ဒရက်ကူလာမြို့စားနေထိုင်ခဲ့တယ်လို့ ယိုးစွပ်ကြတဲ့ ရိုမေးနီးယားက ရဲတိုက်အကြောင်း

ဒရက်ကူလာမြို့စားနဲ့ ဆက်နွယ်မှုရှိတယ်လို့ ကျော်ကြားနေတဲ့ ရိုမေးနီးယားက ဘရန်းရဲတိုက်ဟာ ကမ္ဘာလှည့်ခရီးသွားတွေကြားမှာတော့ အထူးဆွဲဆောင်မှုတစ်ခု ဖြစ်လို့နေပါတယ်။ ရာပေါင်း ထောင်ပေါင်းများစွာသော ခရီးသွားဧည့်သည်တွေနဲ့ စာရွက်စာတမ်းတွေထဲမှာ ဘရန်းရဲတိုက်အကြောင်းကို ရေးသားကြပေမယ့် ရဲတိုက်ဟာ ရာစုနှစ်ပေါင်းများစွာကြာအောင် သူ့ရဲ့ လျို့ဝှက်ချက်တွေကို သိမ်းဆည်းထားဆဲ ဖြစ်ပါတယ်။ ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ဘရန်းရဲတိုက်အကြောင်း လူတွေသိပ်မသိသေးတဲ့ အချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ဝင်ပေါက်ဟောင်း

adventuretransylvania

အခုအခါမှာ ရဲတိုက်ရဲ့ ၀င်ပေါက်ဟာ ခံ့ညားထည်ဝါပြီး မတ်စောက်နေတဲ့ လှေကားထစ်တွေကနေတဆင့် လှပတဲ့ဝက်သစ်ချသား တံခါးရှိရာဆီ ဦးတည်နေပါတယ်။ ဘရန်းရဲတိုက်ဟာ (၁၄) ရာစုတုန်းက တည်ဆောက်ထားခဲ့တဲ့ ရဲတိုက်ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက လေးနဲ့မြှားတွေဟာ လူတွေအတွက် အသက်အန္တရာယ်အရှိဆုံး လက်နက်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရဲတိုက်ရဲ့ ထူထဲလှတဲ့ နံရံကြီးတွေနဲ့တင် ၀င်ပေါက်တံခါးဆီရောက်ဖို့ ခက်ခဲနေပါပြီ။ ဘရန်းရဲတိုက်ရဲ့ ၀င်ပေါက်ဟောင်းကတော့ မြေပြင်ကနေ (၂၅) ပေအမြင့်မှာရှိတဲ့ တံခါးသေးသေးလေး တစ်ချပ်သာဖြစ်ပါတယ်။

ဘုရင်မကြီးရဲ့ အသဲနှလုံး

adventuretransylvania

ဘရန်းရဲတိုက်ဟာ ကနဦးတုန်းက ထရန်ဆဲလ်ဗေးနီးယားနဲ့ ဝေါလချန်နယ်စပ်မှာ ရှိတဲ့ နယ်စပ်ခံတပ်တစ်ခုသာ ဖြစ်ပါတယ်။ (၁၉၂၀) ခုနှစ် ပထမကမ္ဘာစစ်အပြီး ထရန်ဆဲလ်ဗေးနီးယားဟာ ရိုမေးနီးယားရဲ့ ကျန်တဲ့အပိုင်းတွေနဲ့ ပူးပေါင်းပြီးနောက်ပိုင်းမှာတော့ ရဲတိုက်အသွင်ဖြစ်လာခဲ့တာပါ။ ထိုအချိန်တုန်းက ရဲတိုက်ဟာ စွန့်ပစ်ခံထားရပြီး ပျက်စီးလုနီးနီး အခြေအနေ ဖြစ်ခဲ့ပါတယ်။ ၄င်းရဲတိုက်ကို မေရီအမည်ရတဲ့ ဘုရင်မက ပိုင်ဆိုင်ခဲ့ပါတယ်။ ဘုရင်မဟာ သူမရဲ့ တော်ဝင်ဗိသုကာပညာရှင်တွေကို ခေါ်ယူပြီး ရဲတိုက်ကို သူမစိတ်တိုင်းကျပြုပြင်ခဲ့ပါတယ်။ ရဲတိုက်ကို နှစ်သက်လွန်းတဲ့အတွက် သူမသေတဲ့အခါ သူမရဲ့ အသဲနှလုံးကို ခန္ဓာကိုယ်ထဲကနေ နှုတ်ယူပြီး ရဲတိုက်ရဲ့ဘေးမှာ မြှုပ်နှံပေးဖို့ သေတမ်းစာရေးသားခဲ့ပါတယ်။ ရဲတိုက်ရဲ့ အနောက်တောင်ဘက်မှာတော့ ဘုရင်မရဲ့ အရိုးအိုးကို ယနေ့တိုင် တွေ့မြင်နိုင်ပါတယ်။

READ
ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ ဆင်းရဲသားဘ၀မှ ရုရှားသမ္မတ ဖြစ်လာပုံဘ၀ဇာတ်ကြောင်း

လျို့ဝှက်လမ်း

adventuretransylvania

အရင်တုန်းက လျို့ဝှက်လမ်းဖြစ်ခဲ့ပေမယ့် အခုအခါမှာတော့ လျို့ဝှက်လမ်းမဟုတ်တော့ပါဘူး။ ၄င်း လျို့ဝှက်လမ်းဟာ ပထမဆုံးအထပ်နဲ့ တတိယအထပ်ကို ချိတ်ဆက်ပေးတဲ့ လမ်းကြောင်းဖြစ်ပါတယ်။ ၄င်းဟာ နံရံတွင်းမှာ တည်ဆောက်ထားတဲ့ မလွယ်ပေါက် လိုဏ်ခေါင်းဖြစ်ပြီး ရဲတိုက်အရာရှိတွေက အရေးပေါ်အခြေအနေတွေမှာ အသုံးပြုပါတယ်။ ၄င်းမလွယ်ပေါက်ကို (၁၉၂၀) ခုနှစ်မှာ မေရီဘုရင်မက ရဲတိုက်ကို ပြန်လည်ပြုပြင်တဲ့အခါကျမှ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ထိုစဉ်က ရဲတိုက်အခန်းတစ်ခန်းထဲမှာရှိနေတဲ့ မီးလင်းဖိုဟောင်းကို ဖယ်ရှားဖို့ ပြင်ဆင်ရာက မထင်မှတ်ပဲ မီးလင်းဖိုနောက်မှာ လိုဏ်ခေါင်းကျဉ်းကျဉ်းလေးတစ်ခုကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ရေတွင်း

adventuretransylvania

ရေတွင်းတွေဟာ အလယ်ခေတ်ရဲတိုက်တွေအတွက် အရေးကြီးပါတယ်။ ဒါပေမယ့် ဘရန်းရဲတိုက်ဟာ တောင်စွန်းတစ်ခုပေါ်မှာရှိလို့ ရေတွင်းဆောက်လုပ်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါကြောင့် ထိုစဉ်က ရဲတိုက်ထဲ ရေရဖို့အတွက် အလုပ်သမားတွေဟာ မာကျောလှတဲ့ ကျောက်သားတွေကို ဖြတ်ပြီး ပေ(၆၀) အနက်ထိ ရေထွက်အောင် ရေတွင်းတူးရပါတယ်။ တဖန် ရေထဲမရောက်ခင် ပေအနည်းငယ်လောက်မှာ အခန်းတစ်ခန်းကို ဖန်တီးပြီး လျို့ဝှက်ပုန်းခိုရာနေရာအဖြစ် တည်ဆောက်ထားခဲ့ပါတယ်။ မေရီဘုရင်မလက်ထဲရောက်တဲ့အခါ ရေတွင်းထဲမှာ ဆောက်လုပ်ထားတဲ့ ၄င်းအခန်းကိုပဲ ပြန်လည်ချဲ့ထွင်ပြီး ရဲတိုက်ရဲ့ အောက် ပေ(၃၀)အရှည်ရှိတဲ့ လိုဏ်ခေါင်းကို ထပ်မံချဲ့ထွင်ခဲ့ပါတယ်။

READ
ဇက်ကြောတက်ခြင်းကို တာ့တာပြနှုတ်ဆက်နိုင်မယ့်သိကောင်းစရာများ

ဘရန်းရဲတိုက်ဟာ ဒရက်ကူလာ ရဲတိုက်လား?

adventuretransylvania
adventuretransylvania

သမိုင်းအထောက်အထားတွေအရ ဘရန်းရဲတိုက်ဟာ ဒရက်ကူလာရဲ့ ရဲတိုက် မဟုတ်ဘူးလို့ ဆိုပါတယ်။ ဘရန်းရဲတိုက်ကို ဒရက်ကူလာမြို့စားရဲ့ အဆိုးဝါးဆုံးရန်သူတော်တွေဖြစ်တဲ့ ထရန်ဆဲလ်ဗေးနီးယားက ဆက်ဇွန်လူမျိုးတွေ ပိုင်ဆိုင်ခဲ့တယ်ဆိုတဲ့အကြောင်းကို သမိုင်းထဲမှာ သေချာမတွေ့ရပါဘူး။ ဒါကြောင့်လည်း လူတွေ ထင်ကြတာက ဒရက်ကူလာဟာ ဆက်ဇွန်တွေကို မုန်းတာကြောင့် သူတို့ကို ညှင်းပန်းနှိပ်စက်သတ်ဖြတ်ပြီး ရဲတိုက်ကို လုယူခဲ့တယ်ဆိုပြီးတော့ပါ။ (၁၄၆၂) ခုနှစ်မှာ ဟန်ဂေးရီးယန်းဘုရင် မာသီးယက်စ်ကော်ဗင်ဟာ ဒရက်ကူလာကို ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးပြီးနောက် ဘရန်းရဲတိုက်ထဲမှာပဲ အချိန်အတော်ကြာအောင် အကျဉ်းချထားခဲ့တာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ထို့နောက် ဒရက်ကူလာမြို့စားကို ဘူးဒါးပက်စ်နားမှာရှိတဲ့ အကျဉ်းထောင်တစ်ခုကို လွှဲပြောင်းခဲ့ကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

Ref: adventuretransylvania

SHARE