
အိန္ဒိယနိုင်ငံရဲ့ နံပါတ် ၁ Youtuber အမျိုးသားတစ်ဦးဖြစ်တဲ့ CarryMinati ကိုတော့ လူငယ်ပရိသတ် အများစု သိရှိကြပြီး ဖြစ်မှာပါ။ CarryMinati ဟာ အိန္ဒိယနိုင်ငံမှာသာမက Youtuber လောကမှာပါ ထင်ရှားကျော်ကြားတဲ့ Youtuber တစ်ဦးဖြစ်ပါတယ်။ ဒီလိုမျိုး လူသိများရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ CarryMinati တင်တဲ့ ဗီဒီယိုတိုင်းလိုလိုဟာ လူတွေကို အမြဲလိုလို entertaining ဖြစ်စေပြီး ပြုံးပျော်စေလို့ပဲ ဖြစ်ပါတယ်။ သူ့ကိုကြည့်လိုက်မယ်ဆိုရင်လည်း အမြဲလိုလို မျက်နှာက ပြုံးရွှင်နေပြီး တင်သမျှ ဗီဒီယိုတိုင်းကလည်း တော်တော်လေး creative ဖြစ်တာကြောင့် လူကြိုက်များတဲ့ Youtuber တစ်ယောက်အဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ Shwemom ပရိသတ်ကြီးကို CarryMinati အကြောင်း စိတ်ဝင်စားဖွယ် အချက် ၅ ချက်ကို ဝေမျှပေးချင်ပါတယ်။
၁။ CarryMinati ရဲ့ နာမည်အရင်းကတော့ Ajey Nagar ပဲ ဖြစ်ပါတယ်
View this post on Instagram
CarryMinati ရဲ့ နာမည်ကတော့ Ajey Nagar ဖြစ်ပြီး အိန္ဒိယနိုင်ငံ၊ Faridaba မြို့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ Ajey ဟာ ငယ်ငယ်လေးကတည်းက ဟာသဇာတ်ကားတွေ ကြည့်ရတာနဲ့ ဗီဒီယိုဂိမ်းကစားရတာကို တော်တော်လေး ကြိုက်နှစ်သက်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ အသက် ၂၁ နှစ်ရှိပြီဖြစ်တဲ့ Ajey ဟာ အသက် ၁၀ နှစ်သား အရွယ်မှာကတည်းက သူ့ရဲ့ ပထမဦးဆုံး ဗီဒီယိုဖိုင်ကို Youtube မှာ တင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် Ajey ဟာ ကျောင်းစာမေးပွဲဖြေရမှာ ကြောက်တာကြောင့် ၁၁ နှစ်မှာပဲ ကျောင်းထွက်ခဲ့တာ ဖြစ်ပါတယ်။
၂။ Ajey ရဲ့ Youtube channel မှာ Subscriber ပေါင်း ၂၈ သန်းကျော် ရှိပါတယ်
Ajey ရဲ့ ကိုယ်ပိုင် Youtube channel နာမည်ကတော့ CarryMinati ဖြစ်ပြီး subscriber ပေါင်း ၂၈.၃ သန်းကို ပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် Ajey ရဲ့ ကြည့်ရှု့သူအများဆုံး ဗီဒီယိုကတော့ viewers ပေါင်း ၂၀၁ သန်းကျော်အထိတောင် ရှိနေခဲ့တာ ဖြစ်ပါတယ်။
၃။ Ajey ဟာ အမြဲလိုလို Entertaining ဖြစ်စေတဲ့ ဗီဒီယိုတွေကို တင်တာကြောင့် လူကြိုက်များတာ ဖြစ်ပါတယ်
Ajey ရဲ့ ဗီဒီယိုတွေကို ကြည့်လိုက်မယ်ဆိုရင် ဘယ်တော့မှာ ရိုးရတယ်ဆိုတာ မရှိပါဘူး။ ဟာသဇာတ်ကားတွေကိုကြည့်ရှု့ရတာ ကြိုက်နှစ်သက်သူ တစ်ယောက်ပီပီ သူတင်တဲ့ Reaction ဗီဒီယိုတွေ၊ ဟာသဇာတ်လမ်းအတိုလေးတွေက လူတွေကို တော်တော်လေး သဘောကျ နှစ်ခြိုက်စေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗီဒီယိုထဲမှာလည်း ဟိန္ဒူဘာသာစကားနဲ့ပြောပြီး Eng subtitle တပ်ပေးထားတာကြောင့် ပြည်တွင်းပြည်ပ ပရိသတ်ပေါင်းများစွာကို ရရှိထားတဲ့ Youtuber တစ်ယောက် ဖြစ်ပါတယ်။
၎။ Ajey ရဲ့ ဝါသနာကတော့ ဂိမ်းကစားတာနဲ့ သီချင်းဆိုတာတွေပဲ ဖြစ်ပါတယ်
Ajey ဟာ သူ့ရဲ့ ကိုယ်ပိုင် နောက်ထပ် Youtube channel တစ်ခုဖြစ်တဲ့ CarryisLive မှာဆိုရင်လည်း သူဆော့တဲ့ ဂိမ်းတွေကို အမြဲလိုလို live streaming လွှင့်ပေးသူတစ်ယောက် ဖြစ်ပြီး သူ့ဘဝရဲ့ အချိန်တော်တော်များများကို ဂိမ်းဆော့ပြီးပဲ ဖြတ်သန်းချင်ကြောင်း အင်တာဗျူးတွေမှာ မကြာခဏ ပြောလေ့ရှိပါတယ်။ ဒါ့အပြင် Ajey ဟာ ရက်ပ်သီချင်းတွေကို သီဆိုရတာ ကြိုက်နှစ်သက်တဲ့ Rap artist တစ်ယောက်ဆိုလည်း မမှားပါဘူး။
၅။ Ajey ဟာ Hollywood နာမည်ကြီး သရုပ်ဆောင်တစ်ချို့နဲ့ အင်တာဗျူးလုပ်ခဲ့ဖူးပါတယ်
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာတုန်းက Ajey ဟာ Mission Impossible: Fall Out ဇာတ်ကားရဲ့ သရုပ်ဆောင်တွေဖြစ်ကြတဲ့ Tom Cruise နဲ့ Henry Cavill တို့ကို ဇာတ်ကားအကြောင်း အင်တာဗျူး လုပ်ခဲ့ဖူးပါတယ်။ Ajey ဟာ ဒီလိုမျိုး Hollywood ရုပ်ရှင်လောကရဲ့ ထိပ်တန်းမင်းသားမင်းသမီးနှစ်ယောက်ကို ပထမဦးဆုံး အင်တာဗျူးလုပ်ဖူးတဲ့ အိန္ဒိယနိုင်ငံရဲ့ ပထမဦးဆုံးသော Youtuber တစ်ယောက်ပဲ ဖြစ်ပါတယ်။
Pyi Hein Kyaw