Marvel ရဲ့ ဥက္ကဌ Kevin Feige အကြောင်း သင်မသိသေးတဲ့ စိတ်ဝင်စားဖွယ် အချက်(၅)ချက်

[email protected] kevinfiegefan53 [email protected]

ဒီဘက်ခေတ် လူငယ်အများစုကတော့ Marvel က ရိုက်ကူးတင်ဆက်တဲ့ စူပါဟီးရိုးတွေကို တော်တော်များများ နှစ်သက်သဘောကျကြမယ်လို့ ထင်ပါတယ်။ Captain America, Thor, Iron Man, Black Widow အစရှိတဲ့ စူပါဟီးရိုးတော်တော်များများဟာ လူငယ်တွေရဲ့ အကြိုက်ဆုံး စူပါဟီးရိုးတွေဖြစ်သလို Marvel က ထွက်ရှိတဲ့ စူပါဟီးရိုးဇာတ်ကားတွေကလည်း များသောအားဖြင့် ဇာတ်ကားတစ်ခုနဲ့တစ်ခု မရိုးနိုင်အောင်ပါပဲ။ ဒီစူပါဟီးရိုးတွေရဲ့ နောက်ကွယ်က ဖန်တီးသူဘယ်သူလဲဆိုတာကိုတော့ ပရိသတ်အများစုက သိရှိကြပြီး ဖြစ်သလို မသိသေးတဲ့ ပရိသတ်တွေလည်း ရှိကြမှာပါ။ သူကတော့ Marvel ရဲ့ ဥက္ကဌ တစ်ယောက်ဖြစ်သူ Kevin Feige ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် Kevin Feige နဲ့ ပတ်သတ်ပြီး ပရိသတ်တော်တော်များများ မသိကြသေးတဲ့ အကြောင်းအရာ ၅ ခုကို Shwemom ပရိသတ်ကြီးသိအောင် ပြောပြချင်ပါတယ်။

 

 

View this post on Instagram

 

You better have watched every MCU film in the franchise

A post shared by Kevin Feige (@kevinfiegefan53) on

၁။ Kevin ရဲ့ အဖိုးဟာ တစ်ချိန်တုန်းက နာမည်ကြီးထုတ်လုပ်သူတစ်ယောက်ပါပဲ

Kevin ရဲ့ အဖိုးဖြစ်သူ Robert E. Short ဟာ တစ်ခေတ်တစ်ခါတုန်းက နာမည်အရမ်းကြီးခဲ့တဲ့ အော်ပရာပြဇာတ်ထုတ်လုပ်သူတစ်ဦးပဲ ဖြစ်ပါတယ်။ Kevin ဟာ လည်း ငယ်ငယ်လေးကတည်းက comics စာအုပ်တွေကို အရူးအမူးဖတ်ခဲ့ပြီး Marvel Studios ရဲ့ CEO ဖြစ်လာခဲ့တဲ့ အချိန်မှာတော့ သူ့ရဲ့ ဇာတ်ညွှန်းတွေဟာလည်း ဒီ comics စာအုပ်တွေပေါ်မှာ အခြေခံပြီး ပရိသတ်အကြိုက်ကို သိနေတာကတစ်ကြောင်း၊ အနုပညာသွေးပါလာတာကတစ်ကြောင်း အစရှိတာတွေကြောင့် Marvel Studios ဟာ Kevin တစ်ယောက် ဥက္ကဌ ဖြစ်တဲ့အချိန်မှာ တော်တော်လေးကို အောင်မြင်ကျော်ကြားခဲ့ပါတယ်။

READ
Fan Meeting ပွဲမှာ တွေ့ရတဲ့ Jimin ရဲ့ အမူအယာလေးတွေကြောင့် မြင်သူတိုင်း ကြွေခဲ့

၂။ ၁၉၉၈ ခုနှစ်ကတည်းက Marvel Studios  မှာ အလုပ် ဝင်လုပ်ခဲ့တာ ဖြစ်ပါတယ်

Kevin တစ်ယောက်ဟာ ၁၉၉၈ ခုနှစ်ကတည်းက Marvel မှာ အလုပ်သင်ဘဝနဲ့ ဝင်ရောက်လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်မတိုင်ခင်ကတည်းက Kevin ဟာ Marvel ရဲ့ Big Fan တစ်ဦး ဖြစ်ခဲ့ပြီး Marvel က ထွက်ရှိတဲ့ Comic စာအုပ်တိုင်းကို ရူးရူးမူးမူး ဖတ်လေ့ရှိတဲ့ သူတစ်ဦးဖြစ်ပါတယ်။ Kevin အလုပ်စလုပ်တုန်းကတော့ DC ဟာ တော်တော်လေးကို အောင်မြင်ကျော်ကြားတဲ့ Entertainment တစ်ခု ဖြစ်ပါတယ်။

 

 

View this post on Instagram

 

A post shared by Kevin Feige (@feigekev) on

၃။ ၂၀၀၀ ခုနှစ်မှာတော့ Marvel Studios ဟာ Kevin ကို ပရိုဂျူဆာအဖြစ် ကမ်းလှမ်းခဲ့ပါတယ်

Marvel ရဲ့ comic စာအုပ်တိုင်းကို သည်းကြီးမည်းကြီး ဖတ်တဲ့ ပရိသတ်တစ်ယောက်ဖြစ်တဲ့ Kevin ဟာ အမြဲလိုလို သူမတူတဲ့ အိုင်ဒီယာအသစ်အဆန်းတွေကို Marvel က လူကြီးတွေထံ တင်ပြနိုင်သူတစ်ဦး ဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့် Kevin ရဲ့ တွေးခေါ်နိုင်မှုနဲ့ အရည်အချင်းတွေကို သဘောကျတာကြောင့် နောက်ဆုံးမှာ Marvel က တာဝန်ရှိ လူကြီးတွေဟာ Kevin ကို ပရိုဂျူဆာအဖြစ် လုပ်ကိုင်ခိုင်းခဲ့ပြီး အဲဒီနောက်ပိုင်းမှ Marvel Studios ရဲ့ စူပါဟီးရိုးတွေကို လူတော်တော်များများ ကြိုက်နှစ်သက်လာခဲ့တာပဲ ဖြစ်ပါတယ်။

READ
အကယ်ဒမီပေးပွဲနဲ့ပတ်သက်ပြီး ထင်မြင်ချက်ကို ပြောလိုက်တဲ့ မင်းမော်ကွန်း

၎။ Kevin ဟာ ၂၀၀၇ ခုနှစ်မှာတော့ Marvel Studios ရဲ့ ဥက္ကဌ ဖြစ်လာခဲ့ပါတယ်

Marvel ရဲ့ လူကြီးတွေဟာ Kevin ရဲ့ အရည်အချင်းနဲ့ လုပ်ကိုင်နိုင်စွမ်းကို သတိထားခဲ့မိကြပြီး နောက်ဆုံးမှာတော့ Marvel Studios ရဲ့ CEO တစ်ယောက်အဖြစ် ယုံကြည်စွာ အပ်နှံခဲ့ပါတယ်။ အဲဒီနောက်ပိုင်းက ထွက်တဲ့ စူပါဟီးရိုးဇာတ်ကားတွေကတော့ Marvel ရဲ့ အပေါက်ဆုံး စူပါဟီးရိုးဇာတ်ကားတွေ ဖြစ်လာခဲ့သလို အရမ်းကို လူကြိုက်များတဲ့ စူပါဟီးရိုးအသစ်တွေကို မွေးထုတ်ပေးနိုင်ခဲ့တာဆိုရင်လည်း မမှားပါဘူး။

 

 

View this post on Instagram

 

A post shared by Kevin Feige (@feigekev) on

၅။ Kevin ဟာ အနုပညာကျောင်းတစ်ကျောင်းကို ၅ ကြိမ်တိုင်တိုင်လျှောက်ခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်

Kevin ဟာ Marvel ရဲ့ ဥက္ကဌ ဖြစ်တဲ့အချိန်မှာတော့ Southern California ရှိ Cinematic Arts University ကို သွားရောက်တက်ချင်ခဲ့ပါတယ်။ ဘာကြောင့်လို့လဲဆိုတော့ အဆိုပါ တက္ကသိုလ်မှာ သူအရမ်းကို လေးစားပြီး အားကျရတဲ့ Ron Howard, George Lucas, Robert Zemeckis တို့လို နာမည်ကြီး ဒါရိုက်တာတွေကိုယ်တိုင် သင်ကြားပေးလို့ပါပဲ။ ဒါပေမယ့် အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ Kevin ကို အဆိုပါ အနုပညာတက္ကသိုလ်က ၅ ကြိမ်တိုင်တိုင်း ပယ်ချခဲ့ပါတယ်။

Pyi Hein Kyaw

SHARE