သင်ဟာ Bad Partner တစ်ယောက် ဖြစ်နေမှန်း ဖော်ပြနေတဲ့ အချက်(၅)ချက်

Pixabay-Myriams-Fotos

ချစ်သူရယ်လို့ ဖြစ်လာရင် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေရှိတာ အကောင်းဆုံးပါပဲ။ နားလည်မှု မရှိပဲ ဆက်တွဲနေတဲ့ အတွဲတွေကတော့ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ပဲ အချစ်တွေ၊ သံယောဇဉ်တွေရှိရှိ တစ်ချိန်ချိန်ကျရင် ကျိန်းသေပြတ်ကြမှာပါပဲ။ နောက်တစ်ချက်ကတော့ ကိုယ်ကိုယ်တိုင်တောင် သတိမထားမိပဲ ဖြစ်နေတဲ့ အရာတွေပါပဲ။ တစ်ချို့ကတော့ ဒါတွေကို ချစ်လို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ထည့်ပြီး ရောချပစ်လိုက်တတ်ပါတယ်။ ဒါပေမယ့် ဒီအချက်တွေကို မပြင်နိုင်ရင်တော့ သင့်ချစ်သူက သင့်ကို အကြီးအကျယ်စိတ်ပျက်နေမှာပါပဲ။ တစ်ကယ်လို့ သင်သတိရရင်တောင် အဲဒီအချိန်က သင့်ချစ်သူက သင့်ကို လမ်းခွဲစကားဆိုနေပါပြီ။ ဒါ့ကြောင့် ဒီလိုအခြေအနေတွေ မဖြစ်ရလေအောင် Bad Partner ဖြစ်မှန်းနေမှန်းတောင် သင့်ကိုယ်သင် သတိမထားမိစေတဲ့ အချက် ၅ ချက်ကို ပြောပြချင်ပါတယ်။

၁။ မကြာခဏ သင့်ချစ်သူဖုန်းကို ယူကြည့်မိတာမျိုးတွေ မလုပ်မိစေပါနဲ့။ သင်ကတော့ ငါနင့်ကိုချစ်လို့ ဒီလိုမျိုးဖြစ်တာပါလို့ အကြောင်းပြချက် ပေးကောင်းပေးနိုင်ပါတယ်။ ဒါပေမယ့် သင့်ချစ်သူစိတ်ထဲမှာတော့ တော်တော်စိတ်ကသိကအောက် ဖြစ်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတိုင်းမှာ ကိုယ့် privacy နဲ့ ကိုယ်ရှိပါတယ်။ သင်ကိုယ်တိုင်က သူ့ချစ်သူပါ။ သူ့ကိုမပိုင်ပါဘူး။ ဒီလိုမျိုး ဖုန်းတွေ ယူကြည့်တဲ့အပြုအမူက တစ်ဖက်သားကို ငါနင့်ကို မယုံလို့ဟေ့ဆိုတဲ့ စကားကို သွယ်ဝိုက်ပြောနေသလိုပါပဲ။ သင်မယုံကြည်ဘူးဆိုရင် အစကတည်းက တွဲမနေပါနဲ့။

READ
ကောင်မလေးတွေပြောတဲ့ မုသား(၃)မျိုး
Pixabay-Fotorech

၂။ နောက်တစ်ခုကတော့ သူ့သူငယ်ချင်းတွေနဲ့ အပြင်သွားရင် နောက်ကလိုက်ကြည့်တာတို့၊ နာရီဝက်တစ်ခါ ဗီဒီယို call ခေါ်ခိုင်းတာတွေ မလုပ်ပါနဲ့။ ဒီလိုလုပ်ရပ်တွေက သူ့သူငယ်ချင်းတွေကြားထဲမှာ သူ့ရဲ့ roll အောက်စေသလို သူ့ကို မယုံကြည်ရာလဲ ရောက်ပါတယ်။ ဘယ်သူမဆို သူငယ်ချင်းတွေနဲ့ အပြင်သွားရင် ချစ်သူကို အချိန်မပေးချင်ပါဘူး။ တစ်ခါတစ်လေ သူငယ်ချင်းတွေနဲ့ တွေ့တဲ့အချိန် လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်နေချင်ကြမှာပါပဲ။ အရမ်းကြီး မချုပ်ချယ်ပါနဲ့။ သင့်ချစ်သူက စက်ရုပ်မဟုတ်ပါဘူး။

၃။ ရန်ဖြစ်တိုင်း ဖုန်းပိတ်တာတို့၊ ထစ်ခနဲရှိ ပြတ်မယ်ဆိုတာတို့၊ ဟုတ်သည်ရှိ မဟုတ်သည်ရှိ ပြီးပြီးရောပြောတာတို့ အစရှိတဲ့ လုပ်ရပ်တွေ မလုပ်မိပါစေနဲ့။ အရမ်းကလေးဆန်ပါတယ်။ ရန်ဖြစ်တိုင်းကိစ္စတစ်ခုကို ခေါင်းအေးအေးထားပြီး ဖြေရှင်းတာ အကောင်းဆုံးပါပဲ။ အလျှော့ပေးသင့်ရင် အလျှော့ပေးပါ။ အမြဲတမ်းချည်း အနိုင်မလိုချင်ပါနဲ့။ ကြိုးတစ်ကြိုးတောင် နှစ်ဖက်လုံးတင်းနေရင် ပြတ်တတ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်က ချစ်သူတွေပါ။ ရန်သူတွေ မဟုတ်ပါဘူး။

READ
စကားလုံးတွေမပါပဲ အချစ်ကို ဖော်ပြလို့ ရမယ့် နည်းလမ်းများ
Pixabay-Myriams-Fotos

၎။ သင့်ချစ်သူက စိတ်ညစ်နေတယ်ဆိုရင်လည်း အဲဒါတွေမေ့လိုက်စမ်းပါ၊ ဘာမှမဟုတ်တဲ့ကိစ္စကို ဘာတွေတွေးပူနေတာလဲ၊ ခေါက်ထားလိုက်စမ်းပါ အစရှိတဲ့ စကားတွေ မပြောမိပါစေနဲ့။ သင့်ချစ်သူက သူ့မှာ သင်တစ်ယောက်တည်းရှိလို့ သင့်ကိုပဲ တိုင်ပင်နေတာပါ။ သူစိတ်ညစ်နေတဲ့ ကိစ္စကို ငါသာသူ့နေရာမှာဆိုရင် ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ ကိုယ်ချင်းစာစိတ်လေးနဲ့ တွေးပေးပါ။ အစကတည်းက စိတ်ညစ်မခံချင်ရင် ရည်းစားမထားပါနဲ့။ ကောင်းတဲ့ ကိစ္စတွေပဲ အချိန်ပြည့် မလိုချင်နေပါနဲ့။

၅။ တစ်ယောက်နဲ့တစ်ယောက် အတူတူ ရှိနေတဲ့အချိန်တွေမှာ ဖုန်းထိုင်ပွတ်နေတာတွေ၊ ဇာတ်ကားကြည့်နေတာတွေ၊ ဂိမ်းဆော့နေတာမျိုးတွေ မလုပ်ပါနဲ့။ သင်နဲ့အတူတူ နှစ်ယောက်တည်း ဒိတ်ချင်လို့ သင်နဲ့ချိန်းတွေ့နေတာပါ။ ဒီလိုမျိုးတစ်ဖက်လူကို အလေးမထားမိတဲ့ အပြုအမူတွေကို ရှောင်ကြဉ်တာ အကောင်းဆုံးပါပဲ။

Pyi Hein Kyaw

SHARE