သင့်အသည်းမှာ အဆိပ်အတောက်တွေပြည့်နေပြီ ဖော်ပြနေတဲ့ အချက်(၅)ချက်

Pixabay-www_slon_pics

လူတစ်ယောက်ရဲ့ ကျန်းမာရေးဟာ အရမ်းကို အရေးကြီးပါတယ်။ လူတော်တော်များများဟာ များသောအားဖြင့် လူမှုရေးကိစ္စတွေ၊ စီးပွားရေးကိစ္စတွေ၊ မိသားစုကိစ္စတွေနဲ့ ပတ်သတ်ပြီး အချိန်ကုန်နေကာ ကိုယ့်ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးကို သတိမေ့နေတတ်ကြပါတယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုခုဖြစ်နေတာတို့၊ နာကျင်တဲ့ ဝေဒနာတွေ ခံစားနေရရင်တောင်မှ အချိန်တန်ရင် ပျောက်သွားမှာပဲဆိုပြီး လျစ်လျူရှု့နေတတ်ကြပါတယ်။ ဒါဟာလုံးဝမကောင်းပါဘူး။ ကိုယ့်ခန္ဓာကိုယ်မှာရှိတဲ့ အဆုတ်၊ နှလုံး၊ အသည်း အစရှိတဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အိုင်းတွေက ကောင်းကောင်း အလုပ်မလုပ်တော့ရင် ခန္ဓာကိုယ်အတွက် ရေရှည်မှာ မကောင်းပါဘူး။ ဒါ့ကြောင့် ကိုယ့်ရဲ့ အသည်းမှာ အဆိပ်တွေနဲ့ပြည့်နေပြီဆိုရင် သိသာစေနိုင်တဲ့ အချက် ၅ ချက်ကို Shwemom ပရိသတ်ကြီးသိအောင် ဝေမျှပေးချင်ပါတယ်။

Pixabay-derneuemann

၁။ ဝမ်းဗိုက်နားတစ်ဝိုက်မှာ နာကျင်နေခြင်း

အသည်းဆိုတာ လူတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် အရမ်းအရေးပါပါတယ်။ တစ်ကယ်လို့ သင့်ရဲ့ အသည်းမှာ အဆိပ်အတောက်တွေ ပြည့်နေပြီ ဒါမှမဟုတ် အသည်းဟာ ကောင်းကောင်းအလုပ်မလုပ်တော့ဘူးဆိုရင် သင်ဝမ်းဗိုက်ညာဖက်အပေါ်ပိုင်းဟာ ထိလိုက်တာနဲ့ကို နာကျင်နေပါလိမ့်မယ်။ တစ်ကယ်လို့ အဲဒီလိုနာကျင်နေပြီဆိုရင်တော့ ဆရာဝန်တစ်ယောက်နဲ့ အမြန်ဆုံးတိုင်ပင်ပြီး ကုသမှုခံယူသင့်ပါတယ်။

READ
စနစ်တကျ ဒိုက်ထိုးနည်း (များသောအားဖြင့်မှားနေကြပါတယ်)

၂။ ခြေချင်းဝတ်နဲ့ အဆစ်အမြစ်တွေ ရောင်ရမ်းကိုက်ခဲနေခြင်း

အသည်းမကောင်းရင်ပဲဖြစ်ဖြစ်၊ အသည်းထဲမှာ အဆိပ်အတောက်တွေ ပြည့်နေရင်ပဲဖြစ်ဖြစ် အသည်းနဲ့ ဆက်သွယ်ထားတဲ့ သွေးပြန်ကြော အများစုဟာ သွေးပေါင်ချိန်မြင့်တက်လာတတ်ပါတယ်။ အဲဒီလိုအချိန်တွေကျရင် ခန္ဓာကိုယ်မှာရှိတဲ့ အဆစ်အမြစ်တွေဟာ ကိုက်ခဲနေတတ်ပြီး ခြေကျင်းဝတ်တွေဟာလည်း ရောက်ရမ်းနေတတ်ပါတယ်။

Pixabay-mojzagrebinfo

၃။ စားချင်သောက်ချင်စိတ်တွေ ပျောက်ဆုံးလာခြင်း

အသည်းမကောင်းတဲ့ လူအများစုရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အစာခြေဖျက်တဲ့ စနစ်တွေဟာ ကောင်းကောင်းအလုပ်မလုပ်တော့သလို အဲဒီလူဟာ ဘာစားစားအရသာမရှိတော့တာတွေ ဖြစ်လာတတ်ပါတယ်။ ပြီးတော့ အသည်းမကောင်းတဲ့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ အစောဆုံးပြတတ်တဲ့ လက္ခဏာကတော့ စားချင်သောက်ချင်စိတ်တွေ ပျောက်ဆုံးလာတတ်တာပဲ ဖြစ်ပါတယ်။

၎။ ရုတ်တရက် ဝိတ်တက်လာခြင်း

လူတစ်ယောက်ရဲ့ အသည်းဟာ မကောင်းတော့ဘူးဆိုတဲ့ အဓိပ္ပာယ်ကတော့ အဲဒီအသည်းထဲမှာ အဆိပ်အတောက်တွေ ပြည့်နှက်နေလို့ပါပဲ။ ဒီလို အဆိပ်အတောက်တွေများလာတဲ့ အခါမှာတော့ အသည်းဟာ သူ့ဟာသူ အဆိုပါအဆိပ်အတောက်တွေကို မဖယ်ရှားနိုင်တော့ပဲ အဲဒီအသည်းထဲမှာရှိတဲ့ အဆိပ်အတောက်တွေကို fat cells တွေက သိုလှောင်လိုက်ပါတော့တယ်။ ဒါ့ကြောင့် တစ်ခဏလေးအတွင်းမှာ လူတစ်ယောက်ဝိတ်တက်လာရင် အသည်းဆရာဝန်နဲ့ သေသေချာချာ ပြသင့်ပါတယ်။

READ
အိပ်ယာဝင်ခါနီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ချင်ရင် ဒါတွေလုပ်ပါ
Pixabay-AdinaVoicu

၅။ အရေပြားနဲ့ မျက်လုံးတွေဝါလာခြင်း

ခန္ဓာကိုယ်ထဲမှာရှိတဲ့ အသည်းမှာ အဆိပ်အတောက်တွေ ပြည့်လာတဲ့ အချိန်ဆိုရင် သွေးနီဥတွေဟာ အသည်းထဲမှာ ကောင်းကောင်းအလုပ်မလုပ်နိုင်တော့ပဲ bilirubin လို့ ခေါ်တဲ့ အဝါရောင်ဆဲလ်တွေ ဖြစ်ပေါ်လာစေတတ်ပါတယ်။ ဒီအဝါရောင်ဆဲလ်တွေဟာ အသည်းကနေ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားတတ်ပြီး နောက်ဆုံးမှာတော့ အရေပြားနဲ့ မျက်လုံးဝါတာတွေကို ဖြစ်လာစေတတ်ပါတယ်။

Pyi Hein Kyaw

SHARE