လက်ဝှေ့ဘုရင် မိုက်တိုင်ဆန်ရဲ့ တစ်ချက်ကောင်းနဲ့ ပြိုင်ဘက်ကို အနိုင်ယူခဲ့တဲ့ပွဲများ

1985 ခုနှစ်ကနေ 2005 ခုနှစ်အထိ အနှစ် 20 ကျော် ကြိုးဝိုင်းထဲမှာ ကြင်လည်ပြီး အောင်မြင်မှုသရဖူ အလီလီဆောင်းနိုင်ခဲ့တဲ့ လက်ဝှေ့ကျော်ကြီးတစ်ဦးကတော့ သံမဏိမိုက်လို့ တင်စားခြင်းခံရတဲ့ အမေရိကန် ဂန္ထ၀င်လက်ဝှေ့သမား မိုက်တိုင်ဆန်ပဲ ဖြစ်ပါတယ်။ သူ့ခေတ်သူ့အခါမှာတော့ ပြိုင်ဘက်ကင်း လက်ဝှေ့ဆရာကြီးတစ်ဆူပါဘဲ။

သူထိုးခဲ့တဲ့ လက်ဝှေ့ပွဲတိုင်းဟာ ပရိသတ်အကြိတ်အနယ် ရှိလှပြီး၊ စိတ်လှုပ်ရှားဖွယ်ရှာ ရသတွေ ပေးစွမ်းနိုင်ခဲ့ပါတယ်။ သူဟာ အသက် 20 အရွယ်မှာပင် ဟဲဗီးဝိတ်ချန်ပီယံဖြစ်ခဲ့သူပါ။ အသက် 19 နှစ်အရွယ်မှာ ပရော်ဖတ်ရှင်နယ် လက်ဝှေ့သမားတစ်ယောက် ဖြစ်ခဲ့ပြီး၊ WBC ခါးပတ်ကို ရယူနိုင်ခဲ့ပါတယ်။

1987 မှာ ပြိုင်ဘက်အသီးသီးကို ထိုးသတ်ပြီး WBA, WBC, IBF ရွှေခါးပတ်တွေကို ဆက်တိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ 1988 ခုနှစ်မှာ စိန်ခေါ်သူ လက်ဝှေ့ကျော် မိုက်ကယ်စပင့်ကို 91 စက္ကန့်မှာပင် အလဲထိုးအနိုင်ယူပြီး၊ သူ့ရဲ့ ချန်ပီယံဘွဲ့တွေကို ကိုးကြိမ်အထိ ထိမ်းသိမ်းနိုင်ခဲ့တဲ့ စံချိန်ကို ပိုင်ဆိုင်ခဲ့ပါတယ်။

READ
PSG ကစားသမားသစ် နေမာရဲ့ အံ့ဖွယ်ဘောလုံး Skill များ

1990 မှာတော့ သံမဏိမိုက်ဟာ ပြိုင်ဘက် လက်ဝှေ့သမား ဘူစတာ ဒေါက်ဂလက်ကို ဆယ်ချီမှာ အလဲထိုးခံလိုက်ရပြီး ကြီးမားတဲ့ ရှုံးပွဲကြီးကို ရင်ဆိုင်ခဲ့ပါတယ်။ 1992 ခုနှစ်မှာတော့ မိုက်ဟာ အဓမ္မမှုတစ်ခုကို ကျူးလွန်ခဲ့ကြောင်း ထင်ရှားခဲ့လို့ ထောင်ဒဏ် 6 နှစ် ချမှတ်ခံခဲ့ရပါတယ်။

ဒါပေမယ့် 1995 ခုနှစ်မှာ ထောင်ကနေပြန်လွတ်လာခဲ့ပြီး 1996 ခုနှစ်မှာ WBC, WBA ခါးပတ်တွေကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ 2002 ခုနှစ်မှာ မိုက် နောက်ဆုံးကစားခဲ့တဲ့ ပွဲကလည်း ကမ္ဘာကျော်ခဲ့ပါတယ်။ ပြိုင်ဘက် လန်းနော့ လီဝစ်စ်နဲ့ ဟဲဗီဝိတ်တန်းမှာ ဆုံတွေ့ခဲ့ပြီး၊ အလဲထိုးခံလိုက်ရပါတယ်။

ယင်းနောက် လက်ဝှေ့လောကကနေ အနားယူခဲ့ပါတယ်။ ဒါပေမယ့် အပျော်တမ်းလက်ဝှေ့သမားအဖြစ် 2005 ခုနှစ်အထိ ရပ်တည်ခဲ့ပြီး၊ အခုဆိုရင် မိုက်ဟာ အသက် 51 နှစ် ရှိနေပါပြီ။ အထက်ဖော်ပြပါ ဗွီဒီယိုဖိုင်ကတော့ လက်ဝှေ့သမိုင်းမှာ သံမဏိမိုက်ရဲ့ မှတ်ကျောက်တင်ခံရတဲ့ ပွဲအချို့ စုစည်းမှု ဖြစ်ပါတယ်။

READ
အရယ်ရဆုံးနဲ့အဆန်းသစ်ဆုံး တီဗွီ-ဗွီဒီယိုကြော်ငြာများ

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE