နမ်းခြင်းရဲ့ ကောင်းကျိုး(၅)မျိုး

Couple kissing

ချစ်သူကို နမ်းတာပဲဖြစ်ဖြစ်၊ တူ/တူမလေးတွေကို နမ်းတာပဲဖြစ်ဖြစ်၊ အမေနဲ့ အဖေ့ကို နမ်းတာ
ပဲဖြစ်ဖြစ်၊ အစ်ကိုတွေ မောင်တွေ၊ အစ်မတွေ ညီမတွေကို နမ်းတာပဲဖြစ်ဖြစ်၊ ချစ်သူမို့လို့ အနောက်
တိုင်းနည်းနဲ့ နမ်းတာပဲဖြစ်ဖြစ်၊ ဗမာနည်းနဲ့ နမ်းတာပဲဖြစ်ဖြစ် နမ်းသူနဲ့ အနမ်းခံရသူတွေမှာ အောက်
ပါ ကောင်းကျိုး (5) မျိုးကို ခံစားရမှာ မလွဲပါဘူး။

1. ဖိအားတွေကို ကင်းပျောက်စေတယ်။

တစ်စုံတစ်ယောက် ၀မ်းနည်းနေသလား … နမ်းပေးလိုက်၊ တစ်စုံတစ်ယောက် အားငယ်နေသလား၊
နမ်းပေးလိုက်၊ တစ်စုံတစ်ယောက် စိတ်ဆိုးနေသလား၊ နမ်းပေးလိုက် … အနမ်းဟာ စိတ်ဖိအားတွေ၊
စိတ်ပျက်ဝမ်းနည်းမှုတွေကို ချက်ချင်း ယူပစ်လိုက်သလို ပျောက်သွားစေပါတယ်။

2. ပျော်ရွှင်စေတယ်။

အနမ်းဟာ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုကို ပေးနိုင်ပါတယ်။ နောက်တစ်နည်း ပြောရရင် လူတစ်ယောက်
ကို ဘုမသိဘမသိနဲ့ သွားနမ်းကြည့်လိုက် … အဲဒီလူ ပျော်သွားလိမ့်မယ်။ အဲသလို ဖြစ်မလာဘူးဆိုရင်
တော့ ကိုယ့်လူ ပြေးပေတော့ … ။ နောက်တာပါ။ နမ်းရင်လည်း ကိုယ်နဲ့ သက်ဆိုင်သူပဲ နမ်းလေ။

READ
ဘဝတွေအကြောင်း ထင်ဟပ်ပြသနေတဲ့ ဂျပန်သရုပ်ဖော်ဆရာရဲ့ အနုပညာလက်ရာပုံများ

3. ကျန်းမာစေတယ်။

အနမ်းဟာ ခန္ဓာကိုယ်ကို ဆိုးကျိုးတွေ ပေးတဲ့ ဟိုမုန်းတွေ၊ ဘက်တီးရီးယားတွေကို တိုက်ခိုက်ပေးနိုင်တဲ့
antibodie လို့ခေါ်တဲ့ တန်ပြန်စွမ်းအားတွေကို မွေးထုတ်ပေးနိုင်ပါတယ်။ ဒါကြောင့် များများ နမ်းလေး
များများ ကျန်းမာလေပဲပေါ့။

4. နာကျင်မှုကို လျှော့ချပေးနိုင်တယ်။

အနမ်းဟာ နာကျင်မှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ခွဲစိပ်ခန်းဝင်မယ့် လူနာတွေအတွက် အနမ်းဟာ
မော်ဖင်းထက်ကို အစွမ်းထက်တဲ့ နာကျင်မှုပျောက်ဆေးလို့တောင် ဆရာဝန်တွေက တင်စားကြပါတယ်။

5. ချစ်ခြင်းကို သက်တမ်းရှည်စေတယ်။

ဒါကတော့ ချစ်သူတွေပေါ့။ ချစ်သူတွေဟာ နမ်းလေ၊ တစ်ယောက်နဲ့တစ်ယောက် မြတ်နိုးတွယ်တာလေ၊
ချစ်ခင်ကြင်မက်စိတ်တွေ ပိုမိုဖြစ်စေလို့ ချစ်သက်တမ်းရှည်ချင်တဲ့ ချစ်သူစုံတွဲတွေကို အားတာနဲ့ နမ်းကြဖို့
တိုက်တွန်းလိုက်ပါကြောင်း။

နတ်စည်တော် (ShweMOM)

READ
ခေတ်အဆက်ဆက် ကမ္ဘာအနှံ့မှ မဖြေရှင်းနိုင်သေးသောလူသတ်မှုများ အပိုင်း (၂)

post image

SHARE