ရိုက်ကူးပြီး ရရှိလာတဲ့ အကျိုးအမြတ်ငွေတွေအားလုံးအား ပရဟိတလုပ်ငန်းကို လှူဒါန်းခဲ့ကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

View this post on Instagram

 

New record holder for longest ring hold by a 20 month old in her pajamas! #stillholding #shouldhavegivenheracigaretteforthepic

A post shared by Dan Presser (@djpresse) on

အဆိုပါကလေးမလေးကတော့ အသက် ၄ နှစ်အရွယ် Madison ဖြစ်ပြီး ဖခင်ဖြစ်သူကတော့ Dan Presser လို့ အမည်ရတဲ့ အမျိုးသားပဲ ဖြစ်ပါတယ်။ Madison နဲ့ Dan တို့သားအဖဟာ ပြီးခဲ့တဲ့ မတ်လ အတွင်းမှာ “Pretty Woman”, “Mrs. Doubtfire”,”Forrest Gump” အစရှိတဲ့ နာမည်ကြီး ဇာတ်ကားတွေထဲက လူကြိုက်များတဲ့ ဇာတ်ဝင်ခန်းတစ်ချို့ကို သူတို့ဘာသာ ပြန်လည်ရိုက်ကူးပြီး ဆိုရှယ်မီဒီယာမှာတင်ကာ လူသိများလာခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ သူတို့မိသားစုဝင်တွေနဲ့ မိတ်ဆွေအပေါင်းအသင်းတွေက ဆက်ရိုက်ဖို့ တိုက်တွန်းခဲ့တာကြောင့် ဆက်လက်ရိုက်ကူးပြီး လူသိများလာခဲ့ပါတယ်။

READ
စွန့်ပစ်အရုပ်ပေါင်းထောင်ချီနဲ့ ကြောက်မက်ဖွယ်အလှဆင်ထားတဲ့ကျွန်း

Madison တို့ သားအဖ ပထမဦးဆုံးရိုက်ကူးဖြစ်ခဲ့တဲ့ ဇာတ်ကားကတော့ Lion King ဖြစ်ပြီး Mufasa တစ်ယောက် တောင်စောင်းပေါ်ကနေ လိမ့်ကျတဲ့ အခန်းကို ပြန်လည် ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်အားပေးမှု ရရှိပြီးနောက်ပိုင်းမှာတော့ Madison တို့ သားအဖဟာ အမေရိကန်နိုင်ငံ၊ Connecticut ပြည်နယ်၊ Southington မြို့မှာရှိတဲ့ သူတို့အိမ်မှာပဲ ရိုက်ကူးရေးတွေ တောက်လျှောက်ပြုလုပ်ခဲ့ပြီး အခုဆိုရင်တော့ နာမည်ကြီးဇာတ်ကားပေါင်း ၃၅ ကားထဲက လူကြိုက်များတဲ့ ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ဆိုရှယ်မီဒီယာမှ ရရှိလာတဲ့ အကျိုးအမြတ်တွေကိုလည်း Madison လေးရဲ့ သဘောအတိုင်း စားရမဲ့သောက်ရမဲ့ လူတွေနဲ့ Foodbanks တွေကို လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

READ
Gender Party မှာ ($1,300 )တန်အိတ်တွေ ကို သုံးခဲ့တဲ့ မလေးရှားစုံတွဲ

 

 

View this post on Instagram

 

Madison letting me know she forgives me for making us jets fans

A post shared by Dan Presser (@djpresse) on

“ဆိုရှယ်မီဒီယာက ရရှတဲ့ အကျိုးအမြတ်က အမေရိကန်ဒေါ်လာ ၁၂,၀၀၀ လောက်ရှိပါတယ်။ ဒါပေမယ့် Madison က သူမယူချင်ဘူး။ အဖေလည်း မယူနဲ့၊ အခက်အခဲဖြစ်နေတဲ့လူတွေကို အဲဒီပိုက်ဆံတွေ အကုန်လှူချင်တယ်လို့ ပြောတဲ့အတွက် အကုန်လှူလိုက်ပါတယ်။ ဒီလိုမျိုး လူကြိုက်များတဲ့ ဇာတ်ဝင်ခန်းတွေကို ပြန်လည်ရိုက်ကူးတဲ့ အကြောင်းအရင်းကတော့ အိမ်မှာပဲနေနေရတာ တော်တော်လေးပျင်းဖို့ကောင်းလို့ပါ။ အိမ်မှာနေနေရင် တစ်ရက်တစ်ရက် အချိန်ကုန်ဆုံးဖို့က တော်တော်ကြာပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ သားအဖနှစ်ယောက် ဒီလိုမျိုးတွေလုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ”လို့ Madison ရဲ့ ဖခင်ဖြစ်သူ Dan က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE