
Hollywood ရုပ်ရှင်ဇာတ်ကားတော်တော်များများရဲ့ ဇာတ်ကားတိုင်းလိုလိုမှာ အမြဲတမ်း ပါနေတဲ့ အခန်းတစ်ခန်း ရှိတတ်ပါတယ်။ အဲဒါကတော့ အဖော်အချွတ်အခန်းတွေပဲ ဖြစ်ပါတယ်။ ဒီအခန်းတွေဟာ အသက်မပြည့်သေးတဲ့ ကလေးတွေအတွက်တော့ ကြည့်ရှု့ဖို့ မသင့်တော်ပေမယ့် အရွယ်ရောက်ပြီး ပုရိသယောကျာ်းလေးတွေအတွက်တော့ အရမ်းကို ကြည့်ရှု့ချင်စရာကောင်းတဲ့ ဇာတ်ဝင်ခန်းတွေပါပဲ။ ဒါ့ကြောင့် ဒီနေ့မှာတော့ သူတို့ရိုက်ခဲ့တဲ့ ဇာတ်ကား အများစုမှာ အမြဲလိုလို အဖော်အချွတ်အခန်းတွေ ပါဝင်လေ့ရှိကြတဲ့ မင်းသမီး ၅ ယောက်ကို Shwemom ပရိသတ်ကြီးသိအောင် The Sun သတင်းဌာနရဲ့ ဖော်ပြချက်တစ်ချို့ကို ကိုးကားပြီး ဖော်ပြပေးလိုက်ရပါတယ်။
၁။ Margot Robbie
View this post on Instagram
သြဇီနိုင်ငံရဲ့ ထိပ်တန်း မင်းသမီးတစ်ယောက်ဖြစ်တဲ့ Hollywood ရုပ်ရှင်လောကရဲ့ နာမည်ကြီး မင်းသမီး Margot Robbie ကိုတော့ တော်တော်များများ သိရှိပြီး ဖြစ်ကြမှာပါ။ Margot ဟာ သူမရိုက်ကူးခဲ့တဲ့ ဇာတ်ကား စုစုပေါင်းရဲ့ ၅၅.၆ ရာခိုင်နှုန်းသော ဇာတ်ကားတွေမှာ အဖော်အချွတ်အခန်းတွေ အမြဲလိုလို ပါဝင်လေ့ ရှိပါတယ်။ Margot သရုပ်ဆောင်ခဲ့တဲ့ အဖော်အချွတ်အခန်းတွေအများဆုံးပါဝင်တဲ့ ဇာတ်ကားကတော့ Leonardo နဲ့ သရုပ်ဆောင်ခဲ့တဲ့ The Wolf of Wall Street ဇာတ်ကားပဲ ဖြစ်ပါတယ်။
၂။ Megan Fox
View this post on Instagram
အမေရိကန် ထိပ်တန်း မင်းသမီးတစ်ယောက်ဖြစ်တဲ့ Megan Fox ကတော့ ဒီနှစ်လယ်လောက်မှာပဲ နာမည်ကြီး ရပ်ပါတစ်ဦးဖြစ်တဲ့ MGK နဲ့ ပူပူနွေးနွေး ချစ်သူဘဝကို ပိုင်ဆိုင်ထာတဲး့ မင်းသမီးတစ်ယောက်ပါပဲ။ Megan ဟာ သူမပါဝင်ခဲ့တဲ့ ဇာတ်ကား စုစုပေါင်းရဲ့ ၅၃.၃ ရာခိုင်းနှုန်းသော ဇာတ်ကားတွေမှာ အဖော်အချွတ်ခန်းတွေ ပါဝင်ခဲ့ပါတယ်။ Megan ရဲ့ နာမည်အကြီးဆုံးဇာတ်ကားကတော့ This Is 40 အမည်ရ ဇာတ်ကားပဲ ဖြစ်ပါတယ်။
၃။ Joe King
View this post on Instagram
အသက် ၂၁ နှစ်သာ ရှိသသေးတဲ့ အမေရိကန် မင်းသမီးလေး Joey King ဟာလည်း အသက်ငယ်ပေမယ့် သူရိုက်ခဲ့တဲ့ ဇာတ်ကား စုစုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်းမှာ အဖော်အချွတ်အခန်းတွေ အမြဲလိုလို ပါဝင်လေ့ ရှိပါတယ်။ Joey တစ်ယောက် အဖော်အချွတ် အခန်းအများဆုံး ပါဝင်ခဲ့တဲ့ ဇာတ်ကားကတော့ ၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ Summer ‘03 အမည်ရ ဇာတ်ကားပဲ ဖြစ်ပါတယ်။
၎။ Jennifer Love Hewitt
View this post on Instagram
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကပဲ အသက် ၄၁ နှစ်ပြည့်သွားပြီဖြစ်တဲ့ အမေရိကန် နာမည်ကြီးမင်းသမီး Jennifer Love Hewitt ကတော့ သူမရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေရဲ့ ၅၀ ရာခိုင်နှုန်းမှာ အဖော်အချွတ်အခန်းတွေ ပါလေ့ရှိတတ်ပါတယ်။ သူမရဲ့ နာမည်အကြီးဆုံး ဇာတ်ကားကတော့ ၂၀၀၁၄ ခုနှစ်က မင်းသား Paul Nicholls နဲ့ သရုပ်ဆောင်ခဲ့တဲ့ If Only ဇာတ်ကားပဲ ဖြစ်ပါတယ်။
၅။ Alexandra Daddario
View this post on Instagram
နာမည်ကြီး အမေရိကန် မင်းသမီး Alexandra Daddario ကိုတော့ ရုပ်ရှင်ချစ်ပရိသတ် အများစု သိကြမှာပါ။ အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ Alexandra Daddario ဟာ သူမရိုက်ကူးခဲ့ဖူးတဲ့ ဇာတ်ကားတွေရဲ့ ၃၆.၄ ရာခိုင်နှုန်းသော ဇာတ်ကားတွေမှာ အဖော်အချွတ်ခန်းတွေ သရုပ်ဆောင်ခဲ့ဖူးပါတယ်။ မကြားသေးခင်အချိန်တုန်းက ထွက်ရှိခဲ့တဲ့ Lost Girls & Love Hotels ဇာတ်ကားမှာလည်း Tokyo မြို့ရောက် အင်္ဂလိပ်ဆရာမလေးတစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့ပါသေးတယ်။ အဆိုပါ ဇာတ်ကားထဲမှာလည်း Alexandra ရဲ့ အဖော်အချွတ်အခန်းတွေ ပါဝင်ပါသေးတယ်။
Pyi Hein Kyaw