တစ်နေ့ကိုအချိန်(၁၀)မိနစ်ပေးရုံနဲ့ ကျစ်လျစ်သွယ်လျတဲ့ခန္ဓာကိုယ်ပိုင်ဆိုင်စေမဲ့ လေ့ကျင့်ခန်း(၅)မျိုး

pixabay/taylorjamesphotos

ပိန်တော့ ပိန်ချင်ပါရဲ့ ဒါပေမယ့် အားကစားလုပ်ဖို့ အချိန်မရှိဘူး။gym သွားဖို့ အဆင်မပြေဘူးဆိုတဲ့ ပျိုမေတို့ အတွက် နည်းလမ်းကောင်း တစ်ခုကို အကြံပြုချင်ပါတယ်။အောက်မှာ ဖော်ပြထားတဲ့ လေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်ပေးခြင်းအားဖြင့် ခန္ဓာကိုယ်ကို သွယ်လျလှပေစေမှာဖြစ်ပါတယ်။ ကိရိယာလွတ်လေ့ကျင့်ခန်းတွေဖြစ်တာကြောင့် အိမ်မှာပဲ အလွယ်တကူ လုပ်လို့ရပါတယ်။ဒီေ လ့ကျင့်ခန်းတွေကို တစ်နေ့(၁၀)မိနစ် ပြုလုပ်ပေးခြင်းအားဖြင့် တစ်လအတွင်း သိသိသာသာ အကျိုး ထူးလာပါလိမ့်မယ်။

(၁)လေ့ကျင့်ခန်းတစ်

shutterstock/Up-Free

ဒီလေ့ကျင့်ခန်းဟာ ခန္ဓာကိုယ်ရဲ့ ကြွက်သားနဲ့ ပခုံးကို ကြံ့ခိုင်စေတဲ့ လေ့ကျင့်ခန်းမျိုးပါ။ပုံထဲမှာ ပြ ထားတဲ့ အတိုင်း  push-up position အတိုင်းထားပါ။ခေါင်းမှ ခြေထောက် အထိ ကို တစ်ဖြော င့်တည်းထားပါ။ခါးကို လုံဝ မလှုပ်ရှားပဲ ဒီအနေအားအတိုင်း နေနိုင်သလောက် နေပေးပါ။

READ
၁၆-၁၁-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

(၂)လေ့ကျင့်ခန်းနှစ်

shutterstock/MIOTRAN

ဒီလေ့ကျင့်ခန်းကတော့ အဓိကက ကြွက်သားတွေကို သန်မာလာအောင် ကူညီပေးတဲ့ လေ့ကျင့်ခန်း မျိုးပါ။အရင်ဆုံး ပျဉ်ပြားလို ပုံစံအတိုင်းစပါ။လက်ကိုဆန့်ပြီး ထောက်ထားပါ။ခန္ဓာကိုယ် တစ်ခုလုံးကို လက်အားကို သုံးပြီး ပင့်တင်ထားပါ။ ခြေထောက်၊နောက်ကျော၊တင်ပါးနဲ့ခါး ကို ဖြောင့်ဖြောင့်တန်း တန်းထားဖို့ မမေ့ပါနဲ့။ဒီလို ပုံအတိုင်း နေနိုင်သမျှနေလိုက်၊ပြန်လုပ်ကြည့်လိုက်ပါ။

(၃)လေ့ကျင့်ခန်းသုံး

shutterstock/MIOTRAN

ဆောင့်ကြောင့်ထိုင် လေ့ကျင့်ခန်းမျိုးပါ။အရင်ဆုံး ခန္ဓာကိုယ်ကိုမတ်မတ်ရပ်၊လက်ကို ရှေ့သို့ တစ်ဖြောင့်တည်း ဆန့်တန်းထားပါ။ပြီးရင်တော့ ခြေထောက်ကို ဆောင့်ကြောင့်ထိုင်အနေ အ ထားအတိုင်း ကွေးချလိုက်ပါ။လက်ကို ရှေ့သို့ ဆန့်နိုင်သမျှ ဆန့်ထုတ်ပါ။ခေါင်းကို ရှေ့သို့ မျက်နှာ  မူပါ။တင်ပါးကို မြေပြင်နဲ့တစ်တန်းတည်း ပုံစံမျိုးဖြစ်အောင် တတ်နိုင်သမျှ လုပ်ယူလို့ ရသလောက် ယူပါ။

(၄)လေ့ကျင့်ခန်းလေး

shutterstock/StockSnap

ဝမ်းလျား၊ပျဉ်ပြားအနေအထားနဲ့စပါ။ပြီးရင်တော့ ဘယ်ခြေညာလက်၊ညာခြေ ဘယ်လက် ဆန့်ကျင် ဘက်အတိုင်းမြှောက်ပါ။ခန္ဓာကိုယ်ရဲ့ ဟန်ချက်ကို ညီမျှအောင်အတတ်နိုင်ဆုံး ထိန်းပါ။ဒီနည်းပုံစံ အတိုင်း စက္ကန့်အနည်းငယ်၊ကိုယ်နေနိုင်သလောက် အနေအထား အတိုင်း နေပေးပါ။တစ်ဖက်ခြင်းစီ လုပ်ပေးပါ။နောက်ကျောနဲ့ဗိုက်ကြွက်သားအတွက် အထောက်အကူဖြစ်စေပါတယ်။

READ
မကြောက်မရွှံ့ ဧရာမငါးမန်းကြီးကို နီးနီးကပ်ကပ် အစာကျွေးတဲ့ အာဂ အမျိုးသား

(၅)လေ့ကျင့်ခန်းငါး

shutterstock/StockSnap

ဒီလေ့ကျင့်ခန်းကတော့ ပေါင်၊နောက်ကျောနဲ့ ဗိုက်ကို အထောက်အကူဖြစ်စေပါတယ်။ကြမ်ြး ပင်ပေါ်မှာ လှဲနေပါပြီးရင်တော့ လက်ကို ဘေးကို ဆန့်ထုတ်ပြီး body ကို မကြည့်ပါ။တင်ပါးကို တတ်နိုင်သမျှ မြှင့်လို့ ရသလောက် အထိ ဖြည်းဖြည်းလေး မြှင့်ပေးပါ။ပြီးရင်တော့ ဖြည်းဖြည်း ချင်းပြန်ချပါ။ဒီနည်းကို တတ်နိုင်သမျှ၊လုပ်နိုင်သမျှ လေးလုပ်ပေးပါ။

Ref;healthyremedie

SHARE