သရုပ်ဆောင်လည်း တော်ပြီး သီချင်းဆိုလည်း ကောင်းတဲ့ Bollywood ဆယ်လီ(၅)ဦး

[email protected] priyankachopra [email protected] aliaabhatt amitabhbachchan [email protected]

ရုပ်ရှင်သရုပ်ဆောင် နယ်ပယ်တိုင်းရှိ သရုပ်ဆောင်တော်တော်များများဟာ သရုပ်ဆောင်တဲ့ အတတ်ပညာတစ်ခုထဲကိုပဲ သေသေချာချာ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားသလို အဆိုတော်တွေဟာလည်း သူတို့ vocal power နဲပပဲ ကျွမ်းကျင်ပိုင်နိုင်စွာ သီဆိုနိုင်ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် လူတော်တော်များများ သတိမထားမိကြတဲ့ ရုပ်ရှင် သရုပ်ဆောင် အဆိုတော်တွေလည်း ရှိပါသေးတယ်။ ဒါ့ကြောင့် ဒီနေ့မှာတော့ Shwemom ပရိသတ်ကြီးကို Bollywood ရုပ်ရှင် နယ်ပယ်မှာ နာမည်ကြီး သရုပ်ဆောင်တွေ ဖြစ်သလို သီချင်းလည်း ကောင်းကောင်း ဆိုနိုင်တဲ့ Bollywood သရုပ်ဆောင် အဆိုတော် ၅ ယောက်အကြောင်းကို ပြောပြပေးချင်ပါတယ်။

၁။ Priyanka Chopra

Bollywood ရုပ်ရှင် လောကရဲ့ ထိပ်တန်း မင်းသမီးတစ်ယောက်ဖြစ်တဲ့ Priyanka Chopra ကိုတော့ အထူးတလည် မိတ်ဆက်ပေးစရာတောင် မလိုတဲ့ အထိ Bollywood ရုပ်ရှင်ချစ်ပရိသတ်တော်တောများများ သိရှိကြပြီးဖြစ်မှာပါ။ Priyanka ဟာ ၂၀၁၂ ခုနှစ်တုန်းက In My City လို့ အမည်ရတဲ့ သီချင်းကို Will.I.Am နဲ့ တွဲဖက်သီဆိုခဲ့သလို ၂၀၁၃ ခုနှစ်မှာလည်း Exotic အမည်ရ သီချင်းတစ်ပုဒ်ကို အမေရိကန် ရက်ပ်ပါ Pitbull နဲ့ သီဆိုကာ သီချင်း ၂ ပုဒ်ထွက်ရှိခဲ့ဖူးပါတယ်။ ဒါ့အပြင် Priyanka ရဲ့ အသံဟာ တော်တော်လေး ကောင်းတာကြောင့် Bollywood ဇာတ်ကားတစ်ချို့ရဲ့ ဇာတ်ဝင်သီချင်းတွေမှာတောင် သီဆိုပေးခဲ့ရပါတယ်။

READ
ရွှေနန်းတော်ပွဲမှာ အနက်ရောင်ဖက်ရှင်နဲ့ တစ်မျိုးစီလှ နေတဲ့ ဖွေး နဲ့ ကစ်

၂။ Madhuri Dixit

Madhuri Dixit ကတော့ 90’s ခေတ်တွေတုန်းက အိန္ဒိယရုပ်ရှင်လောကရဲ့ ထိပ်တန်း မင်းသမီးတစ်ယောက် ဖြစ်သလို အိန္ဒိယရဲ့ အကဘုရင်မလို့တောင် တင်စားခြင်းကို ခံခဲ့ရသူ တစ်ယောက်ဖြစ်ပါတယ်။ ဒီ ၂၀၂၀ ခုနှစ် အစောပိုင်းတုန်းကလည်း “Candle” လို့ အမည်ရတဲ့ သူမရဲ့ တစ်ကိုယ်သီချင်းတစ်ပုဒ် ထွက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ အိန္ဒိယ classic သီချင်းတွေဖြစ်တဲ့ Kaahe Chhed Mohe နဲ့ Rangi Sari Gulabi Chunariya လို့ အမည်ရတဲ့ သီချင်း ၂ ပုဒ်ကို သီဆိုပြီး နာမည်ကြီးခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။

၃။ Ayushmann Khurrana

အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Ayushmann Khurrana ကတော့ Vicky Donor, Dream Girl, Bala, Article 15 အစရှိတဲ့ နာမည်ကြီး Bollywood ရုပ်ရှင်ဇာတ်ကားတွေနဲ့ နာမည်ကြီးခဲ့သူတစ်ယောက်ပါ။ Ayushmann ဟာ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ Vicky Donor ဇာတ်ကားမှာ Pani Da Rang လို့ အမည်ရတဲ့ သီချင်းတစ်ပုဒ်ကို အစအဆုံး သီဆိုပေးခဲ့ပြီး ပါဝင်ကူညီပေးခဲ့ပါတယ်။ Ayushmann ဟာ တက္ကသိုလ်ကျောင်းသားဘဝမှာတုန်းက ကျောင်းပွဲတော်မှာလည်း သီချင်းဆိုရင်း နာမည်ကြီးခဲ့သူတစ်ယောက် ဖြစ်ပါတယ်။

READ
ဟန်နီးမွန်းက ကြင်စဦးဇနီးမောင်နှံနှစ်ယောက်ရဲ့ ဓါတ်ပုံတွေတင်လိုက်တဲ့ ရွှေထူး

၎။ Alia Bhatt

Bollywood ရုပ်ရှင်လောကရဲ့ ထိပ်တန်း မင်းသမီးတစ်ယောက်ဖြစ်တဲ့ Alia Bhatt ဟာလည်း သရုပ်ဆောင်ပိုင်းမှာသာမက ဂီတပိုင်းမှာပါ ထူးချွန်သူတစ်ယောက် ဖြစ်ပါတယ်။ Alia ဟာ သရုပ်ဆောင် တစ်ယောက်ဖြစ်ပေမယ့် ရုပ်ရှင်၊ ဂီတ အခမ်းအနားတွေမှာ အမြဲလိုလို သီချင်းဆိုကာ ဖျော်ဖြေတင်ဆက်ပေးတဲ့ မင်းသမီးတစ်ယောက် ဖြစ်ပါတယ်။ အခုဆိုရင်တော့ ကိုယ်ပိုင် Youtube channel တစ်ခု ထောင်ထားပြီး ရံဖန်ရံခါ သီချင်းတွေ သီဆိုလေ့ရှိကြောင်း သိရပါတယ်။

၅။ Amitabh Bachchan

Bollywood ရုပ်ရှင်လောကရဲ့ ဆရာတစ်ဆူဖြစ်တဲ့ မင်းသားကြီး Amitabh Bachchan ကတော့ စွယ်စုံရ မင်းသားကြီးတစ်ယောက် ဖြစ်သလို ရုပ်ရှင် သရုပ်ဆောင်၊ ဂီတ၊ အက အစရှိတဲ့ မတူညီတဲ့ နယ်ပယ်တိုင်းမှာ တစ်ကယ့် ဆရာတစ်ဆူပဲ ဖြစ်ပါတယ်။ Amitabh Bachchan ဟာ Bollywood ရုပ်ရှင်ဇာတ်ကားတော်တော်များများမှာ သီချင်းသီဆိုခဲ့ဖူးသလို ၁၉၉၆ ခုနှစ်မှာလည်း Aby Baby လို့ အမည်ရတဲ့ အယ်လ်ဘမ်တစ်ချပ်ကို ပထမဦးဆုံးနဲ့ နောက်ဆုံး ထုတ်ခဲ့ဖူးပါသေးတယ်။

Pyi Hein Kyaw

SHARE