ချစ်သူကို စူးစူးနစ်နစ်ချစ်တဲ့ မိန်းကလေးတွေဆိုမှာ ဒီလိုအကျင့်မျိုးလေးတွေ ရှိပါတယ်

Ivanko80/Shutterstock
မိန်းကလေးတွေ တကယ်ချစ်မိသွားပြီဆိုရင် တကယ်ကို စူးစူးနစ်နစ် ခံစားရပါတယ်။ တကယ်လို့ မိန်းကလေးတစ်ယောက်ဟာ ခုလို အပြုအမူ၊ ခံစားချက်လေးတွေ ဖြစ်ပေါ်နေပြီဆိုရင်တော့ သူတကယ်ကို စူးစူးနစ်နစ် ချစ်မိနေလို့ဆိုတာကို သဘောပေါက်လိုက်ပါတော့နော်။

(၁) အမြဲတမ်းဖုန်းဆက်တယ်

မိန်းကလေးတွေဟာ တကယ်စူးစူးနစ်နစ် ချစ်မိသွားကြတဲ့အခါမှာ ချစ်သူအနားမှာ မရှိနိုင်တဲ့အချိန်တွေဆိုရင် အမြဲတမ်း ဖုန်းတဂွမ်ဂွမ် ဆက်တတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ချစ်သူနဲ့မတွေ့တဲ့ အချိန်တွေမှာ အရမ်းကို လွမ်းဆွတ်သတိရကြသလို အရမ်းလည်း စိတ်ပူတတ်ကြပါတယ်။ ဒါကြောင့်မို့ ချစ်သူ ဘာလုပ်တယ်၊ ဘာတွေဖြစ်နေတယ်ဆိုတာကို အမြဲသိချင်နေကြလို့ ဖြစ်ပါတယ်။

(၂) ချစ်လားလို့အမြဲမေးတယ်

မိန်းကလေးတွေဟာ အရမ်းကို စူးစူးနစ်နစ် ချစ်မိသွားကြတဲ့အခါ သူတို့ချစ်သူရဲ့ သူတို့အပေါ်ခံစားချက်ကို အမြဲသိချင်နေတာ ဖြစ်ပါတယ်။ သူတို့ကို ဘယ်လောက်ချစ်လဲ၊ အရင်လိုရောချစ်သေးရဲ့လား၊ သူတို့ချစ်သလောက် သူတို့ကို ပြန်ချစ်ရဲ့လားဆိုတာကို အမြဲတမ်း သိချင်နေကြပါတယ်။ သူတို့စိတ်ထဲမှာ မေးခွန်းတွေအားလုံးကို ချစ်လားဆိုတဲ့ မေးခွန်းလေးက ကိုယ်စားပြုပါတယ်။

READ
ရင်ခွင်ထဲ ကလေးပွေ့ချီထားရင်း အိပ်ပျော်သွားမိလို့ ယူကြုံးမရ ဖြစ်ခဲ့ရတဲ့ဖခင်
margos/pexels

(၃) သဝန်တိုတယ်

မိန်းကလေးတွေဟာ တကယ်ချစ်မိသွားပြီဆိုရင် အရမ်းကို သဝန်တိုတတ်လာကြပါတယ်။ ချစ်သူက တခြားကောင်မလေးတွေနဲ့ အရမ်းရင်းနှီးနေတာ၊ တခြားအလုပ်တွေ တခြားသူတွေကို ကိုယ့်ထက်ဦးစားပေးတာမျိုးတွေကို မြင်ရင် အရမ်းသဝန်တိုတတ်ကြပါတယ်။ တစ်ခါတလေ သဝန်တိုတတ်လွန်းတဲ့သူတို့ကို သူတို့ မုန်းတဲ့အချိန်တွေတောင် ရှိပေမယ့် မထိန်းနိုင်ကြပါဘူး။ အကြောင်းရင်းကတော့ ချစ်သူကို စူးနစ်နေအောင် ချစ်ကြလို့ပါ။

(၄) လိုက်လျောတယ်

အရင်က သူမ မသွားချင်တဲ့နေရာတွေတောင် လိုက်ပေးတယ်၊ သင့်သူငယ်ချင်းတွေကိုလည်း ခင်ခင်မင်မင် ရင်းရင်းနှီးနှီး ဆက်ဆံပေးတယ်။ သင့်ကို အစစအရာရာ လိုက်လျောပေးတယ်၊ အရာအားလုံးကို ခေါင်းညိတ်ပေးတယ်ဆိုရင်တော့ သင့်ကို စူးစူးနစ်နစ် ချစ်မိနေလို့ပါ။

Image by Pexels from Pixabay

(၅) ငိုတယ်

မိန်းကလေးတွေဟာ စိတ်ခံစားချက်သိမ်မွေ့နူးညံ့တယ်ဆိုပေမယ့် မျက်ရည်တော့ အမြဲတမ်းမကျတတ်ပါဘူး။ ဒါပေမယ့် မိန်းကလေးတစ်ယောက်ဟာ ခဏခဏ ငိုတယ်၊ သင့်အတွက် မျက်ရည်ကျတယ်၊ ဒါတောင် သင့်ကို စွန့်ခွာမသွားဘူးဆိုရင်တော့ စူးနစ်နေအောင်ချစ်နေလို့ပါ။

READ
ဈာပနပွဲမှာ အဖော်အချွတ်မယ် ငှားရမ်းနေမှုကို တရုတ်အာဏာပိုင်များ ပိတ်ပင်ဖို့စီစဉ်နေ

Em Em (Shwemom)

SHARE