ကပ်ရောဂါနဲ့ ရင်ဆိုင်နေရတဲ့ Puerto Rico မှာ ငလျင်လှုပ်ခတ်မှု ဖြစ်ပွား

Image:twitter/MayitaMelendez

Puerto Rico ကျွန်း နိုင်ငံမှာတော့ မေလ (၂)ရက်နေ့က ပြင်းအား (၅.၅)အဆင့်ရှိတဲ့ မြေငလျင် တစ်ခု လှုပ်ခတ် ခဲ့တယ်လို့ အ မေရိကန်ဘူမိ ဗေဒဆန်းစစ်လေ့လာ သူတွေ က ပြော ပါတယ်။ မြေ ငလျင် ကတော့ Puerto Rico တောင်ပိုင်းမှာ လှုပ်ခတ် ခဲ့တာ ဖြစ်ပြီး အဲ့ဒီ နေရာမှာပဲ နောက်ထပ် (၃.၄) နဲ့ (၄.၉) အဆင့်ရှိတဲ့ မြေငလျင် တွေ ထပ်မံ လှုပ်ခတ်ခဲ့ပါတယ်။ကျွန်းနိုင်ငံ ဖြစ်တဲ့ အတွက် ငလျင်ပြီး ရင် ဆူနာမီ အန္တရာယ်ကို ကြောက်ရ ပေမယ့်လည်း ဆူနာမီ ငလျင် သတိ ပေးချက် ထုတ် ပြန်တာ မျိုးတော့ မရှိခဲ့ပါဘူး။ဒီသတင်း ကို တော့ CNN နဲ့ Daily Mail မှာ ဖော်ပြ ထားတာပါ။

မြေငလျင်လှုပ်ခတ်မှုကိုတော့ Ponce မြို့ က တော်တော်လေး ထိခိုက် ခံစားခဲ့ရပါတယ်။Ponce မြို့ တော် ၀န် Melendez က တော့ မြို့ ထဲမှာ ရှိတဲ့ အ ဆောက်အအုံ တွေ အများကြီး ထိခိုက် ပျက်စီးခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။အင်အား (၅.၄)အဆင့်ရှိတဲ့ ငလျင် လှုပ်ခတ်မှု ရဲ့ နောက်ဆက် တွဲ ကြောင့် လျှပ်စစ်မီးပြတ် တောက်မှု တွေ နဲ့ မိသားစု ပေါင်း (၅၀) ကျော်ကို  ပြောင်းရွှေ့ နေရာ ချ ထားခဲ့ရပါတယ်။တစ်ချို့ မိသားစု တွေ ကိုတော့ ယာယီ တဲ တွေ မှာ ဆက်လက် နေ ထိုင် စေ ခဲ့ ပါတယ်။ပျက်စီးဆုံးရှုံး မှု ဘယ်လောက်ထိ ရှိလဲ ဆိုတာကိုတော့ မ တွက် ချက် ရ သေးပါဘူး။

READ
မျက်လုံးကို ဘောပင်နဲ့ထိုးပြီး တိုက်ခိုက်ခံရလို့ မျက်လုံးတစ်ဖက်ကွယ်ခဲ့တဲ့ ကျောင်းသား

ငလျင် ကတော့ Ponce မြို့ အနီး မြေ အောက်အနက် (၅.၆)မိုင် အကွာကို ဗဟိုပြု လှုပ်ခတ် ခဲ့ တာပါ။ပြီးခဲ့တဲ့ ဇန်န၀ါရီ  အ စောပိုင်းတုန်းကလည်း  ငလျင်လှုပ်ခတ်မှု ကြောင့် လူတစ်ဦး သေ ဆုံးပြီး အိမ်ေ တွ ရာနဲ့ ချီပျက်စီး ခဲ့ပါတယ်။ပျက်စီးဆုံးရှုံး မှု တန်ဖိုး စုစု ပေါင်း ကတော့ ဒေါ်လာ သန်းနဲ့ ချီပြီးရှိပါတယ်။Ponce မြို့ တောင်ပိုင်း ကမ်းရိုးတန်းမှာ ဆိုရင်လည်း နှစ်ထပ် အ ဆော က်အအုံ တစ်ခု ဆိုးဆိုးရွားရွား ထိခိုက် ပျက်စီးခဲ့ပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ် ကြောင့် Puerto Rico  မှာ နှစ်လ ကြာ Lockdown လုပ်ထားရတာပါ။ရောဂါ ကူးစက်ပြန့် ပွားမှုတွေ ဖြစ် နေတဲ့ ကြားကပဲ အခုထပ်ပြီး သဘာဝ ဘေးအန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရတာပါ။လက်ရှိမှာတော့ ကိုရိုနာ ကြောင့် လူ (၉၅)ဦး သေဆုံးပြီး ရောဂါ ကူးစက်မှု (၁၇၅၇) အထိရှိနေပါပြီ။

#SHWEMOM

SHARE