ရုပ်ရှင်ချစ် ပရိသတ်တွေ လုံးဝ လက်လွှတ်မခံသင့်တဲ့ အာရှ အက်ရှင်ဇာတ်ကား(၅)ကား

Wikimedia Commons

ရုပ်ရှင်ဇာတ်ကားတွေဟာ လူသားတွေအတွက် စိတ်အပန်းဖြေစရာ entertainment တစ်ခုဖြစ်သလို ခံစားမှု ရသပေါင်းစုံ ပေးစွမ်းနိုင်တဲ့ အရာတွေဆိုလည်း မမှားပါဘူး။ ရုပ်ရှင်ဇာတ်ကားတွေမှာတော့ horror, comedy, scientific, super hero, action, drama အစရှိတဲ့ ရုပ်ရှင်ဇာတ်ကားအမျိုးအစားပေါင်း မြောက်မြားစွာရှိတဲ့ထဲကမှ action ဇာတ်ကားတွေဟာ လူတော်တော်များများ ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်အမျိုးအစားပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာတော့ Shwemom ပရိသတ်ကြီးကို ကမ္ဘာတစ်ဝန်းက ပရိသတ်တွေ အထူးကြိုက်နှစ်သက်တဲ့ အာရှအက်ရှင်ဇာတ်ကား ၅ ကားကို ဖော်ပြပေးချင်ပါတယ်။

၁။ IP Man

IP Man ဇာတ်ကားပေါင်းများစွာရှိတဲ့ အထဲကမှ မင်းသားကြီး Donnie Yen ကိုယ်တိုင် သရုပ်ဆောင်ထားတဲ့ ၁၉၃၇ ခုနှစ် ဇာတ်အိမ်ကို နောက်ခံပြီး ရိုက်ကူးထားတဲ့ ပထမဦးဆုံး IP Man ဇာတ်ကားဟာ တော်တော်လေးကို ကောင်းတဲ့ ဇာတ်ကားကောင်းတစ်ခုပါပဲ။ ဒီဇာတ်ကားထဲမှာ Wing Chun သိုင်းပညာကို အထင်သေးတဲ့ ဂျပန်တွေကို Donnie Yen ကြီးက ဘယ်လိုပုံစံနဲ့ ကောင်းကောင်းပညာပေးသလဲဆိုတာ ကြည့်ရှု့နိုင်မယ့် အက်ရှင်ဇာတ်ကားကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

၂။ Train To Busan

READ
Liam လေးနဲ့အတူ ရိုက်ထားတဲ့ ဓါတ်ပုံလေးတွေ တင်လိုက်ပြန်တဲ့ ယွန်းဝတီလွင်မိုး

Zombie ဇာတ်ကားကောင်းတွေကိုတော့ ရုပ်ရှင်ချစ်ပရိသတ်တော်တော်များများ ကြိုက်နှစ်သက်ကြပြီး ဒီ Train To Busan ဇာတ်ကားဟာ ထွက်ခါစတုန်းမှာ တော်တော်လေးကို အောင်မြင်ခဲ့တဲ့ Zombie ဇာတ်ကားကောင်းလေးစတ်ခုပဲ ဖြစ်ပါတယ်။ တောင်ကိုရီးယားရဲ့ နာမည်ကြီး မင်းသားနှစ်ဦးဖြစ်တဲ့ Gong Yoo နဲ့ မင်းသားကြီး Ma Dong-Seok တို့နှစ်ယောက် အပေးအယူမျှမျှနဲ့ သေသေချာချာ သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းတစ်ခုဆိုလည်း မမှားပါဘူး။

၃။ A Bittersweet Life

တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်း မင်းသားကြီးတစ်ယောက်ဖြစ်တဲ့ Lee Byung-hun ကို ဒီဇာတ်ကားထဲမှာ Gangster တစ်ယောက်အဖြစ် တွေ့ရှိနိုင်မှာပဲ ဖြစ်ပါတယ်။ Lee Byung-hun ရဲ့ Mafia Boss က သူ့ရဲ့ ချစ်သူကို နောက်ယောင်ခံလိုက်ပြီး စောင့်ရှောက်ဖို့ Lee Byung-hun ကို တာဝန်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ Lee Byung-hun တစ်ယောက် သူ့ Boss ရဲ့ ချစ်သူ မင်းသမီး Shin Min-a ကို တွေ့မိလိုက်တဲ့ အချိန်မှာတော့ ချစ်မိသွားပြီး ဘယ်လိုပုံစံတွေဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရမယ့် အချစ်အက်ရှင် ဇာတ်ကားကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

READ
ရုံမတင်ရသေးတဲ့ Avatar 2 နဲ့ 3 တို့ရဲ့ ရိုက်ကူးရေး ပြီးစီးတော့မှာ ဖြစ်ကြောင်း သိရ

၎။ Ong Bak

ထိုင်းအက်ရှင်ဇာတ်ကားကောင်းတစ်ခုဖြစ်တဲ့ Ong Bak ကတော့ ကျွန်တော့်တို့ မြန်မာနိုင်ငံက လူတော်တော်များများ အရမ်းကြိုက်ခဲ့ကြတဲ့ အက်ရှင်ဇာတ်ကားဟောင်းတစ်ခုပဲ ဖြစ်ပါတယ်။ Ting လို့အမည်ရတဲ့ ရွာသားလေးတစ်ယောက်ဟာ သူ့တို့ရွာက ကိုးကွယ်တဲ့ ဘုရားခေါင်းကို ဘုရားသူခိုးအဖွဲ့က ခိုးသွားတဲ့အချိန်မှာတော့ သူကိုယ်တိုင် မြို့တက်ပြီး အဆိုပါ ဘုရားခိုးဂိုဏ်းကို လိုက်လံစုံစမ်းပါတော့တယ်။ ဒီလိုနဲ့ Ting နဲ့ ဘုရားခိုးဂိုဏ်းကလူတွေနဲ့ တိုက်ခိုက်ကြပုံတွေ၊ Ting ရဲ့ မွေထိုင်းလက်ဝှေ့သိုင်းတွေကို အဆိုပါ Ong Bak ဇာတ်ကားမှာ တစ်ဝကြီးကြည့်ရှု့နိုင်မှာပဲ ဖြစ်ပါတယ်။

၅။ Prison On Fire

ဒီဇာတ်ကားကတော့ ၁၉၈၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဟောင်ကောင်မင်းသားကြီး Chow Yun-fat ရဲ့ ထောင်တွင်းအက်ရှင်ဇာတ်ကားကောင်းတစ်ခုပါ။ ထောင်အတွင်းက လူမိုက်တွေရဲ့ အနေအထိုင်တွေ၊ တစ်ဦးနဲ့တစ်ဦး ဖျံကျပုံတွေ၊ ထောင်တွင်းအရာရှိတွေနဲ့ ထောင်တွင်းလူမိုက်ထိပ်သီးတွေရဲ့ အပေးအယူတွေကို ဒီဇာတ်ကားထဲမှာ တွေ့မြင်ရပါတယ်။ အစကနေအဆုံးအထိ action ဇာတ်ဝင်ခန်းတွေနဲ့ ပြည့်နေတာကြောင့် အက်ရှင်ဇာတ်ကားကြိုက်တဲ့ ပရိသတ်တော်တော်များများ မလွတ်တမ်း စောင့်ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

Pyi Hein Kyaw

SHARE