ပြည်ပတွင်ဟန်နီးမွန်းထွက်ဖို့ အကောင်းဆုံးနေရာ(၅)ခု

ပြည်ပတွင်လည်ပတ်စရာနေရာများစွာရှိတဲ့အနက်မှ အခုဖော်ပြပေးမယ့် (၅)နေရာကတော့ ဟန်းနီးမွန်းအနေနဲ့
ထွက်လို့အကောင်းဆုံးနေရာတွေပဲဖြစ်ပါတယ်။

၁။ Caribbean

carribean

မြို့ ပြရဲ့  ဆူညံသံတွေကနေဝေးပြီး တိတ်တိတ်ဆိတ်ဆိတ် ရှုခင်းကောင်းသော ကျွန်းလေးတစ်ခုဖြစ်ပါတယ်။ကောင်းမွန်စွာ အပန်းဖြေနိုင်ပြီး ကမ်းခြေနှင့်ပင်လယ်ရဲ့ အလှအပများကို မျက်စိတစ်ဆုံးခံစားရစေပါတယ်။ ဒီကျွန်းလေးကတော့
ဟန်နီးမွန်းခရီးသွားနေရာလေးတစ်ခု အဖြစ်ရေပန်းစားနေသော နေရာလေးဘဲဖြစ်ပါတယ်။

၂။ Tahiti

tahiti

အင်မတန်မှ လှပသော ကျွန်းလေးတစ်ခုဖြစ်ပါတယ်။ လှပသော ပန်းများ နှင့် ရှုားပါးသော လက်ဝတ်ရတနာများကြောင့် ခရီးသွားများအလွန်နှစ်သက်ကြပါတယ်။ ကောင်းကင်ဘုံနှင့် တူသော ရှုခင်းများကြောင့် ခရီးသွားများအတွက်အလွန်ဆွဲ
ဆောင်မှုရှိသော နေရာလေးတစ်ခုပါ။ ခရီးဝေးလမ်းလျောက်ခြင်း၊ ရေငုပ်ခြင်း၊ လှေစီးခြင်း၊ မြင်းစီးခြင်း၊ ရေအောက်အား
ကစားပြိုင်ပွဲ နှင့် အခြားသော ပျော်ရွင်စရာကောင်းသော ပျော်ပွဲရွင်ပွဲများကိုလည်း ပါဝင်ဆင်နွဲနိုင်ပါတယ်။ ဈေးဝယ်ထွက်ချင်သူများအတွက်လည်း မှန်ကန်သောဈေးနှုန်းများဖြင့် ဝယ်ယူနိုင်သောကြောင့် စာရေးသူကတော့ အလွန်ပင်နှစ်သက်
ပါတယ်။

၃။ Thailand

READ
ဘယ်နေရာမှာမှ မရှိပဲ Finland နိုင်ငံမှာပဲတွေ့ရတဲ့ ထူးခြားတဲ့အချက်များ

thailand

ယိုးဒယား ကိုအလည်သွားရောက်ကြသူ တော်တော်များများရှိပါတယ်။ ဈေးဝယ်ရာမှာ အစစအရာရာ အဆင်ပြေပြီး
ပင်လယ်စာများအလွန်ကောင်းမွန်သောကြောင့် ခရီးသွားများကို ဆွဲဆောင်ထားနိုင်သော နေရာဖြစ်ပါတယ်။ ရှေး
ဟောင်း ဘုရားကျောင်းများ၊ အဆင့်မြင့်သော ဈေးဝယ်စင်တာများ နှင့် Body Spa များကလည်း ယိုဒယားရောက်
ခဲ့လျှင် မသွားမဖြစ်သွားရောက်သင့်သော နေရာများဖြစ်ပါတယ်။ လမ်းဘေးဈေးသယ်များရဲ့ ချိုသာသော ဆက်ဆံရေး
များကြောင့် အလိုလိုနေရင်း ဈေးဝယ်ချင်စိတ်များဖြစ်ပေါ်စေပါတယ်။ ကုန်ကျစားရိတ် အလွန်သက်သာသောကြောင့်
ခရီးရက်ရှည်ပြီး ဟန်နီးမွန်း အမှတ်တရများများဖန်တီးနိုင်စေသော နေရာလေးဘဲဖြစ်ပါတယ်။

၎။Bali

bali

ကြည်လင်သော ရေများ၊ ရှေးဟောင်း အဆောက်အဦးများ နှင့် ကမ်းခြေရဲ့ အလှအပတွေသည် ခရီးသွားများကို ဆွဲ
ဆောင်ထားသော ဘာလီကျွန်းဘဲဖြစ်ပါတယ်။ အင်ဒိုနီရှန်းများရဲ့  နတ်ပြည်လို့ ခေါ်တွင်တဲ့ ဘာလီကျွန်းကို ဟန်နီးမွန်း
အဖြစ်ရွေးချယ်သင့်ပါတယ်။ သဘာဝတောတောင်ရေမြေတွေကို တဝကြီးကြည့်ရှုခံစားရစေသော နေရာလေးတစ်ခု
ဘဲဖြစ်ပါတယ်။ သဘာဆေးမြစ်များဖြင့် ရှေးဟောင်းနည်းလမ်းများကိုအသုံးပြုသော Body Spa နှင့် ပတ်သက်ပြီး
တော့လည်း နာမည်ကျော်ကြားနေသော နေရာလေးတစ်ခုဖြစ်ပါတယ်။

READ
ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံဖြစ်တဲ့ ဒိန်းမတ်နိုင်ငံအကြောင်း

၅။ New Zealand

New Zealand_South Island_Milford Sound Lake and Mountains_APT_2065_LLR

Australia တိုက်ရဲ့ တောင်ပိုင်းမှာ တည်ရှိနေသော New Zealand ကတော့ မှော်ဆန်သော နေရာလေးတစ်ခုဖြစ်
ပါတယ်။ လှပသောတောင်တန်းများ၊ ကမ်းပါးစောက်များ နှင့် စိမ်းမြနေသော ရေကြည်များကြောင့် မှော်အစွမ်းဖြင့်ဖန်
တီးထားသောနေရာလေးတစ်ခုဟု ခရီးသွားအစီအစဉ်တစ်ခုက ပြောကြားခဲ့ပါတယ်။ ခ၇ီးသွားများကို နှလုံးခန်သံများ
ရပ်တန့်သွားမတတ် စိတ်ပျော်ရွင်မှုတွေကိုပေးစွမ်းသော နေရာလေးဖြစ်ပါတယ်။ ရွက်လွင့်ခြင်း၊ Sky Diving, ခရီး
ဝေးလမ်းလျောက်ခြင်း၊ တောင်တက်ခြင်း နှင့် လေထီးစီးခြင်း အစရှိသော ပျော်ရွင်စရာကောင်းသော ဖျော်ဖြေရေးများ
ကြောင့် ရေပန်းစားလူကြိုက်များသော နေရာလေးတစ်ခုဖြစ်လာပါတော့တယ်။ ဟန်နီးမွန်းခရီးမှာ အမှတ်တရများစွာ
ရရှိစေနိုင်သော နေရာလေးတစ်ခုဖြစ်ပါတယ်။

D-bear(Shwemom)

shwemom post photo (1)

Source:wonderlist

SHARE