လက်မထပ်ခင်မှာ လက်တွဲဖော်အကြောင်း ကြိုသိထားသင့်တဲ့ အချက်(၅)မျိုး

လူတစ်ယောက်နဲ့ လက်ထပ်တော့မယ်ဆိုရင် ဘယ်သူကမှ တစ်ယောက်အကြောင်း တစ်ယောက် ဂဃနဏ မသိဘဲ လက်ထပ်ပွဲဆင်နွှဲမှာတော့ မဟုတ်ပါဘူး။ သို့သော်လည်း တစ်ချို့က ကိုယ်နဲ့လက်ထပ်မယ့်သူအကြောင်းကို သိထားပြီလို့ စိတ်ထဲကနေထင်ပြီး အရေးကြီးတာတွေ မစုံစမ်းမမေးမြန်းပဲ ထားတတ်ကြပါတယ်။

တစ်ခါတလေတော့ ချစ်သူကို ယုံကြည်မှု လွန်ကဲလို့ ဖြစ်တယ်ဆိုပေမယ့် တစ်ခါတလေကျတော့ ကိုယ့်ဘက်က ဆင်ခြင်တုံတရား ကင်းမဲ့လို့ ဖြစ်သွားတတ်ပါတယ်။ ဒီတော့ သင့်ချစ်သူနဲ့ လက်မထပ်ခင်မှာ အရေးကြီးတဲ့ အကြောင်းအရင်း(၅)မျိုးကိုတော့ ကြိုသိထားသင့်ပါတယ်။ အောက်မှာ ဖော်ပြထားပါတယ်။

(၁) အိမ်ထောင် ရှိ/မရှိ

ဒီအကြောင်းအရင်းကတော့ နည်းနည်းတော့ ကြောင်စီစီနိုင်တယ်လို့ ထင်ကောင်းထင်ရပါမယ်။ သို့သော်လည်း အိမ်ထောင်ရေးလောကမှာတော့ ဒီကိစ္စဟာ နောက်စရာ မဟုတ်ပါဘူး။ တကယ့်ကို အရေးကြီးပါတယ်။ ဒီတော့ ချစ်သူကို ယုံမှတ်လို့ ပုံအပ်မိတဲ့သူတွေအနေနဲ့ ဒီအရေးကြီးတဲ့အချက်ကို မေ့နေတတ်ကြပါတယ်။ တစ်ချို့ လူလည်တွေကလည်း နှစ်ပေါက်တစ်ပေါက် ရိုက်တတ်လို့ပါ။ အထူးသဖြင့် တစ်နယ်ဆီဝေးလှတဲ့ ဒေသအသီးသီးကနေ ဆုံဆည်းချစ်ကြိုက်သူတွေမှာ ဒီလို ပြဿနာရပ်ကြီးတွေ ကြုံတတ်ပါတယ်။

(၂) ရာဇဝတ်မှုကျူးလွန်ထားခြင်း ရှိ/မရှိ

ဒီအချက်ကတော့ ကိုယ့်ချစ်သူကို မယုံရာကျမှာဆိုပေမယ့် အရေးကြီးလို့ သိထားသင့်တဲ့ အကြောင်းအရာ တစ်ရပ်ပါ။ သူ့ကို တိုက်ရိုက်မေးဖို့ မသင့်တော်ပေမယ့် သင့်ဘက်က တစ်ခြားနည်းလမ်းတွေအသုံးပြုပြီး အလိမ္မာနည်းနဲ့ အဖြေရှာလို့ရပါတယ်။ အကြောင်းသိအဆင်းသိ ဆိုရင်တော့ ကိစ္စမရှိပေမယ့် စောစောကပြောတဲ့ အခုမြင်အခုကြိုက်၊ အခု ခိုးရာလိုက်တဲ့သူတွေအတွက်တော့ ဒီပြဿနာဟာ ကိုယ့်ကို အတော်လေး ဒုက္ခပေးမှာပါ။

READ
လူခေါင်းပါးသောတောများမှာရောက်နေစဉ် ရေရရှိနိုင်သောနည်းလမ်း(၄)မျိုး

(၃) HIV /Aids ရှိ/မရှိ

ဒါကလည်း လူတစ်ယောက်ကို ရှင့်မှာ HIV / Aids ရှိသလားလို့ သွားမေးရင်တော့ ရိုင်းတာပေါ့။ သို့သော် သူများနိုင်ငံတွေမှာတော့ လက်မထပ်ခင်မှာ အကြိုဆေးစစ်လေ့ရှိကြတာ ထုံးစံဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီလိုပုံစံမျိုးတွေ ရှိလာကြောင်း သိရပြီး လက်ကမ်းကြိုဆိုသင့်တဲ့ ကိစ္စတစ်ခုလို့ မြင်ပါတယ်။ ဒီကိစ္စကို စစ်ဆေးတာ ပြဿနာမဟုတ်ပါဘူး။ ပြဿနာက သူ့မှာ အဲဒီလို ကူးစက်ရောဂါတွေ ပါလာတယ်ဆိုကာမှ သင်ရော သင်မွေးလာမယ့် သားသမီးတွေပါ ပြဿနာ အကြီးကြီး တက်သွားနိုင်တာပါ။

(၄) အကြွေး ရှိ/မရှိ

အကြွေးဆိုတာ လူတိုင်းတော့ ကင်းနိုင်ဖို့ ခဲယဉ်းပါတယ်။ သို့သော် တစ်ချို့သောသူတွေရဲ့ ငွေကြေးအရှုပ်တော်ပုံဟာ မိသားစုတစ်စုတည်းကိုသာမက အဲဒီမိသားစုနဲ့ ဆက်နွှယ်ပတ်သက်သူတွေကိုပါ ဒုက္ခပေးတတ်ပါတယ်။ တစ်ချို့သော မိသားစုတွေက ဟန်ပြသာ ပစ္စည်းရှိလူကုံထံတွေလို နေတတ်ကြပေမယ့်၊ အိမ်သွားကြည့်တော့ အဆံမရှိပဲ ခေတ်ပျက်သူဌေး အကြွေးပရဗွနဲ့ဖြစ်နေတတ်ပါတယ်။ ဒါကို ကိုယ့်ဘက်က ဂရုမစိုက်ဘဲ နေလို့မရပါ။ သို့သော် သင့်ဘက်က ငွေကြေးဥစ္စာလုံလောက်လို့ သူတို့အကြွေးတွေ ဆပ်ပေးနိုင်တဲ့အတိုင်းအတာ ရှိတယ်ဆိုပါက၊ သို့မဟုတ် သူ့အကြွေးက သူ့အကြွေးလို့ပဲ သဘောထားနိုင်တယ်ဆိုပါက သင့်အတွက်တော့ ပြဿနာမဟုတ်ပါဘူး။

READ
ဒီရေကိုအန်တုပြီး အလယ်ခေါင်မှာအထီးတည်းရှိနေတဲ့ ထိုင်းနိုင်ငံကရေပေါ်ဘုန်းကြီးကျောင်း

(၅) ငွေကြေးနဲ့ပိုင်ဆိုင်မှု

နှုတ်ခမ်းပဲ့ချင်း မီးမှုတ်လို့ မရဘူးလားဆိုတော့ ရပါတယ်။ ဒါပေမယ့် ဖူးဆိုတဲ့ အသံတော့ မြည်ချင်မှ မြည်မှာပါ။ ဒီတော့ လက်မထပ်ခင်မှာ သူ့ဘက်ကိုယ့်ဘက် ငွေရေးကြေးရေး အဆင်ပြေမပြေက မသိမဖြစ် သိထားသင့်ပါတယ်။ မိန်းကလေးဘက်ကဆိုရင်တော့ ဒီကိစ္စက ကိုယ့်အတွက် အလွန်အရေးကြီးပြီး ကိုယ်လက်ထပ်မယ့်အမျိုးသားက လက်ကြောတင်းသလား၊ ဆန်ကုန်မြေလေးလား၊ လက်လျားလက်လျားထဲကလား၊ လောင်းကစားဝါသနာပါသူလား၊ မိန်းမလိုက်စားသလား၊ အရက်သေစာ စိတ်ကြိုက်သောက်သူလား၊ အခြေတကျထဲကလား၊ ဗိုလ်ကြီးလား၊ အင်ဂျင်နီယာလား၊ လွှတ်တော်အမတ်လား စသဖြင့် စေ့ငုံအောင်သိထားလေ အကျိုးရှိလေ ဖြစ်ပါကြောင်း။

နတ်စည်တော် (Shwemom)

source : verilymag.com

SHARE